What's new

×

Warning

JUser: :_load: Unable to load user with ID: 845


COVID-19 ကြောင့် အွန်လိုင်းပေါ်မှာ ကျင်းပခဲ့တဲ့ New York Fashion Week

Coronavirus ကူးစက်မှုသည် ယခုနှစ် New York Fashion Week ကို ပြောင်းလဲသွားစေခဲ့ပါတယ်။

 

နှစ်စဉ် show ပွဲ တစ်လျှောက် ရှေ့ဆုံးတန်းတွင် နေရာယူထားသော နာမည်ကြီးမော်ဒယ်များလည်း မရှိတော့သလို စာနယ်ဇင်းသမားများလည်း မရှိနိုင်တော့ပါ။

 

နောက်ဆုံးတွင် "ဖက်ရှင်ဟာ စီးပွားရေးလုပ်ငန်းဖြစ်ပြီး Fashion Week ဟာ ဖက်ရှင်ဒီဇိုင်းပညာရှင်များအတွက် စီးပွားရေးလုပ်ရန် ပလက်ဖောင်းတစ်ခု ဖြစ်တယ်" လို့ အမေရိကန်ဖက်ရှင်ဒီဇိုင်နာများကောင်စီ (CFDA) ၏အမှုဆောင်အရာရှိချုပ်စတီဗင် Kolb က Associated Press သို့ ပြောကြားခဲ့ပါတယ်။ "ဖက်ရှင်လောကမှ လူတွေရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ အလုပ်အကိုင်များ ဖြစ်ပြီး ရှေ့ကို ဆက်တိုးရမယ့် လမ်းကြောင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သတိထားပြီး ဘေးကင်းအောင် လုပ်ကြရမယ်"သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

 

တနင်္ဂနွေနေ့တွင် ဖက်ရှင်ရက်သတ္တပတ် စတင်မှာ ဖြစ်ပြီး အားလုံးနီးပါး အွန်လိုင်းပေါ်မှာ ကျင်းပခဲ့ပါတယ်။ 

 

နွေဦးစုစည်းမှုများအတွက် Brands အနည်းငယ်သာ ပါဝင်ပြသမှာဖြစ်ပြီး COVID-19 ရဲ့ စစ်ဆေးမှုများအပါအဝင် လူချင်း ခပ်ခွာခွာနေခြင်း၊ မတ်စ် ဝတ်ဆင်ခြင်းနဲ့ တင်းကျပ်သော လုံခြုံရေးအတွက်လည်း စီစဉ်ထားပြီး ဖြစ်ပါတယ်။

 

ထိုပြပွဲများကို CFDA က အွန်လိုင်းပေါ်ကနေ ပရိသတ်တွေကြည့်ရှုနိုင်အောင် Designers များကိုလည်း ဝယ်သူတွေ၊ စားသုံးသူတွေနဲ့ဆက်သွယ်နိုင်အောင် Runway 360 ကို ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

 

ဒီပလက်ဖောင်းအသစ်ဟာ Manhattan ရွက်ဖျင်တဲဟောင်းတွေရဲ့ဒီဂျစ်တယ်ပုံစံ ဖြစ်ပါတယ်။

 

နှစ်စဉ် CFDA Awards ဆုရရှိသူများကို ဗီဒီယိုဖြင့် ကြေညာမယ်လို့လည်း သိရပါတယ်။

 

ခုလို ပြောင်းလဲမှုတွေကြောင့် Marc Jacobs အပါအဝင် ထိပ်တန်းဒီဇိုင်နာများဖြစ်တဲ့ Oscar de la Renta၊ Ralph Lauren၊ Michael Kors၊ Prabal Gurung, Proenza Schouler နှင့် Tory Burch တို့လည်း သူတို့ရဲ့ ပြပွဲတွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ တချို့ဒီဇိုင်နာတွေ ကတော့ ယခုနှစ်နှောင်းပိုင်းတွင် သို့မဟုတ် အခြားပုံစံတွေနဲ့သာ သူတို့ရဲ့ collection တွေကို ပြသနိုင်မယ်လို့ သိရပါတယ်။

 

"ငါတို့အားလုံးသဘောတူနိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ Live show ကို ဘာနဲ့မှအစားထိုးလို့မရဘူး" လို့ Kolb က ပြောခဲ့ပါတယ်။

 

By HtikeHtike(Myanmar Textile & Garment Guide)

Ref: newsus.cgtn.com

Read 658 times
Rate this item
(0 votes)