What's new

×

Warning

JUser: :_load: Unable to load user with ID: 845


VF Corporation က Supreme ကို ဒေါ်လာ ၂.၁ ဘီလျံဖြင့် ဝယ်ယူရန် စီစဉ်

Dickies, The North Face, Vans နှင့် Timberland အပါအဝင် ကုန်အမှတ်တံဆိပ်များကို ပိုင်ဆိုင်သော အမေရိကန်အဝတ်အထည်နှင့် ဖိနပ် ကုမ္ပဏီ VF Corporation သည် streetwear ကုမ္ပဏီကြီးကို ဝယ်ယူရန် စီစဉ်ထားသည်။

 

Supreme တွင် လက်ရှိရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည့် The Carlyle Group နှင့် Goode Partners တို့က ၎င်းတို့ ပိုင်ဆိုင်ထားသည့် ရှယ်ယာများကို ရောင်းချပေးမည် ဖြစ်သည်။

 

Supreme တည်ထောင်သူ ဂျိမ်းစ်ဂျဘဘီးယားက လွတ်လပ်စွာ လုပ်ကိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ဆက်လက် ထိန်းသိမ်းမည်ဟု အလေးအနက် ပြောကြားခဲ့သည်။ VF သည် North Face, Vans နှင့် Timberland တို့ အပါအဝင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် နာမည်ကြီးတံဆိပ်များ ပိုင်ရှင်ဖြစ်သော ကမ္ဘာ့အဆင့်မီကုမ္ပဏီတွင် ကျွန်ုပ်တို့ ဝင်ရောက်ခွင့်ရခြင်းကို ဂုဏ်ယူပါသည်။ ဤပူးပေါင်းမှုသည် ကျွန်ုပ်တို့၏ ပင်ကိုထူးခြားသော ယဉ်ကျေးမှုနှင့် လွတ်လပ်မှုကို ထိန်းသိမ်းထားပြီး၊ ၁၉၉၄ ခုနှစ်မှစ၍ ကျွန်ုပ်တို့ ‌လျှောက်လှမ်းခဲ့သော လမ်းကြောင်းအတိုင်း ကြီးထွားခွင့်ပြုပါလိမ့်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

Carlyle Group သည် Supreme တွင် ၂၀၁၇ ခုနှစ်၌ ရှယ်ယာများ ဝယ်ယူကာ ရင်းနှီးမြှုပ်နှံခဲ့သည်။ Carlyle Group သည် ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းကို အချိန်တန်လျှင် ရောင်းထုတ်ပစ်လေ့ရှိသည်မှာ ယင်း၏ စီးပွားရှာ စံပုံစံဖြစ်သည်။ အမှတ်တံဆိပ်တို့ကို ကြီးထွားစေပြီးသောအခါ သုံးနှစ်နှင့် ငါးနှစ်အတွင်းမှာ ပြန်ရောင်းထုတ်ပစ်လေ့ရှိသည်။

 

By Myanmar Textile & Garment Guide

Ref: hypebeast.com

Read 751 times
Rate this item
(0 votes)