What's new

×

Warning

JUser: :_load: Unable to load user with ID: 845

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR # : 95-1-230253,09-49287184 Fax: 95-1-2314829

E-mail: This email address is being protected from spambots. You need JavaScript enabled to view it.

 

စာအမှတ်။ ။ ၀၀၅/အထခ/၂၀၂၀ ( ၁၁၁၉ )

ရက်စွဲ ။ ။ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်

သို့

အသင်းဝင် CMP စက်ရုံ/ကုမ္ပဏီများအားလုံး

 

အကြောင်းအရာ။ ။ သွင်းကုန်လိုင်စင်အတွက် လိုအပ်သော ထောက်ခံချက်များအား ၂၇.၁၂.၂ဝ၂ဝရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားကြရန် အကြောင်းကြားခြင်း။

 

ရည်ညွှန်းချက် ။ ။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏၂၂.၁၂.၂၀၂၀ ရက်စွဲပါ စာအမှတ်၊ကသရ(ဦး)နည်းပညာ/၂၀၂၀-၂၀၂(၁၄၉၆)

 

၁။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ CMP သွင်း ကုန်လိုင်စင်များကို Fully Online System ဖြင့် ထောက်ခံချက် ပေးလျှက်ရှိပါသည်။

 

၂။ ယခုအခါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ၅.၁.၂၀၂၁ ရက်နေ့မှ စတင်ကာ သွင်းကုန်လိုင်စင်များအား Myqnmar Tradenet 2.0 စနစ်သို့ ပြောင်းလဲ အသုံးပြုသွားမည်ဖြစ်သောကြောင့် လက်ရှိစနစ်အဟောင်းအတွင်း ဝင်ရောက်လာသော ထောက်ခံချက်များအား ၂၉.၁၂.၂၀၂၀၊ ညနေ (၅း၀၀)နာရီအထိသာ လက်ခံသွားမည်ဖြစ်ကြောင်း အကြောင်းကြားလာပါသည်။

 

၃။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် အသင်းဝင် CMPစက်ရုံများ မှ လျှောက်ထား လာသော ထောက်ခံချက်များကို စစ်ဆေးရန်အချိန်လည်း ရှိပါသောကြောင့် CMPစက်ရုံများအနေဖြင့် သွင်းကုန် လိုင်စင်ရရှိရန်အတွက် ထောက်ခံချက်များအား ၂၇.၁၂.၂၀၂၀ (တနင်္ဂနွေနေ့) ည (၁၂ဝဝ)နာရီ နောက်ဆုံးထား၍လျှောက်ထားကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

 

၄။ အကယ်၍ မေးမြန်းလိုသည်များရှိပါက ဖုန်းနံပါတ် ၀၉-၄၄၃၃၉၉၄၄၁,၀၉-၂၅ဝဝဝ၁၃၀၄, ၀၁၂၃၁၄၈၂၉ , ၀၁-၂၃၀ဝ၂၅၃ သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

မှတ်ချက်။ ။ ထောက်ခံချက်များအား MGMA System 3.0 စနစ်အသစ်ဖြင့် ပြန်လည် လျှောက်ထားရမည့်နေ့ရက်အား ထပ်မံအကြောင်းကြားပေးမည်ဖြစ်ပါသည်။

No photo description available.

 


#Myanmar Garment Manufacturers Association

Published in Local Industry

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

MYANMAR GARMENT MANUFACTURERS ASSOCIATION
NO 29. MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR a: 95-1-230)255,09-492871 84 Fax: 95-1-2314829 E-mail: This email address is being protected from spambots. You need JavaScript enabled to view it.

စာအမှတ်။ ။ ၀၀၅ / အထခ / ၂၀၂၀ (၀၉၂၆ )

ရက်စွဲ ။ ။ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်

 

 

သို့

    အသင်းဝင် CMP စက်ရုံ/ကုမ္ပဏီများအားလုံး

 

အကြောင်းအရာ။ ။ အချိန်ပို (Overtime) ကိစ္စအကြောင်းကြားခြင်း။

 

၁။ ၂၉.၁၀.၂၀၂၀ (ကြာသပတေးနေ့) မှ ၂.၁၁.၂၀၂၀ (တနင်္လာနေ့) အထိ သီတင်းကျွတ်ရုံးပိတ်ရက် (၅)ရက် ဖြစ်ပါ သဖြင့် ယင်းပိတ်ရက်(၅)ရက်အတွင်း အထည်ချုပ်အသင်းဝင် စက်ရုံ/ကုမ္ပဏီများ အနေဖြင့် အရေးတကြီး သွင်းကုန်/ပို့ ကုန် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းသည် အကောက် ခွန်ဦးစီးဌာနနှင့် အချိန်ပို (Overtime) ကိစ္စအား ညှိနှိုင်းဆောင်ရွက်ထားရှိပါသည်။

 

၂။ CMP သွင်းကုန်/ပို့ကုန်လုပ်ငန်းစဉ်များအား နံနက် (၉း၃၀)နာရီ မှ နေ့လည် (၂း၀၀)နာရီ အထိ၊ ၂၉.၁၀.၂၀၂၀ (ကြာသပတေးနေ့) တွင် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ၊ ဆိပ်ကမ်းရှင်းလင်းရေးလုပ်ငန်းများနှင့် ၃၀.၁၀.၂၀၂၀ (သောကြာနေ့) တွင် ဆိပ်ကမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

၃။ ထို့ကြောင့် အသင်းဝင်စက်ရုံများ သိရှိနိုင်ရန်အတွက် အသိပေးအကြောင်းကြားအပ်ပါသည်။

 

( ခိုင်ခိုင်နွယ် ) အထွေထွေအတွင်းရေးမှူး

 

No description available.

Published in Local Industry

Search Articles