ချစ်သူရည်းစားမရှိလို့အချစ်ဆုံးသူငယ်ချင်းနဲ့အတူ
ဆင်တူလေးတွေဝတ်ဆင်ကြမယ်ဆိုတဲ့သူတွေ အတွက်ဒီဇိုင်းတူဖက်ရှင်ဆင်တူတာတွေဘယ်လိုရွေးဝတ်ပြီးလန်းနိုင်လည်းဆိုတာဝေမျှပေး ချင်ပါတယ်။ဆင်တူဝတ်ကြမယ်လို့ဆိုရင်အထက်အောက်အကုန်ချွတ်စွတ်တူတာမျိုးဝတ်ရမယ်လို့ ထင်ကြလေ့ရှိပါတယ်။ဒီလိုတစ်ပုံစံတည်းတူတာမျိုးဝတ်တာဒိတ်အောက်သွားပါပြီ။ဒါဆိုဘယ်လိုဝတ် မလဲ။
တစ်မျိုးပဲတူတာဝတ်ပါ
===================
အထက်ကောအောက်ကောတူတာမျိုးမဟုတ်ပဲအကျီင်္ပဲတူတာဒါမှမဟုတ်ဆင်တူကုတ်အင်္ကျင်္ီတို့ဂျာကင် တို့ဝတ်တာမျိုးကိုဆိုလိုတာပါ။ဘာလို့လည်းဆိုတော့လူတိုင်းမှာကိုယ်ပိုင်စတိုင်ရှိပါတယ်။ကိုယ့်BFFက ဘောင်းဘီအဝတ်များပြီးကိုယ်ကစကပ်ဝတ်ရတာကြိုက်တယ်ဆိုရင်အပေါ်ပိုင်းကိုပဲဆင်တူတာရွေး ဝတ်တာမျိုးလုပ်ပေးပါ။အဝတ်အစားဆင်တူတာမျိုးကြီးမလုပ်ချင်ဘူးရိုးတယ်ဆိုရင်လက်ကိုင်အိတ် ဆင်တူကိုင်တာပဲဖြစ်ဖိနပ်ဆင်တူစီးတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။
အရောင်ဆင်တူဝတ်နည်း
====================
အရောင်ဆင်တူဝတ်မယ်ဆိုပေမယ့်ဝတ်ထားသမျှအကုန်အရောင်တူတာမျိုးမဝတ်ပါနဲ့ရိုးလွန်းပါတယ်။ BFFကဘောင်းဘီအပြာဝတ်မယ်ဆိုရင်ကိုယ်ကအကျီင်္အပြာဝတ်တာမျိုးဒါမှမဟုတ်သူငယ်ချင်းရဲ့ အတွင်းအကျီင်္ကအဖြူဆိုရင်ကိုယ်ကအဖြူကုတ်အကျီင်္လေးဝတ်တာမျိုးပေါ့။
ဒီဇိုင်းတူအဆင်မတူ
===================
အကျီင်္လက်ရှည်လေးနဲ့စကပ်အကားလေးတူတူဝတ်ကြမယ်လို့စဉ်းစားထားရင်ဒီဇိုင်းတူပြီးအဆင်မတူ တဲ့စတိုင်မျိုးဝတ်ပါ။အကျီင်္လက်ရှည်ခြင်းတူပေမယ့်BFFအကျီင်္မှာပန်းလေးတွေပါပြီးကိုယ့်အကျီင်္က အကွက်လေးတွေပါတာမျိုးဝတ်တာကိုဆိုလိုတာပါ။အပေါ်အောက်ဒီဇိုင်းတူပေမယ့်အဝတ်အစားပေါ် ကအဆင်တွေကွာခြားတာမျိုးရွေးဝတ်ပေးပါ။
အရောင်တူဒီဇိုင်းမတူ
===================
အရောင်တူပေမယ့်ဒီဇိုင်းမတူတာမျိုးဝတ် ပါ။အဲ့ လိုဖက်ရှင်ဆင်တူဝတ်ခြင်းကလဲ လန်းနေပါတယ်။