What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ၌ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများဝင်ရောက်လုပ်ကိုင်ပါက ပိုမိုဖွံ့ဖြိုးလာနိုင်

ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများဝင်ရောက်လုပ်ကိုင်ပါက မြန်မာနိုင်ငံ၏ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်းဒုတိယဥက္ကဠဦးကျော်ဝင်းထ့မှသိရပါတယ်။

 

လက်တလောတွင်ပိတ်စစက်ရုံများနှင့် ချည်မျှင်နှင့် အထည်စက်ရုံများမှာနိုင်ငံတော်ပိုင်သာများနေပြီးပုဂ္ဂလိကပိုင်နည်းပါးသေးကြောင်းသိရပါတယ်။

“ပုဂ္ဂလိက ကဏ္ဍကနေ စက်ရုံလည်ပတ်ဖို့ဆိုတာကလည်းတကယ်တော့ စက်ရုံတွေမှာလက်ရှိရှိနေတဲ့ နိုင်ငံဝန်ထမ်းတွေကိုလွှဲပြောင်းယူရမယ်ဆိုတာတွေကြောင့်ပုဂ္ဂလိကပိုင်ပြုလုပ်ရေးမှာနည်းနည်းလေးအဟန့်အတားဖြစ်နေတယ်။အကယ်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေကသာချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်နိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းတွေကဒီထက်မက ပိုပြီးဖွံဖြိုးပါလိမ့်မယ်’’ဟုဦးကျော်ဝင်းကပြောပါတယ်။

ပြည်တွင်းမှထွက်ရှိသည့်ချည်မျှင်နှင့် အထည်အလိပ်ဈေးကွက်အနေဖြင့် လက်ရှိတွင်ပြည်တွင်းဈေးကွက် ကိုသာဦးတည်ထုတ်လုပ်နေပြီးပြည်ပဈေးကွက်သို့အနည်းငယ်သာ တင်ပို့နေရကြောင်းသိရပါတယ်။

ထို့ပြင်လက်တလောအထည်အလိပ်ကဏ္ဍတွင်ပြည်တွင်းဖြန့်ချီရာတွင်လုံလောက်မှုရှိသော်လည်းနည်းပညာပိုင်းတွင်အရည်အသွေးနှင့်ဒီဇိုင်းလိုအပ်ချက်ရှိသဖြင့်ပြည်ပမှအထည်အလိပ်တင်သွင်းမှုများရှိနေသေးကြောင်းသိရပါတယ်။

Source:myawady daily 

Read 1566 times
Rate this item
(0 votes)