What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရုံးပိတ်ရက်ရှည် ကြာသပတေး သောကြာ အချိန်ပို (Overtime) ကိစ္စ

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

MYANMAR GARMENT MANUFACTURERS ASSOCIATION
NO 29. MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR a: 95-1-230)255,09-492871 84 Fax: 95-1-2314829 E-mail: This email address is being protected from spambots. You need JavaScript enabled to view it.

စာအမှတ်။ ။ ၀၀၅ / အထခ / ၂၀၂၀ (၀၉၂၆ )

ရက်စွဲ ။ ။ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်

 

 

သို့

    အသင်းဝင် CMP စက်ရုံ/ကုမ္ပဏီများအားလုံး

 

အကြောင်းအရာ။ ။ အချိန်ပို (Overtime) ကိစ္စအကြောင်းကြားခြင်း။

 

၁။ ၂၉.၁၀.၂၀၂၀ (ကြာသပတေးနေ့) မှ ၂.၁၁.၂၀၂၀ (တနင်္လာနေ့) အထိ သီတင်းကျွတ်ရုံးပိတ်ရက် (၅)ရက် ဖြစ်ပါ သဖြင့် ယင်းပိတ်ရက်(၅)ရက်အတွင်း အထည်ချုပ်အသင်းဝင် စက်ရုံ/ကုမ္ပဏီများ အနေဖြင့် အရေးတကြီး သွင်းကုန်/ပို့ ကုန် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းသည် အကောက် ခွန်ဦးစီးဌာနနှင့် အချိန်ပို (Overtime) ကိစ္စအား ညှိနှိုင်းဆောင်ရွက်ထားရှိပါသည်။

 

၂။ CMP သွင်းကုန်/ပို့ကုန်လုပ်ငန်းစဉ်များအား နံနက် (၉း၃၀)နာရီ မှ နေ့လည် (၂း၀၀)နာရီ အထိ၊ ၂၉.၁၀.၂၀၂၀ (ကြာသပတေးနေ့) တွင် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ၊ ဆိပ်ကမ်းရှင်းလင်းရေးလုပ်ငန်းများနှင့် ၃၀.၁၀.၂၀၂၀ (သောကြာနေ့) တွင် ဆိပ်ကမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

၃။ ထို့ကြောင့် အသင်းဝင်စက်ရုံများ သိရှိနိုင်ရန်အတွက် အသိပေးအကြောင်းကြားအပ်ပါသည်။

 

( ခိုင်ခိုင်နွယ် ) အထွေထွေအတွင်းရေးမှူး

 

No description available.

Read 694 times
Rate this item
(0 votes)