What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးအစား မတူညီတဲ့ စကပ်တွေကို ဘယ်လိုဖိနပ်တွေနဲ့ လိုက်ဖက်အောင် ဝတ်ဆင်ကြမလဲ

မိန်းကလေးတွေအနေနဲ့ မှန်ကန်တဲ့ Outfit တွေကို ရွေးချယ်တတ်ပေမဲ့ တခါတရံမှာ အင်္ကျီနဲ့ လိုက်ဖက်မယ့် ဖိနပ်တွေကို ရွေးချယ်ရာမှာ တကယ်ကို ခက်ခဲလွန်းပါတယ်။

အမြဲတမ်းကြည့်ကောင်းစေပြီး သက်သောင့်သက်သာရှိဖို့ကို ဘယ်သူမဆို လိုချင်ကြပါတယ်။ အဲ့ဒါကြောင့် ပျိုမေတို့အတွက် ပေါ်ပြူလာဖြစ်တဲ့ စကပ်အမျိုးအစားတွေနဲ့ ဘယ်လို ဖိနပ်တွေက ကိုက်ညီပြီး လိုက်ဖက်မှုရှိလဲဆိုတာကို ပြောပြပေးပါမယ်။

1. Pencil skirt + low comfortable heels

Pencil skirt low comfortable heels min
pencil စကပ်ဟာ classic ဆန်ပြီး ဘယ်တော့ပဲဝတ်ဝတ် ရိုးသွားလေ့မရှိပါဘူး။ ယနေ့ခေတ်မှာ ရုံးတွင်းမှာဘဲ ဝတ်ဆင်ရုံသာ မဟုတ်တော့ဘဲ အပြင်မှာလည်း ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။ ကွဲပြားခြားနားတဲ့ အရှည်၊ အရောင်စုံ၊ ပုံစံဒီဇိုင်းနှင့် အသားအမျိုးမျိုးလည်း ရှိတာကြောင့် အလွယ်တကူ ရွေးချယ်လို့ရပါတယ်။ pencil skirt တွေကို သက်တောင့်သက်သာရှိတဲ့ ဒေါက်မြင့်အနိမ့်တွေနဲ့ စီးဖို့ အကြံပြုချင်တယ်။ တကယ်လို့ စကပ်က ဒူးနား (သို့) ဒူးနားအောက်ရှည်တယ်ဆိုရင် ကြိုးသိုင်းဒေါက်မြင့်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်ဖို့ အကောင်းဆုံးပါပဲ။

2. Tulip skirt + ankles covered + toes opened

Tulip skirt ankles covered toes opened min
Tulip စကပ်က သင့်ရဲ့တင်ပါးအလှကို ပေါ်လွင်စေပြီး မိန်းမဆန်စေတယ်။ ကိုက်ညီမှုရှိတဲ့ ဖိနပ်နဲ့ တွဲဖက်မယ်ဆိုရင် ဆွဲဆောင်မှုရှိပြီး သင့်ရဲ့ပုံရိပ်ကို မြှင့်တင်ပေးမှာပါ။ အင်္ကျီအရောင်နဲ့ လိုက်ဖက်မှုရှိမယ့် ဘွတ်ဖိနပ်၊ ထိပ်အပွင့် ဒေါက်ဖိနပ်တွေကို ရွေးချယ်နိုင်တယ်။ ပူပြင်းတဲ့နေ့တွေမှာ ကြိုးသိုင်းဒေါက်ကို ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ ထိပ်ပွင့်ဒေါက်ဖိနပ်တွေက သင့်ကို သက်တောင့်သက်သာ မပေးဘူးဆိုရင် sneaker ဖိနပ်လေးက ပေါ့ပေါ့ပါးပါး ရှိစေမှာပါ။

Sneaker အဖြူရောင် ဖိနပ်လေးကို ဒီလိုဖက်ရှင်ကြအောင် ဝတ်ဆင်မယ်

3. Flared skirt + heels to your taste

Flared skirt heels to your taste min
စတိုင်ကျစေဖို့ စကပ်အကားလေးတွေကို ဒေါက်ဖိနပ်အမြင့်နဲ့ ပေါင်းစပ်သင့်ပါတယ်။ ကိုယ်သွားရမယ့်နေရာပေါ်မူတည်ပြီး အမြင့်နှင့် အမျိုးအစားကို ရွေးချယ်ပါ။ ပူပြင်းတဲ့ နွေရာသီမှာဆိုရင် platform sandal နဲ့ သင့်လျော်ပါတယ်။ အင်တာဗျူးသွားတဲ့အခါတွေ၊ မိုးရာသီ၊ ဆောင်းရာသီတွေအခါမှာဆိုလည်း ဒေါက်ဖိနပ်အမြင့်လေး တစ်ရန် ဆောင်ထားသင့်ပါတယ်။

4. Wrap skirt + flat sole (unless you want heels)

Wrap skirt flat sole unless you want heels min
wrap skirt ဟာ ဘယ်လို ခန္ဓာကိုယ်အရွယ်အစားမဆို ကိုက်ညီမှုရှိတဲ့ စကပ်ပါ။ လိုက်ဖက်မှုရှိတဲ့ ဖိနပ်တစ်စုံနှင့်အတူ ဒီစကပ်က သင့်ကို လွတ်လပ်မှု ပေးစွမ်းနိုင်မှာပါ။ wrap skirt နဲ့ ဖိနပ်အပါးတွေက တွဲဖက်ညီလှတယ်။ တကယ်လို့ ဒေါက်မြင့်ဖိနပ်စီးရန် စဉ်းစားဖို့ ကြံနေရင်တော့ ဒီအတွေးကို မရပ်တန့်လိုက်ပါနဲ့။

5. A-line skirt + heels again?

A line skirt heels again
A-line skirt တွေရဲ့ပြဿနာက သင့်ရဲ့ခြေထောက်ကို တိုစေပြီး တင်ပါးကြီးတယ်လို့ ထင်စေနိုင်တယ်။ ဒါကြောင့် အမြင့်အရွယ်အစားကြီးတာ (သို့) အလတ်စား ဒေါက်ဖိနပ်တွေဟာ သင့်ကို သွယ်လျစေမှာပါ။ နေ့စဉ်သွားလာတဲ့အခါနှင့် ရာသီအလိုက် ဒေါက်ဖိနပ်အမျိုးအစားကို ခွဲခြား ရွေးချယ်ပါ။ တကယ်လို့ Aစကပ်ကတိုပြီး သက်တောင့်သက်သာရှိမယ့် ဖိနပ်ကိုစီးချင်ရင်တော့ sneaker ဖိနပ်နဲ့ တွဲဖက်လိုက်ပါ။ A-line စကပ်မှာ mini,midi နှင့် maxi ဆိုပြီး အရှည်အလျားပေါ်မူတည်၍ (၃)မျိုးရှိပါတယ်။

6. Mini skirt + boots

Mini skirt boots min
ယနေ့ခေတ်မှာ မီနီစကပ်တွေကို အမျိုးစားစုံလင်တဲ့ ပိတ်ထည်တွေနဲ့ အရောင်အသွေးစုံလင်လာတာကို တွေ့မြင်ရမှာပါ။ စတိုင်ကျစေဖို့အတွက် ဘွတ်ဖိနပ်နဲ့ ပေါင်းစပ်ဖို့ အကြံပေးချင်ပါတယ်။ ပါတီပွဲတွေမှာတော့ ဘွတ်ဖိနပ်အမြင့်ကို ဝတ်ဆင်နိုင်ပါတယ်။ အေးတဲ့ရာသီမှာတော့ မီနီစကပ်ကို ဒူးထိရှိတဲ့ ဘွတ်ဖိနပ်နဲ့ တွဲစပ်ခြင်းဟာ အကောင်းဆုံးပါပဲ။ အကယ်၍ ဒေါက်မြင့်ဖိနပ်ကို ကြိုက်နှစ်သက်တယ်ဆိုရင်လည်း ရွေးချယ်နိုင်ပါတယ်။

7. Midi skirt + something casual

Midi skirt something casual min
midi စကပ်ဟာ နွေရာသီလိုမျိုး ပူအိုက်တဲ့ရာသီမှာ သင့်ရဲ့အဝတ်ဗီရီုထဲမှာ ရှိထားသင့်တဲ့ စကပ်ဖြစ်တယ်။ အမျိုးအစား များပြားတဲ့ ဖိနပ်တွေနှင့်အတူ အရောင်တောက်စေမယ့် accessories နဲ့တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ outfit အရောင်နဲ့ လိုက်ဖက်မယ့် ကြိုးသိုင်းဖိနပ်အပါးကို ရွေးချယ်နိုင်တယ်။ အမြင့်တွေကို ကြိုက်တဲ့ ပျိုမေတို့အနေနဲ့ ထိပ်ပွင့်ဒေါက် ဒါမှမဟုတ် အလတ်စားဒေါက်တွေကို ဝတ်ဆင်နိုင်ပါတယ်နော်။

8. Maxi skirt + high heel or platform

Maxi skirt high heel or platform min
maxi skirt က သင့်ရဲ့ခါးကို ပေါ်လွင်စေအောင် ပြုလုပ်ပေးနိုင်တယ်။ ခါးပတ်(သို့) သင့်လျော်တဲ့ စွပ်ကျယ်နှင့် ပေါင်းစပ်ပါ။ heel နှင့် platfoem ကို ရွေးချယ်ခြင်းဟာ အကောင်းဆုံးပါပဲ။ နွေရာသီမှာတော့ maxi စကပ်ကို high-platform sandal နဲ့ တွဲဖက်နိုင်တယ်။ အေးတဲ့ရာသီမျိုးဆိုရင်တော့ ဒေါက်ပါတဲ့ ဘွတ်ဖိနပ်ကို ဝတ်ဆင်နိုင်ပါတယ်နော်။

 

Author:TDA

Read 19261 times
Rate this item
(1 Vote)