What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အပေါ်ထပ်ဖို့ ဇာထည်လေးဘယ်လိုချုပ်ကြမလဲ

မင်းမှာချုပ်ခဲ့ဘူးတဲ့ ဇာအထပ်အပါးလေးရှိပါသလား။ဒီလိုဇာအပါးလေးကနွေရာသီမှာဝတ်ဆင်ဖို့အကောင်းဆုံး ပါဘဲ။ ဒါကြောင့် အပေါ်ထပ်ဖို့ လိုလာတဲ့ အခါ တ်ဆင်ဖို့ အပေါ်ထပ်အင်္ကျီအပါးလးချုပ်ပုံအဆင့်ဆင့်လေးကိုပြောပြပေးမယ်နော်။

အလွန်ပင် ချုပ်ရတာလွယ်ကူပြီး ၀တ်ရတာလဲ ပေါ့ပါးမှာအသေအချာ ပါ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့

-ဇာ၂ကိုက်စ

-ကတ်ကြေး

-ပင်အပ်များ

-အပ်နဲ့ အပ်ချည်

-ချုပ်စက်

ပထမဆုံး မိမိကြိုက်နှစ်သက်ရာ ဇာအပါးလေး၂ကိုက် ကို ယူပါ။ပြီးလျှင် ၂ခေါက်ခေါက်လိုက်ပါ။အလျားလိုက်ကို ပုံမှာပြထားတဲ့အတိုင်းထပ်ခေါက်လိုက်ပါ။ပြီးနောက် ခေါက်ထားတဲ့ အထည်ရဲ့ ညာဘက်ထိပ်နဲ့ ဘယ်ဘက်ထိပ်ကိုတိုင်းဖြတ်ပါမယ်။

kimono 1kimono 2

 

လည်တိုင်မှတထောင်စစ်ချိုးကို 22”၊အင်္ကျီလက်ပေါက်အနံကို 18”၊ထိပ်ဆုံးမှအောက်ဆုံးကို 32”၊ ကိုယ်ထည်ကို 14”ပုံတွင်ပြထားသည့်အတိုင်းတိုင်းကာဖြတ်ပါမယ်။ ဖြတ်ပြီးလို့ ပုံတွင်ပြထားသည့်အတိုင်းထွက်လာရင် အနားတွေကို ပင်အပ်နှင့်ထိုးကာ အနားလုံးပါမယ်။

kimono 3kimono 6kimono diagram

ပြီးလျှင် ထိပ်ဆုံးမှအောက်ဆုံးလည်တိုင်အတွက် ဖြတ်ပါမယ်။ လည်တိုင်နားကို ပုံတွင်ပြထားသည့်အတိုင်းတဖက်ကို 1/4” နှင့် နောက်တဖက်ကိုလဲ 1/4”ဆီဖြတ်ပါမယ်။ ထိုကဲ့သို့ ဖြတ်ပြီးရင် ချုပ်စက်နဲ့ အနားလုံးမယ်။အဲ့လိုလုံးပြီးရင်တော့ လှပတဲ့ အပေါ်ထပ်ဇာ ထည်လေးရပီပေါ့။

kimono 11kimono 13

 

ပေါ့ပါးပြီးစတိုင်လဲ ကျမယ် လက်ပြတ်တွေနဲ့ဆို လုံခြုံသလိုလေးလဲခံစားရမယ်။ဒါကြောင့်ပျိုမေလေးတွေလဲ ချုပ်ဝတ်ကြည့်ဖို့တိုက်တွန်းလိုက်တယ်နော်။

how to sew a kimono

Read 1802 times
Rate this item
(0 votes)