What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Small Size ပိုင်ရှင်လေးတွေ အထာကျစေဖို့ ဘယ်လိုရွေးချယ်ဝတ်သင့်လဲ..

ခုဆိုရင် ဘယ်ဖက်ရှင်ဆိုင်မှာပဲ ကြည့်ကြည့် small size တွေ၊ XS size လေးတွေက အများဆုံး နေရာယူထားကြတာ တွေ့ရပါတယ်။ အဲဒီတော့ small size တွေအတွက်က ရွေးချယ်နိုင်ခွင့် အများဆုံးရှိနေပြီး ဝယ်ယူရတာလည်း လွယ်တာပေါ့။

ဒါပေမယ့် အဲဒါတွေကို ဖက်ရှင်ကျကျလေး တွဲဖက် ဝတ်ဆင်တတ်ဖို့လည်း လိုတယ် မဟုတ်လား။ အဲဒီအတွက်လည်း ဒီအချက်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်နော်..။

 

၁။ ကိုယ့်ရဲ့ body အပေါ် ချပ်ချပ်ရပ်ရပ် ရှိစေမယ့် အဝတ်အထည်တွေမှာ အချိုး အကွေ့လေးတွေ ခပ်များများ ထည့်ပေးပါ။ ရှိရင်းစွဲထက် curvy ဖြစ်စေတဲ့ ဝတ်စုံတွေကို ရွေးပါ။ ခါးနေရာ၊ တင် နေရာတွေမှာ ပုံကျပန်းကျဖြစ်နေဖို့ကို ဂရုစိုက်ပါ။

 

၂။ ဝိတ်ရှိတဲ့ ပိတ်စတွေကို ဦးစားပေးပါ။ သိုးမွှေးထည်၊ ကတ္တီပါစတွေလို volume ဖြစ်စေတဲ့ အစမျိုးတွေကလည်း ပိန်ပိန်သေးသေးလေးတွေကို ပြည့်တယ်လို့ အထင်ရောက်စေပြီး ဖက်ရှင်ပုံရိပ်တစ်ခုကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။

 

၃။ အဆင်ရှုပ်ရှုပ်တွေကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကြီးပြီး ကျဲတာမျိုး၊ အရမ်း သေးသေးနုပ်နုပ်ဖြစ်တာမျိုးကိုတော့ ရှောင်ပါ။

 

၄။ အနက်ရောင်ကတော့ လူကို ပိုပြီး သေးသွယ်သွားစေပါလိမ့်မယ်။ ဖက်ရှင်အတွက် အဓိကကျတဲ့ အရောင်မို့ မရှောင်လွှဲပစ်နိုင်ဘူးဆိုရင်တောင် အပြည့်ဝတ်ပစ်တာမျိုး မလုပ်ဘဲ accessory တွေ အကူအညီနဲ့ ပြန်ပြီး လင်းပစ်ပါ။

 

၅။ အလွယ်ကူဆုံးနဲ့ သင့်ကို curvy shape ဖြစ်သွားအောင် ကူညီပေးနိုင်တာကတော့ အစင်းဖက်ရှင်ပါပဲ။ ဒါပေမယ့် ရေပြင်ညီစင်းပဲနော်။ ဒါတွေက ဘေးဘက်ကို ပိုကျယ်ပြန့်တယ်လို့ မျက်လုံးကို လှည့်ဖြားနိုင်စွမ်းရှိလို့ခပ်ပြည့်ပြည့်ခန္ဓာကိုယ်ပိုင်ရှင်တွေဆိုရင်တော့ ရှောင်ရမှာပါ။ အင်္ကျီ ဒါမှမဟုတ် ဂါဝန်တို အစင်းလေးတွေကို ပေါ့ပေါ့ပါးပါး ဝတ်ချလိုက်တာက ပိုမိုကျစ်လျစ်ပြီး ကြည့်ကောင်းစေပါလိမ့်မယ်။

 

၆။ လက်ရှည်အင်္ကျီတွေကလည်း သေးသွယ်လွန်းတဲ့ လက်မောင်းတွေကို ပိုကြည့်ကောင်းအောင် ကူညီပါလိမ့်မယ်။ ဒါပေမယ့် စကတ်အတို ပုံစံမျိုးကိုတော့ တတ်နိုင်သမျှ ရှောင်ပါ။ ဒါတွေအစား ဒူးအတိဂါဝန်လေးတွေ ရွေးပါ။

 

၇။ ခြေမျက်စိအထိပဲ ရှည်တဲ့ boot cut ဘောင်းဘီတွေကတော့ ပေါင်၊ ခြေ သလုံးနေရာတွေကို မိန်းကလေးဆန်ဆန်လေး လှပနေစေအောင် ထောက်ကူပေးမှာပါ။

 

၈။ လက်ပြတ်အင်္ကျီတွေ၊ အခု ခေတ်စားနေတဲ့ crop top တွေကိုတော့ သိပ်အားမပေးချင်ပါဘူး။ အဲဒီအစား shoulder off အင်္ကျီ အလွင့်လေးတွေ၊ ဂါဝန်ဝဲဝဲလေးတွေကို ပြောင်းလဲ ရွေးချယ်ကြည့်လို့ ရတယ် မဟုတ်လား။

 

၉။ ဒါပေမယ့် လည်ပင်းသိုင်း၊ ဂုတ်ကြိုး ချည် ပုံစံလေးတွေတော့ ရွေးလို့ရတယ် နော်။ ခါးနေရာမှာတော့ ဖစ်တင်ဖြစ်နေဖို့ လိုတာပေါ့။

 

၁၀။ Layer တွေကိုလည်း မေ့မထားသင့်ပါဘူး။ ဒါတွေက ကိုယ့်ကို ဖက်ရှင်လည်း ကျစေသလို သေးသွယ်လွန်းတယ်လို့ လည်း အထင်မရောက်အောင် လှည့်စား ပေးနိုင်ပါတယ်။

 

၁၁။ တီရှပ်နဲ့ ဂျင်းန်လေးပဲ ပေါ့ပေါ့ပါးပါး ဝတ်သွားချင်တာကတော့ မိန်းကလေးတိုင်း လိုလိုပါပဲ။ skinny Girl လေးတွေ ဆိုရင်တော့ အဲဒီ တီရှပ်ပေါ်ကနေ ကုတ် အတိုလေး တစ်ခုခု ထပ်တာ ဒါမှမဟုတ် ပုဝါအပါးလေးကို စုံချတာမျိုး ထပ်ပေါင်း ပါ။ ဖိနပ်ကိုလည်း တပြေးညီ အမြင့်မျိုး၊ ဘုသ်ပုံစံမျိုးကို ရွေးတွဲပါ။

 

၁၂။ Accessory တွေကိုတော့ မျှင်မျှင်သေး သေးနဲ့ ခပ်ရှုပ်ရှုပ်လေးတွေ ဆင့်ဝတ်ပါ။

 

Myanmar Textile & Garment Guide

source:now

Read 885 times
Rate this item
(0 votes)