What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ခန္ဓာကိုယ် ပုံသဏ္ဍန်နဲ့ လိုက်ဖက်မဲ့ အဝတ်အစားကို ဘယ်လို ရွေးချယ်သင့်သလဲ

 

အမျိုးသမီးတွေအနေနဲ့ အင်္ကျီတစ်ထည်ကို ရွေးချယ်တဲ့အခါမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်မယ့် ဝတ်စုံမျိုးကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

ရွေးချယ်လိုက်တဲ့ အဝတ်အစားနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်က မလိုက်ဖက်ဘူးဆိုရင် ပုံပန်းသဏ္ဍန်ပျက်ပြီး ကြည့်ရဆိုးတတ်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ဘယ်လို အဝတ်အစားတွေက ကိုက်ညီပြီး လိုက်ဖက်မှုရှိမလဲဆိုတာကို ပြောပြပေးပါမယ်။

၁။ ပန်းသီးပုံသဏ္ဍန်ခန္ဓာကိုယ်အရွယ်အစား

2

ခန္ဓာကိုယ်အလှကို ပေါ်လွင်စေဖို့ ရွေးချယ်သင့်တဲ့ Outfit (6)မျိုး

3
ခန္ဓာကိုယ်အလယ်ပိုင်းနဲ့ ခါးအလှကောက်ကြောင်းကို ပေါ်လွင်စေမယ့် အဝတ်အစားမျိုးကို ဝတ်ဆင်ပါ။ Vပုံစံ dress ၊ top နှင့် wrap dress တွေဟာ သင့်ကို အံသြဖွယ်ဖြစ်သွားအောင် ပြုလုပ်ပေးမှာပါ။ Top ကို ရွေးချယ်ခြင်းအားဖြင့် သင့်ရဲ့ဗိုက်သားနဲ့တင်ပါးကို ဖုံးကွယ်ပေးပါလိမ့်မယ်။ ဂျာကင်အင်္ကျီတွေလိုမျိုးအရာတွေကို ရှောင်ကြဉ်ပါ။ အဲ့ဒီအစား အလွှာအထပ်ထပ်ပုံစံ၊ ဇာအတွန့်အနားသတ်ပုံစံ top မျိုးရွေချယ်ဝတ်ဆင်ပါ။ အကယ်၍ သင်က ခန္ဓာကိုယ်ပြည့်တဲ့သူဆိုလျှင် skinny jean၊ straight leg pant တွေကို မဝတ်ဆင်သင့်ပါဘူး။ ခေါင်းလောင်းပုံစံဘောင်းဘီတွေက သင့်အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။

၂။ သစ်တော်သီးပုံသဏ္ဍန်ခန္ဓာကိုယ်အရွယ်အစား

4

အရပ်ပုပြီး ခန္ဓာကိုယ်သေးတဲ့ ကောင်မလေးတွေအတွက် အရပ်ရှည်တယ်လို့ ထင်ရစေမယ့် ဖက်ရှင်အကြံပြုချက်

5
သင့်ရဲ့ပုံပန်းသဏ္ဍန်ကို ထိန်းညှိပေးရန် သင့်ပခုံးကို ပေါ်လွင်ထင်ရှားအောင် အသားပေးဖော်ပြပါ။ လည်စည်းပုဝါနှင့် ရောင်စုံလည်ဆွဲတွေကို အသုံးပြုနိုင်တယ်။ အလှဒီဇိုင်းဆင်ထားတဲ့ top ၊ dress တွေကို ရွေးချယ်ပါ။ တင်းကျပ်တဲ့ဘောင်းဘီ ၊ စကပ်တိုနဲ့ pencil skirt တွေကို ရှောင်ရှားပါ။ ခေါင်းလောင်းဘောင်းဘီ၊ A-line စကပ်များကို ရွေးချယ်နိုင်ပါတယ်။ အောက်ပိုင်းကိုတော့ ပေါ့ပါးပြီး အနက်ရောင်ကာလာမျိုးကို ရွေးချယ်သင့်ပြီး အပေါ်ပိုင်းကိုတော့ လင်းတဲ့အရောင် ရွေးချယ်ပေးပါ။

၃။ စတုဂံပုံသဏ္ဍန်ခန္ဓာကိုယ်အရွယ်အစား

6

7
တကယ်လို့ သင်ဟာ ခန္ဓာကိုယ်ကောက်ကြောင်းမရှိဘူးဆိုရင် အဝတ်အစားနှင့် accessories တွေကို ဖန်တီးပြီး အသုံးပြုနိုင်တယ်။ သင့်ရဲ့ခါးက သေးတာကြောင့် ပေါ်လွင်စေဖို့အတွက် ခါးပတ်ကို ဝတ်ဆင်ပြီး ခန္ဓာကိုယ်ပေါ်လွင်စေမယ့် dress မျိုးကို ဝတ်ဆင်သင့်ပါတယ်။ ပခုံးနှင့် ရင်သားကို မြှင့်တင်ဖို့အတွက် အတွန့်ပုံစံပါတဲ့ top မျိုးကို ရွေးချယ်ပေးပါ။

၎။ Hourglass (သဲနာရီ) ပုံသဏ္ဍန်ခန္ဓာကိုယ်အရွယ်အစား

9

11
သင့်ခါးကို ပေါ်လွင်လှပစေဖို့အတွက် အဝတ်အစားရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ခပ်ပွပွအကျီတွေကို ရှောင်ရှားပါ။ မှန်ကန်တဲ့ underwear များကို ရွေးချယ်သင့်ပါတယ်။ တကယ်လို့ ရင်သားကြီးတယ်ဆိုရင် အမျိုးအစားမှန်ကန်တဲ့ ဘရာမျိုးကို ဝတ်ဆင်ပါ။ အံဝင်ခွင်ကျမရှိတဲ့ ဘရာမျိုးကို မရွေးချယ်ဖို့ ပြောချင်ပါတယ်။ Vပုံစံ top၊ dress ၊ pencil စကပ်တွေဟာ သင့်အတွက် အကောင်းဆုံးရွေးချယ်မှုဘဲဖြစ်ပါတယ်။

 

Author:TDA

Read 10064 times
Rate this item
(2 votes)