What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ရုံ၊ အလုပ်ရုံများက သက်မွေးသင်တန်းကျောင်းများနှင့် ချိတ်ဆက်၍ အလုပ်သမားပိုမိုခေါ်ယူလာ

စက်ရုံ၊ အလုပ်ရုံများက သက်မွေးသင်တန်းကျောင်းများနှင့် ချိတ်ဆက်၍ အလုပ်သမားပိုမိုခေါ်ယူလာ Google

        စက်ရုံ၊ အလုပ်ရုံများသည် ယခင်က ပြင်ပမှ အလုပ်သမားများကို ခေါ်ယူခန့်အပ်လေ့ရှိရာမှ ကျွမ်းကျင်လုပ်သား လိုအပ်ချက်များလာခြင်းကြောင့် သက်မွေးသင်တန်းကျောင်းများမှ ကျောင်းဆင်းလုပ်သားများကို ပိုမိုခေါ်ယူလာကြောင်း အဆိုပါသင်တန်းကျောင်းများမှ တာဝန်ရှိသူအချို့က ပြောသည်။

        စက်ရုံ၊ အလုပ်ရုံများက သက်မွေးသင်တန်းကျောင်းများမှ သင်တန်းသားများကို လက်တွေ့လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်စေပြီး သတ်မှတ်ကာလပြည့်ပါက တရားဝင်လုပ်သားများအဖြစ် ခန့်အပ်ခြင်းဖြစ်ကြောင်း အလင်းရောင်သက်မွေးသင်တန်းကျောင်းတာဝန်ခံတစ်ဦးက ဆိုသည်။

        "သူတို့လုပ်ငန်းသဘောသဘာဝကို နားလည်အောင်ဆိုပြီး တစ်လလောက်တော့ လက်တွေ့လုပ်ငန်းခွင်သင်တန်းအဖြစ် လက်ခံကြတယ်။ ပြီးရင် အခြေခံလစာနှုန်းထားအတိုင်း ပေးပြီး အလုပ်ခန့်တယ်" ဟု ၄င်းက ပြောသည်။

        စက်ရုံ၊ အလုပ်ရုံများသည် အလုပ်သမားအသစ်များ ခန့်အပ်မည်ဆိုပါက စက်ရုံအတွင်း သင်တန်းပေးရလေ့ရှိရာ အချိန်နှင့် ငွေကြေးကုန်ကျမှုများ ရှိသဖြင့် သက်မွေးသင်တန်းကျောင်းများမှ သင်တန်းဆင်းများကို ပိုမိုခေါ်ယူလာကြောင်း အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်အချို့က ဆိုသည်။

        ရန်ကုန်တွင်ဖွင့်လှစ်သည့် သက်မွေးသင်တန်းကျောင်း ၂၀ ခန့် ရှိပြီး စက်မှုနှင့်အထည်ချုပ်သင်တန်းများ အများဆုံးသင်ကြားနေကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ဆိုသည်။

Source: 7 Day News

Read 1327 times
Rate this item
(0 votes)
Tagged under