အိန္ဒိယလူမျိုးဖြစ်တဲ့ ဒီဇိုင်နာ Manish Arora ၏ namesake ဖက်ရှင်အမှတ်တံဆိပ်သည် လွန်ခဲ့သောသုံးနှစ်ကတည်းက ဆိုးရွားလာတဲ့ စီးပွားရေးကျဆင်းမှုကြောင့် လုပ်ခများလည်း မရနိုင်ဘဲ အငြင်းပွားမှုများဖြစ်ပွားပြီး တရားစွဲဆိုခြင်းများ ဖြစ်ပေါ်လာခဲ့တယ်။
ကိုရိုနာကူးစက်ရောဂါကြောင့် ပါရီရှိ Manish Arora စတိုးကို ပိတ်ထားရပြီး သူ့ဝန်ထမ်းများကိုလည်း ကုမ္ပဏီ ဖျက်သိမ်းတော့မယ်လို့ အကြောင်းကြားခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းက Arora သည် ဆယ်စုနှစ်ပေါင်းများစွာ သူ့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တဲ့ Deepak Bhagwani နဲ့ လမ်းခွဲခဲ့တယ်။ Arora ၏အိန္ဒိယလက်အောက်ခံကုမ္ပဏီဖြစ်သည့် ပြင်သစ်ကုမ္ပဏီကလည်း ဇူလိုင်လတွင် ဖျက်သိမ်းခဲ့တယ်။
လွန်ခဲ့သော ၂ လခန့်က ပဲရစ်မြို့၌ သူ၏ Pop-up စားသောက်ဆိုင် စတင်ဖွင့်လှစ်ကြောင်းကြေညာခဲ့ပြီး ယခုလည်း Manish Arora ဝဘ်ဆိုက်ကို ပြုပြင်ရန်အတွက် ပိတ်ထားပါတယ်။ အမေရိကန်၏ထိပ်တန်းသတင်းစာတစ်စောင်ကနေ ဝယ်ယူနိုင်သော ကုန်အမှတ်တံဆိပ်၏ပစ္စည်းများကို အတိတ်ကာလမှစတင်ပြီး အရှေ့အလယ်ပိုင်းနှင့် အာရှရှိ ဖက်ရှင်ဆိုင်ငယ်များမှတစ်ဆင့် လျှော့ဈေးပေးပြီး ရောင်းချလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။
သူသည် ပြီးခဲ့သည့် ၂၀၂၀ နွေဦးရာသီတွင် အဆင်သင့်ဝတ်ဆင်နိုင်သော “ We Are Family” အမည်ရှိစုဆောင်းမှုကို Lakmé Fashion Week Spring / Summer 2020 ပြပွဲနှင့်အတူတူ ပဲရစ်တွင် ပြသခဲ့ပါတယ်။
By THO (Myanmar Textile & Garment Guide)
Ref: fibre2fashion.com