What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျိုးပင်စီမံကိန်းမှ သင်တန်းသား ၂၅၀ ခန့်ကို ၁ဝလအတွင်း အလုပ်ရှာပေးနိုင်ဟုဆို

ထောက်ပံ့ကြေးပေး ကာအထည်ချုပ်သင်တန်းပေးနေ သည့် ပျိုးပင်စီမံကိန်းမှ ၁၀ လအ တွင်းသင်တန်းသား ၂၅၀ ခန့်ကို အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့ ကြောင်းယင်းစီမံကိန်းတာဝန်ခံ ဒေါ်ကြွယ်ဖြိုးဖြိုးအေးက ပြော သည်။

အဆိုပါသင်တန်းကို အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် ပျိုးပင်စီမံကိန်းအဖွဲ့တို့ပူး ပေါင်းကာ ၂၀၁၇ စက်တင်ဘာက စတင်ဖွင့်လှစ်ခဲ့သည်။

ယခုနှစ် ဇူလိုင်ကပြီးစီး ခဲ့သည့် သင်တန်းအပတ်စဉ် (၈)အထိမွေးထုတ်နိုင်ခဲ့သည့် သင် တန်းသား ၂၅၈ ဦးရှိကာအထည် ချုပ်စက်ရုံများနှင့် ချိတ်ဆက်၍ အလုပ်သွင်းနိုင်ခဲ့သူ ၂၄၈ ဦးရှိ ကြောင်း ဒေါ်ကြွယ်ဖြိုးဖြိုးအေးက ဆိုသည်။

အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်းမှာ အထည်ချုပ် ဆရာဖြစ်သင်တန်းအခမဲ့ဖွင့်လှစ်ပေးနေ

‘‘ဒီနေ့အချိန်အထိ ကျွန်မတို့ နဲ့ချိတ်ဆက်ထားတဲ့ အထည်ချုပ် စက်ရုံ ၁၅ ခုလောက်ရှိနေပါပြီ။ စက်ရုံတွေကနေသင်တန်းပြီးဆုံး အောင်မြင်တဲ့ အလုပ်သမားတွေ ကို လက်ခံခန့်အပ်သွားဖို့အဆင် သင့်ရှိတာကြောင့် သင်တန်းသား တွေအလုပ်အကိုင်ရရှိဖို့ကိုတော့ စိုးရိမ်စရာမရှိပါဘူး’’ ဟု ၎င်းက ပြောသည်။

ပျိုးပင်အထည်ချုပ် သင် တန်းသည် သင်တန်းတက်ရောက် သူများကို နေ့စဉ်ထောက်ပံ့စရိတ် တစ်ဦးလျှင် ကျပ် ၁,၈၀၀ ပေး ကာ နယ်မှလာရောက်သင်တန်း တက်ရောက်သူများအတွက် အ ဆောင်နေရာပေးရန်လည်း စီစဉ် နေကြောင်းဆိုသည်။

ပျိုးပင်စီမံကိန်းအဖွဲ့သည် ၂ နှစ်အတွင်းသင်တန်းသား ၅,၀၀၀ ကျော် မွေးထုတ်ပေးနိုင်ရန် လျာထားလုပ်ဆောင်နေသည်။

ယင်းအဖွဲ့အနေဖြင့် သင် တန်းဖွင့်လှစ်ခြင်းအပြင်အထည် ချုပ်စက်ရုံများမှ သင်တန်းသား နည်းပြများ ခေါ်ယူသင်ကြား ပေးနေပြီး ယင်းနည်းပြများမှ တစ်ဆင့်သက်ဆိုင်ရာစက်ရုံများ တွင် ပညာပြန်လည်ဖြန့်ဝေစေခဲ့ ကြောင်းဒေါ်ကြွယ်ဖြိုးဖြိုးအေးက ဆိုသည်။

‘‘စက်ရုံတွေကနေ လာ ရောက်သင်ယူတဲ့နည်းပြတွေက သူတို့စက်ရုံတွေမှာ အလုပ်သမား ဘယ်နှဦးလောက်ဆီပြန်ပြီးမျှဝေ သင်ကြားပေးပြီးပြီလဲဆိုတာကို စာရင်းတွေပြန်ကောက်နေတယ်။ စီမံကိန်းကာလအတွင်းမှာ မျှော် မှန်းအရေအတွက် ပြည့်မီဖို့များ ပါတယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါစီမံကိန်းကို အသက် မွေးဝမ်းကျောင်းမှုနှင့် စားနပ် ရိက္ခာထောက်ပံရေးရရန်ပုံငွေအ ဖွဲ့ (LIFT) ၏ ငွေကြေးထောက်
ပံ့မှုဖြင့်ဖွင့်လှစ်ခြင်းဖြစ်သည်။

 

Source:seven day daily

Read 966 times
Rate this item
(0 votes)