What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ချစ်သူကောင်လေးရဲ့ စိတ်ကို ဖမ်းစားနိုင်မယ့် အဝတ်အစားပုံစံ (၅) မျိုး

သင့်ချစ်သူကောင်လေးရဲ့ စိတ်ကို ဖမ်းစားနိုင်မယ့် အဝတ်အစားပုံစံ (၅) မျိုး google

        သင့်ချစ်သူကောင်လေးနဲ့ ချိန်းတွေ့တဲ့ အခါတွေမှာ ဖြစ်သလို ဝတ်စားဆင်ယင် တာမျိုးတွေကို တတ်နိုင်သလောက်

ရှောင်ပေးပါနော်။ အကြောင်းကတော့ အဝတ်အစားပုံစံက သူ့ရဲ့ Mood ကို ပြောင်းလဲစေနိုင်လို့ပါ။ ခုဖော်ပြပေးမှာကတော့ သင့်ချစ်သူကောင်လေးကို တဖြုတ်ဖြုတ်ကြွေဆင်းသွားစေမယ့် အဝတ်အစားပုံစံလေးတွေပဲဖြစ်ပါတယ်။ Anni နေ့တွေ၊ ချိန်းထားတဲ့နေ့လေးတွေမှာ ဒီလိုလေးဝတ်သွားခြင်းဖြင့် သူ့ရဲ့ စိတ်တွေကို ဖမ်းစားထားပြီးသားဖြစ်သွားမှာပါ။

(၁) ဂါဝန်လှလှလေး
        မိန်းမဆန်ပြီး ကျက်သရေရှိတဲ့ ဂါဝန်လေးတွေဟာ ဘယ်တော့မှ ရိုးမသွားတဲ့အပြင် ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် သင့်ချစ်သူရဲ့ အာရုံကို ဖမ်းစားထားနိုင်ပါတယ်။ ဒါကြောင့် ရိုးရှင်းပြီး ကျက်သရေရှိတဲ့ ဂါဝန်ပုံစံလေးတွေကို သူနဲ့ချိန်းတဲ့အခါတွေ၊ သင်တို့နှစ်ယောက်ရဲ့ နေ့ထူးနေ့မြတ်လေးတွေမှာ ဝတ်ဆင်သွားလိုက်ပါ။

1

 

(၂) စကပ်ကားလေးတွေ
        စကပ်ဟာ မိန်းကလေးတွေကို ပိုပြီး ဆွဲဆောင်မှုရှိစေသလို၊ မိန်းမပိုဆန်စေပါတယ်။ ဒါကြောင့် စကပ်အကားပုံစံ အမျိုးမျိုးကို သူနဲ့တွေ့တဲ့အခါလေးတွေမှာ ဝတ်ဆင်ခြင်းဖြင့် သူ့ကို တဖြုတ်ဖြုတ်ကြွေနေစေမှာဖြစ်ပါတယ်။

2

 

(၃) Jumpsuit
        သင်ဟာ တခြားမိန်းကလေးတွေနဲ့ ကွဲထွက်ပြီး မိန်းမဆန်ဆန်ဝတ်ရတာ သိပ်မကြိုက်ဘူးဆိုရင်တော့ အပေါ်အောက်တစ်ဆက်တည်းဖြစ်တဲ့ Jumpsuit တွေကို ဝတ်ဆင်ပါ။ ဒါဟာသူ့ရဲ့ အာရုံကို အပြည့်ဖမ်းစားထားနိုင်မယ့် ပုံစံဖြစ်ပါတယ်။

3

 

(၄) ဇာလှလှလေးတွေ
        ဇာပိတ်စလှလှလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှကို ပိုပြီး ထင်ပေါ်စေပါတယ်။ ဒါကြောင့် အဆင်လှတဲ့ ဇာအင်္ကျီ၊ ဂါဝန် ကြိုက်နှစ်သက်တဲ့ အရောင်ကို ဝတ်ဆင်လိုက်ပါ။ သင့်ချစ်သူရဲ့ အာရုံတွေကို ပိုပြီးဖမ်းစားထားနိုင်မှာ ဖြစ်ပါတယ်။

4

 

(၅) အရောင်နုနုလွင်လွင်လေးတွေ
        ဘယ်လိုအဝတ်အစားကိုပဲ ဝတ်ဝတ် အရောင်လွင်လွင်၊ နုနုလေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ပန်းနုရောင်၊ မိုးပြာရောင်လေးတွေနဲ့ အရောင်နုလေးတွေက သင့်ကို ပိုပြီးနုပျိုစေသလို ချစ်စရာပိုကောင်းစေပါတယ်။

5

 

Source: Aunty May

Myanmar Textile and Garment Directory

Read 3863 times
Rate this item
(1 Vote)
Tagged under