What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Culottes တွေကိုဘယ်လိုစတိုင်ကျအောင်ဝတ်ဆင်ကြမလဲ . . .

Culottes တွေကိုဘယ်လိုစတိုင်ကျအောင်ဝတ်ဆင်ကြမလဲ . . . moda

ကဲ ဒါမျိုးဘောင်းဘီလေးတထည်လောက်တော့ ဒီနှစ်မှာရှိကိုရှိသင့်နေပြီနော် . . .

Culottes ဆိုတာဒူးအထိရှည်ပြီးအဖျားကားသွားတဲ့မိန်ကလေးဝတ် Pants တွေဖြစ်ပါတယ်။ စကတ်ပုံစံအောက်ကိုကားသွားတာကြောင့်ဝတ်ရတာသက်တောင့်သက်သာရှိပြီး အခုဆယ်စုနှစ်နောက်ပိုင်း Fashionista တွေ၊ Fashion Blogger တွေနဲ့ Celebrity တွေတော်တော်များများဝတ်ဆင်လာကြတဲ့ ဖက်ရှင်တစ်မျိုးဆိုရင်လည်းမမှားပါဘူး။ ဒီတစ်ခါမှာတော့ ဖက်ရှင်ချစ်သူမမတွေရောညီမလေးတွေရော Culottesဘောင်းဘီလေးတွေကိုအလှဆုံးဖြစ်အောင်ဘယ်လိုတွဲဖက်ဝတ်ဆင်လို့ရမလဲဆိုတာကိုပြောပြမယ်နော်။

အရင်ဆုံးအနေနဲ့တွဲဝတ်ရမယ့်ဖိနပ်လေးတွေကစပြီးပြောပြမယ်နော်။ Culottes တွေကခပ်ပွပွနဲ့အောက်ကိုကားသွားတဲ့စတိုင်ဖြစ်တာကြောင့် ဖိနပ်ကိုဆိုရင်အမြင့်လေးတွေနဲ့ပိုလိုက်ဖက်ပါတယ်။ Pointed Heels,Pointed Sandals, Platform Heels, Wedge Heels စသည်ဖြင့်နှစ်သက်ရာကိုရွေးချယ်စီးလို့ရပါတယ်။ တကယ်လို့သင်ကအရပ်ရှည်သလို မိန်းကလေးအရမ်းမဆန်ချင်ဘူးဆိုရင် Sneaker လေးနဲ့တွဲစီးချင်တယ်ဆိုရင်လည်း အိုကေပါတယ်။ သတိထားဖို့က Slipperလို Ballet Flats လိုဖိနပ်အပါးတွေကိုမရွေးချယ်ဖြစ်ဖို့ပါ။သင့်နဂိုအရပ်ကိုပိုပြီးပုသွားသယောင်ဖြစ်စေပါတယ်။

ပြီးသွားရင် ကိုယ် Culottes နဲ့တွဲဝတ်မယ့်အပေါ်က Top ကလည်းအရေးကြီးတယ်နော်။ ဘောင်းဘီကပွပြီးသားဖြစ်တဲ့ Top/Blouse လေးတွေကို Body နဲ့ Fit ဖြစ်တာလေးတွေနဲ့ပိုလိုက်ဖက်ပါတယ်။ CropTop, Sleeveless Top, Spagaetti-Strap Top နဲ့ Off-Shoulder Top လေးတွေကသင့်ကိုပိုပြီးမိုက်သွားစေပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးစတိုင်လေးပဲနှစ်သက်တယ်ဆိုရင်တော့ T-shirt လေးတွေနဲ့လည်းအဆင်ပြေပါတယ်။ T-shirt ဆိုရင် ကန့်လန့်စင်းပါတာလေးတွေကိုရွေးချယ်လိုက်ပါ။

Accessories ဆိုရင်လည်း Jewellery ကြီးကြီးမားမားတွေနဲ့မလိုက်ဖက်ပါဘူး။ တကယ်လို့ဝတ်ချင်တယ်ဆိုရင်လည်း Bracelts လေးတွေနဲ့ Earrings ခပ်ပါးပါးလေးဆိုလုံလောက်ပါတယ်။ ချမ်းအေးတဲ့အချိန်တွေဆို Scarf ပ၀ါလေးတွေနဲ့ဆိုလည်းအရမ်းစတိုင်ကျပါတယ်။ အိတ်ကိုင်မယ်ဆိုရင်လည်း ToteBag လိုခပ်ကြီးကြီးအိတ်ကြီးတွေထက် Crossbody Bag, Belt Bag တို့လိုခပ်သေးသေးအိတ်လေးတွေပဲရွေးချယ်လိုက်ပါနော်။ Clutch လိုလက်ကိုင်အိတ်လေးတွေနဲ့လည်းလိုက်ဖက်ပါတယ်။

source:moda

Read 1251 times
Rate this item
(0 votes)