What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိုက္ဆံအမ်ားၾကီးမသံုးဘဲ အဆင့္အတန္း ျမင့္ျမင့္နဲ႔ ဖက္ရွင္ က်ေအာင္ ဝတ္နည္း

ပိုက္ဆံအမ်ားၾကီးမသံုးဘဲ အဆင့္အတန္း ျမင့္ျမင့္နဲ႔ ဖက္ရွင္ က်ေအာင္ ဝတ္နည္း googleN

မိန္းကေလးတိုင္းက အဆင့္အတန္းျမင့္တဲ့အလွအပမ်ိဳးကို ပိုင္ဆိုင္ခ်င္္ၾကတဲ့သူေတြခ်ည္းပါပဲ။

သူတို႕ရဲ႕ အျပင္အဆင္နဲ႕ပတ္သက္လို႕ တျခားသူေတြရဲ႕အျမင္မွာ အရည္အေသြးေကာင္းတဲ့ ပစၥည္းေတြ သံုးထားတယ္၊ လွလည္းလွတယ္၊ အဆင့္အတန္းရွိတဲ့ ပံုစံမ်ိဳးျဖစ္ေနတယ္၊ စတဲ့ အျမင္မ်ိဳးျဖစ္ေစခ်င္ပါတယ္။ ဒါေပမယ့္ ကုန္က်စရိတ္ေတြၾကီးတဲ့ေခတ္ထဲမွာ အလွအပအတြက္ ပိုက္ဆံေတြအမ်ားၾကီးသံုးဖို႕ဆိုတာေတာ့ သိပ္မလြယ္ပါဘူး။ ဒါေၾကာင့္ Stylist ေတြက ပိုက္ဆံအမ်ားၾကီးမသံုးဘဲ အဆင့္အတန္းျမင့္ျမင့္နဲ႕ ျပည့္စံုလွပတဲ့ပံုစံမ်ိိဳးျဖစ္ေအာင္ လုပ္နိုင္မယ့္ နည္းေလးေတြကို အၾကံေပးခဲ့ပါတယ္။ ဖတ္ၾကည့္လိုက္ပါဦးေနာ္။

(၁) အေရာင္
အ၀တ္အစားေရြးခ်ယ္တဲ့အခါ အေရာင္ေရြးခ်ယ္မႈက အရမ္းအေရးၾကီးပါတယ္။ ဘယ္ေလာက္ပဲေစ်းၾကီးေပး၀ယ္ရတဲ့ အ၀တ္အစားမ်ိဳးျဖစ္ပါေစ၊ တစ္ခ်ိန္တည္းမွာ အေရာင္ေတာက္ေတာက္ေတြ ၂ မ်ိဳး ၊ ၃ မ်ိဳး ၀တ္ထားတာက အရမ္းကို အေပါစားဆန္္တဲ့ပံုစံမ်ိဳဳးျဖစ္ေစပါတယ္။ အထက္တန္းက်က်ပံုစံမ်ိဳးလိုခ်င္တယ္ဆိုရင္ေတာ့ အေရာင္ျငိမ္ျငိမ္ေလးေတြကို ရွင္းရွင္းေလးတြဲ၀တ္တတ္ဖို႕လိုပါတယ္။ အေရာင္တြဲစပ္တာေကာင္းမယ္ဆိုရင္ ေစ်းမၾကီးတဲ့အ၀တ္ေတြ၀တ္ရင္ေတာင္ အဆင့္အတန္းျမင့္တဲ့ပံုစံမ်ိိဳး ျဖစ္ေစနိုင္ပါတယ္။ အထူးသျဖင့္ ေန႕စဥ္ အသံုးျပဳမယ့္ ဖိနပ္နဲ႕ အိတ္ေတြကိို ျငိမ္တဲ့အေရာင္ဦးစားေပးေရြးခ်ယ္သင့္ပါတယ္။

(၂) ေရေမႊး
ကိုယ္သင္းနံ႕ရွိတာက ဆြဲေဆာင္မႈတစ္ခုျဖစ္ျပီး အထက္တန္းက်သူတစ္ေယာက္ အသြင္မ်ိဳး ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဖက္ရွင္တစ္မ်ိဳးတည္း မစဥ္းစားဘဲ ေရေမႊးသံုးဖို႕လည္း စဥ္းစားသင့္ပါတယ္။ ျဖစ္နိုင္ရင္ အနံ႕တစ္မ်ိဳးတည္းကိုပဲ စြဲျပီးသံုးေပးပါ။

(၃) လက္၀တ္ရတနာ
မိိန္းကေလးတစ္ေယာက္ အျမဲလိိုလိိုၾကည့္ေကာင္းေနဖို႕အတြက္ လက္၀တ္ရတနာေတြကိိုလည္း ဆင္ျမန္းေပးဖို႕လိုပါတယ္္။ ဒါေပမယ့့္ ေစ်းေတြအရမ္းၾကီးတဲ့ အဖိုးတန္လက္၀တ္ရတနာမ််ိဳးမွ မဟုတ္ပါဘူး။ Fancy လက္၀တ္ရတနာေတြကိုလည္ အဆင့္အတန္းရွိတဲ့ ပံုစံမ်ိဳးရေအာင္ ဆင္ျမန္းလို႕ရပါတယ္။ ဥပမာ – အရမ္းမေတာက္တဲ့ေက်ာက္ေတြနဲ႕လုပ္ထားတဲ့ လက္ပတ္ေတြ၊ လည္ဆြဲေတြကို ဆင္ျမန္းတာမ်ိဳး၊ ရိုးရာဟန္ပါတဲ့ လက္မႈပညာ အဆင္တန္ဆာမ်ိဳးေတြကို ေရြးခ်ယ္္ဆင္ျမန္းတာမ်ိဳးက အကုန္အက်လည္းသက္သာျပီး အဆင့္အတန္းျမင့္တဲ့ ပံုစံမ်ဳိး ျဖစ္ေစပါလိမ့္မယ္။

(၄) အေပၚ၀တ္
ပ်ိဳေမတို႕အေနနဲ႕ ပြဲတက္တဲ့အခါမ်ိဳးမွာ ကိုယ္ေရြးခ်ယ္ထားတဲ့ဖက္ရွင္နဲ႕ပတ္သက္လိို႕ တစ္ခုခုလိုအပ္ေနသလိုမ်ိဳးခံစားေနရရင္ ကုတ္ ဒါမွမဟုတ္ ဂ်က္ကက္တစ္ထည္ကို အေပၚကေနထပ္ျခံဳသြားေပးလိုက္ပါ။ ဒီလို အေပၚ၀တ္အက်ႌ ၀တ္တာက ကိိုယ့္ရဲ႕အလွအပေတြကိို ဖံုးအုပ္ထားတယ္၊ မေပၚလြင္ေစဘူးလို႕ မထင္လိုက္ပါနဲ႕။ ဘာလို႕လဲဆိုေတာ့ အဲ့လိုထပ္၀တ္တာက သင့္ကို အဆင့္အတန္းျမင့္တဲ့ ပံုစံမ်ိဳးျဖစ္ေစလို႔ပါ။

(၅) အရည္အေသြးေကာင္းတဲ့အိတ္
သင့္အေနနဲ႕ ဖက္ရွင္နဲ႕ပတ္သက္လို႕ရင္းႏွီးျမွဳပ္ႏွံမႈလုပ္တဲ့အခါ ငါးေသာင္းတန္အက်ၤ ီ၀ယ္မယ့္အစား တစ္သိန္းတန္အိိတ္ကို၀ယ္သင့္ပါတယ္။ ဘာလို႕လဲဆိုေတာ့ အိတ္ေကာင္းေကာင္းတစ္လံုးကို မၾကာခဏကိုင္သြားတာက အဆင္ေျပေပမယ့္ အက်ၤ ီတစ္ထည္ကို မၾကာခဏ၀တ္တာက သိပ္အဆင္မေျပပါဘူး။ ဒါေၾကာင့္ ေစ်းၾကီးတဲ့အက်ၤ ီ၀ယ္တာထက္ အရည္အေသြးေကာငး္တဲ့အိတ္၊ ဖိနပ္တို႕ကို၀ယ္သင့္ပါတယ္။

(၆) ခ်ဳပ္ထည္
အ၀တ္အစားအတြက္ ပိုက္ဆံေတြအမ်ားၾကီး အကုန္အက်မခံနိုင္ဘူးဆိုရင္ ခ်ဳပ္ထည္ေလးေတြ၀တ္နိုင္ပါတယ္။ ခ်ဳပ္ထည္ေလးေတြက ကိုယ့္အတြက္ သီးသန္႕ခ်ဳပ္ထားတာျဖစ္လို႕ ဘယ္သူနဲ႕မွမတူဘဲ သီးသန္႕ပံုစံမ်ိဳးျဖစ္ေစတာေၾကာင့္ ကိုယ္ပိုင္စတိုင္ကို ေပၚလြင္ေစပါတယ္။

(၇) သပ္ရပ္မႈ
အ၀တ္အစားေစ်းၾကီးတာမၾကီးတာထက္ အေရးၾကီးတာက သပ္္ရပ္မႈရွိဖို႕ပါ။ အက်ၤ ီ၊ ေဘာင္းဘီ နဲ႕စကတ္ေတြမွာ ေခါက္ရာတြန္႕ရာေတြမရွိဘဲ ျပန္႕ျပဴးေနေအာင္ မီးပူတုိက္ထားတာမ်ိဳး၊ အစြန္းအကြက္ေတြမရွိတာမ်ိဳးက သင့္ကို ပိုျပီးေတာက္ပတဲ့အလွမ်ိဳးျဖစ္ေစပါလိမ့္မယ္။

(၈) ေဘာင္းဘီေကာင္းေကာင္း
အ၀တ္အထည္ေတြ၀ယ္ေတာ့မယ္ဆိုရင္ ဘယ္ဟာကိုပိုျပီး ဦးစားေပးရမလဲဆိုျပီး ေခါင္းေျခာက္ရပါတယ္။ Stylist ေတြကေတာ့ ေဘာင္းဘီေကာင္းေကာင္းေတြ၀ယ္ထားတာက ဘာနဲ႕မဆိုတြဲ၀တ္လို႕ရျပီး အက်ႌ က မိန္းကေလးေတြ မၾကာခဏ၀ယ္တတ္ၾကတဲ့ Items မ်ိဳးျဖစ္တာေၾကာင့္ အ၀တ္ဗီရိုထဲမွာ အက်ၤ ီေတြပိုမ်ားေနတတ္တယ္၊ ဒါေၾကာင့္ ဦးစားေပးအျဖစ္ေရြးမယ္ဆိုရင္ ေဘာင္းဘီေကာင္းေကာင္းကိုသာဦးစားေပး၀ယ္ပါလို႕ အၾကံေပးခဲ့ပါတယ္။

 

Unicode ဖြင့်ဖတ်ရန်....
ပိုက်ဆံအများကြီးမသုံးဘဲ အဆင့်အတန်း မြင့်မြင့်နဲ့ ဖက်ရှင် ကျအောင် ဝတ်နည်း
မိန်းကလေးတိုင်းက အဆင့်အတန်းမြင့်တဲ့အလှအပမျိုးကို ပိုင်ဆိုင်ချင်ကြတဲ့သူတွေချည်းပါပဲ။

သူတို့ရဲ့ အပြင်အဆင်နဲ့ပတ်သက်လို့ တခြားသူတွေရဲ့အမြင်မှာ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ သုံးထားတယ်၊ လှလည်းလှတယ်၊ အဆင့်အတန်းရှိတဲ့ ပုံစံမျိုးဖြစ်နေတယ်၊ စတဲ့ အမြင်မျိုးဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်တွေကြီးတဲ့ခေတ်ထဲမှာ အလှအပအတွက် ပိုက်ဆံတွေအများကြီးသုံးဖို့ဆိုတာတော့ သိပ်မလွယ်ပါဘူး။ ဒါကြောင့် Stylist တွေက ပိုက်ဆံအများကြီးမသုံးဘဲ အဆင့်အတန်းမြင့်မြင့်နဲ့ ပြည့်စုံလှပတဲ့ပုံစံမျိုးဖြစ်အောင် လုပ်နိုင်မယ့် နည်းလေးတွေကို အကြံပေးခဲ့ပါတယ်။ ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) အရောင်
အဝတ်အစားရွေးချယ်တဲ့အခါ အရောင်ရွေးချယ်မှုက အရမ်းအရေးကြီးပါတယ်။ ဘယ်လောက်ပဲဈေးကြီးပေးဝယ်ရတဲ့ အဝတ်အစားမျိုးဖြစ်ပါစေ၊ တစ်ချိန်တည်းမှာ အရောင်တောက်တောက်တွေ ၂ မျိုး ၊ ၃ မျိုး ဝတ်ထားတာက အရမ်းကို အပေါစားဆန်တဲ့ပုံစံမျိုုးဖြစ်စေပါတယ်။ အထက်တန်းကျကျပုံစံမျိုးလိုချင်တယ်ဆိုရင်တော့ အရောင်ငြိမ်ငြိမ်လေးတွေကို ရှင်းရှင်းလေးတွဲဝတ်တတ်ဖို့လိုပါတယ်။ အရောင်တွဲစပ်တာကောင်းမယ်ဆိုရင် ဈေးမကြီးတဲ့အဝတ်တွေဝတ်ရင်တောင် အဆင့်အတန်းမြင့်တဲ့ပုံစံမျိုး ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် နေ့စဉ် အသုံးပြုမယ့် ဖိနပ်နဲ့ အိတ်တွေကို ငြိမ်တဲ့အရောင်ဦးစားပေးရွေးချယ်သင့်ပါတယ်။

(၂) ရေမွှေး
ကိုယ်သင်းနံ့ရှိတာက ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး အထက်တန်းကျသူတစ်ယောက် အသွင်မျိုး ဖြစ်စေပါတယ်။ ဒါကြောင့် ဖက်ရှင်တစ်မျိုးတည်း မစဉ်းစားဘဲ ရေမွှေးသုံးဖို့လည်း စဉ်းစားသင့်ပါတယ်။ ဖြစ်နိုင်ရင် အနံ့တစ်မျိုးတည်းကိုပဲ စွဲပြီးသုံးပေးပါ။

(၃) လက်ဝတ်ရတနာ
မိန်းကလေးတစ်ယောက် အမြဲလိုလိုကြည့်ကောင်းနေဖို့အတွက် လက်ဝတ်ရတနာတွေကိုလည်း ဆင်မြန်းပေးဖို့လိုပါတယ်။ ဒါပေမယ့် ဈေးတွေအရမ်းကြီးတဲ့ အဖိုးတန်လက်ဝတ်ရတနာမျျိုးမှ မဟုတ်ပါဘူး။ Fancy လက်ဝတ်ရတနာတွေကိုလည် အဆင့်အတန်းရှိတဲ့ ပုံစံမျိုးရအောင် ဆင်မြန်းလို့ရပါတယ်။ ဥပမာ – အရမ်းမတောက်တဲ့ကျောက်တွေနဲ့လုပ်ထားတဲ့ လက်ပတ်တွေ၊ လည်ဆွဲတွေကို ဆင်မြန်းတာမျိုး၊ ရိုးရာဟန်ပါတဲ့ လက်မှုပညာ အဆင်တန်ဆာမျိုးတွေကို ရွေးချယ်ဆင်မြန်းတာမျိုးက အကုန်အကျလည်းသက်သာပြီး အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုး ဖြစ်စေပါလိမ့်မယ်။

(၄) အပေါ်ဝတ်
ပျိုမေတို့အနေနဲ့ ပွဲတက်တဲ့အခါမျိုးမှာ ကိုယ်ရွေးချယ်ထားတဲ့ဖက်ရှင်နဲ့ပတ်သက်လို့ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားနေရရင် ကုတ် ဒါမှမဟုတ် ဂျက်ကက်တစ်ထည်ကို အပေါ်ကနေထပ်ခြုံသွားပေးလိုက်ပါ။ ဒီလို အပေါ်ဝတ်အင်္ကျီ ဝတ်တာက ကိုယ့်ရဲ့အလှအပတွေကို ဖုံးအုပ်ထားတယ်၊ မပေါ်လွင်စေဘူးလို့ မထင်လိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ အဲ့လိုထပ်ဝတ်တာက သင့်ကို အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုးဖြစ်စေလို့ပါ။

(၅) အရည်အသွေးကောင်းတဲ့အိတ်
သင့်အနေနဲ့ ဖက်ရှင်နဲ့ပတ်သက်လို့ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါ ငါးသောင်းတန်အင်္ကျ ီဝယ်မယ့်အစား တစ်သိန်းတန်အိတ်ကိုဝယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အိတ်ကောင်းကောင်းတစ်လုံးကို မကြာခဏကိုင်သွားတာက အဆင်ပြေပေမယ့် အင်္ကျ ီတစ်ထည်ကို မကြာခဏဝတ်တာက သိပ်အဆင်မပြေပါဘူး။ ဒါကြောင့် ဈေးကြီးတဲ့အင်္ကျ ီဝယ်တာထက် အရည်အသွေးကောင်းတဲ့အိတ်၊ ဖိနပ်တို့ကိုဝယ်သင့်ပါတယ်။

(၆) ချုပ်ထည်
အဝတ်အစားအတွက် ပိုက်ဆံတွေအများကြီး အကုန်အကျမခံနိုင်ဘူးဆိုရင် ချုပ်ထည်လေးတွေဝတ်နိုင်ပါတယ်။ ချုပ်ထည်လေးတွေက ကိုယ့်အတွက် သီးသန့်ချုပ်ထားတာဖြစ်လို့ ဘယ်သူနဲ့မှမတူဘဲ သီးသန့်ပုံစံမျိုးဖြစ်စေတာကြောင့် ကိုယ်ပိုင်စတိုင်ကို ပေါ်လွင်စေပါတယ်။

(၇) သပ်ရပ်မှု
အဝတ်အစားဈေးကြီးတာမကြီးတာထက် အရေးကြီးတာက သပ်ရပ်မှုရှိဖို့ပါ။ အင်္ကျ ီ၊ ဘောင်းဘီ နဲ့စကတ်တွေမှာ ခေါက်ရာတွန့်ရာတွေမရှိဘဲ ပြန့်ပြူးနေအောင် မီးပူတိုက်ထားတာမျိုး၊ အစွန်းအကွက်တွေမရှိတာမျိုးက သင့်ကို ပိုပြီးတောက်ပတဲ့အလှမျိုးဖြစ်စေပါလိမ့်မယ်။

(၈) ဘောင်းဘီကောင်းကောင်း
အဝတ်အထည်တွေဝယ်တော့မယ်ဆိုရင် ဘယ်ဟာကိုပိုပြီး ဦးစားပေးရမလဲဆိုပြီး ခေါင်းခြောက်ရပါတယ်။ Stylist တွေကတော့ ဘောင်းဘီကောင်းကောင်းတွေဝယ်ထားတာက ဘာနဲ့မဆိုတွဲဝတ်လို့ရပြီး အင်္ကျီ က မိန်းကလေးတွေ မကြာခဏဝယ်တတ်ကြတဲ့ Items မျိုးဖြစ်တာကြောင့် အဝတ်ဗီရိုထဲမှာ အင်္ကျ ီတွေပိုများနေတတ်တယ်၊ ဒါကြောင့် ဦးစားပေးအဖြစ်ရွေးမယ်ဆိုရင် ဘောင်းဘီကောင်းကောင်းကိုသာဦးစားပေးဝယ်ပါလို့ အကြံပေးခဲ့ပါတယ်။

 

Related Article: ယံုၾကည္မႈ ရွိၿပီး ဖက္ရွင္က်ေနေစဖို႔ ရွိထားသင့္တဲ့ အရည္အခ်င္းမ်ား

Source: bayder

Myanmar Textile and Garment Directory

Read 4794 times
Rate this item
(0 votes)
Tagged under