What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ကမ္ဘာ့အသက်ကြီးဆုံး မော်ဒယ် (၅) ဦး
ကမ္ဘာ့အသက်ကြီးဆုံး မော်ဒယ် (၅) ဦး google
အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတဲ့ စကားဟာ အလကားမဟုတ်ပါဘူး။
အသက်ကြီးပေမယ့် လူငယ်တွေနဲ့ တန်းတူ အပြိုင် တက်ကြွစွာ အလုပ်လုပ်နေတဲ့ သူတွေလည်းရှိပါတယ်။
မော်ဒယ်လောကမှာ အများစုဟာ ငယ်ရွယ်ပြီး ချောမောလှပတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။
အသက် ၆၀ ကျော် ၊ အသက် ၇၀ ကျော်တွေက လူငယ်တွေနဲ့ အပြိုင်လန်းပြီး မော်ဒယ်လောကမှာ အောင်မြင်နေတယ် ဆိုသင် အံ့သြသွားပါလိမ့်မယ်။
ကမ္ဘာ့အသက်ကြီးဆုံး မော်ဒယ် ၅ ဦးဖော်ပြပေးလိုက်ပါတယ်။
Majorie Gilbert
သူမဟာ အင်္ဂလန်နိုင်ငံမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး သူမရဲ့ အသက်ဟာ ၁၀၁ နှစ်ရှိပြီးဖြစ်ပါတယ် ။
၂၀၁၆ ခုနှစ်မှာမော်ဒယ်လောကကို စတင် ဝင်ရောက်ခဲ့ဲပြီး အသက်ကြီးဆုံးမော်ဒယ်တစ်ဦးဖြစ်ပါတယ် ။
သူမဟာ ဖက်ရှင်ကို အလွန်စိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး ဖက်ရှင်အဆန်းတွေဝတ်ဆင်ရတာကိုလည်း
စိတ်ဝင်စားသူတစ်ဦးပါ။
Baddie Winkle
သူမဟာတော့ အမေရိကန်မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ အသက် ၈၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး
မော်ဒယ်လောကကို စတင်ဝင်ရောက်ခဲ့ဟာ ၂၀၁၄ ခုနှစ်ကဖြစ်ပါတယ်။ သူမဟာ ထူးခြားစွာ
ဓာတ်ပုံရိုက်ကူးခြင်း ၊ Sexy ဆန်သော အဝတ်အစားများဝတ်ဆင်ခြင်း နှင့်ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး
လှုပ်ရှားမှုတို့ကြောင့် လူသိများပါတယ်။
Daphne Selfe
Daphne Selfe ဟာတော့ ငယ်စဉ်ကတည်းကမော်ဒယ်လောကကို ဝင်လာခဲ့သူတစ်ဦးပါ။ သူဟာ အသက် ၈၈ နှစ်အရွယ်ရှိပြီး မော်ဒယ်လောကိုစတင်ဝင်ရောက်ခဲ့ တာကတော့ ၁၉၄၉ ခုနှစ်ကပဲဖြစ်ပါတယ်။
သူမဟာ အင်္ဂလန်နိုင်ငံမှာနေထိုင်ပြီး online မှာ မော်ဒယ်သင်တန်းများကို ဖွင့်လှစ်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ကမ္ဘာ့အသက်ကြီး စူပါမော်ဒယ်အဖြစ် Guinness World Record ဆုကိုချီးမြှင့်ခြင်းခံခဲ့ ရပါတယ်။
China Machado
သူမဟာ တရုတ်နိုင်ငံမှာမွေးဖွားခဲ့သူဖြစ်ပြီး အာဂျင်နီးနား ၊ ပီရူး ၊ စပိန် ၊ ပြင်သစ် ၊ အမေရိက စတဲ့ နိုင်ငံတွေမှာ ပြောင်းရွေ့နေထိုင်ပြီး ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်ကတည်း မော်ဒယ်လောကကို စတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ သူမဟာအသက် ၈၆ အထိမော်ဒယ်
လုပ်ငန်းကို လုပ်ကိုင်ခဲ့သူဖြစ်ပြီး အသက် ၈၇ နှစ်မပြည့် မီ တစ်ပတ်အလိုမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
Carmen Dell’s Orefice
သူမဟာ အသက် ၈၆ အရွယ်အထိမော်ဒယ်လုပ်ငန်းကိုလုပ်ကိုင်ခဲ့သူတစ်ဦးပါ။ အမေရိကန်နိုင်ငံသူတစ်ဦးဖြစ်ပြီး မော်ဒယ်လောက ကို ၁၉၄၆ ခုနှစ်ကစတင်ဝင်ရောက်ခဲ့သူတစ်ဦလည်းဖြစ်ပါတယ်။ ၁၉၅၈ မှာ မော်ဒယ်လောကမှ အနားယူခဲ့ ပြီး ၁၉၇၈ ခုနှစ်တွင် အိမ်ထောင်ကွဲပြီး
နောက် မော်ဒယ်လောကသို့ပြန်ဝင်လာပြီး ရုပ်ရှင်ဇာတ်ကားတွေကိုပါရိုက်ကူးခဲ့ပါတယ်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Majorie Gilbert
old1
၂၀၁၆ ခုနှစ်မှာမော်ဒယ်လောကကို စတင် ဝင်ရောက်ခဲ့ပြီး အသက်ကြီးဆုံးမော်ဒယ်တစ်ဦးဖြစ်ပါတယ် ။
Baddie Winkle
old2
Daphne Selfe
old4
China Machado
old5
Carmen Dell’s Orefice
old6
Reference; Oldest.org
Myanmar Textile and Garment Directory
သူတို့လို လှပစွာ ချုပ်ဖို့ ဖက်ရှင်ဒီဇိုင်နာတွေကို သိချင်တယ်ဆိုရင်တော့ဒါလေးကို နှိပ်လိုက်ပါနော်
Read 1302 times
Rate this item
(0 votes)
Tagged under