What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်ရွေးချယ်မယ့် ဝတ်စုံပေါ်မူတည်ပြီး အတွင်းခံဘောင်းဘီတွေကို ဘယ်လို ရွေးချယ်ကြမလဲ

သင်ရွေးချယ်မယ့် ဝတ်စုံပေါ်မူတည်ပြီး အတွင်းခံဘောင်းဘီတွေကို ဘယ်လို ရွေးချယ်ကြမလဲ google

အမျိုးသမီးတွေအနေနဲ့ ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့ ဝတ်စုံကို ဆင်မြန်းရုံနဲ့ မပြီးသေးပါဘူး။ ဝတ်စုံတွေနဲ့ လိုက်ဖက်သင့်လျော်တဲ့ အတွင်းခံတွေကိုလည်း ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

ဒါကြောင့်မို့ ဘယ်လိုအတွင်းခံအမျိုးအစားကို ဘယ်လိုဝတ်စုံနဲ့ တွဲဖက်ရွေးချယ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ ဘောင်းဘီတို

boy shorts min

ဒီလိုဘောင်းဘီတိုတွေကို မီနီစကပ်၊ ဂါဝန်တိုနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ လေတိုက်တာတို့ဖြစ်ခဲ့ရင်တောင် ဒီလိုမျိုးဝတ်ဆင်ထားတာကြောင့် စိတ်မပူရတော့ဘူးပေါ့။

၂။ ရိုးရိုးသာမန်ဘောင်းဘီ

classic briefs min

ဂျင်းဘောင်းဘီတွေ ၊ အတွန့်တွန့်ပုံစံစကပ်တွေ ဝတ်ဆင်တဲ့အခါမှာ ဒီလို ပုံစံဘောင်းဘီမျိုးကို ရွေးချယ်ပါ။

၃။ တင်ပါးတစ်ဝက်ပြတ် ချက်ပြုတ်ဘောင်းဘီ

hipsters min

ဒီဘောင်းဘီတွေဟာ Pants တွေနဲ့ ခါးချက်ပြုတ်လောက်ရှိတဲ့ ဘယ်လိုဘောင်းဘီမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။

၎။ သားရေကြိုးဘောင်းဘီ

thong min

သားရေကြိုးဘောင်းဘီတွေကိုတော့ pencil စကပ် ၊ ခန္ဓာကိုယ်ပေါ်လွင်ပြီး fitစေတဲ့ dress တွေနဲ့ ဝဆ်ဆင်မယ်ဆိုရင် လိုက်ဖက်သင့်လျော်ပါတယ်။

စတိုင်ကျကျနဲ့ ခရီးထွက်နိုင်ဖို့ ဘယ်လို ပြင်ဆင်ကြမလဲ

၅။ ချက်ဖုံးဘောင်းဘီ

fiench cut panties min

ခါးမြင့်ဘောင်းဘီတွေနဲ့ ဒီလိုဘောင်းဘီတွေက လိုက်ဖက်ညီပါတယ်။

၆။ ကြိုးတစ်ချောင်းထဲပါတဲ့ဘောင်းဘီ

g string min

g-string ဘောင်းဘီတွေက တင်ပါးကို အလုံဖုံးအုပ်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။ သူနဲ့လိုက်ဖက်မှုရှိတဲ့ dress တွေက ခန္ဓာကိုယ် fit ဖြစ်တဲ့ dress တွေနဲ့ အသားကပ်ဘောင်းဘီတွေပဲဖြစ်ပါတယ်။ ဒီလိုဘောင်းဘီတွေကို ရွေးချယ်ခြင်းအားဖြင့် အပြင်ဘက်ကနေ ဘောင်းဘီအရာအကြောင်းတွေကိုလည်း မမြင်နိုင်တော့ဘူးလေ။

 

Author:TDA

Read 3891 times
Rate this item
(1 Vote)