What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်ဗီဒိုထဲမှာ မရှိမဖြစ်ရှိနေသင့်တဲ့ အဝတ်အစားများ

အဝတ်ဗီဒိုထဲမှာ မရှိမဖြစ်ရှိနေသင့်တဲ့ အဝတ်အစားများ google

အဝတ်ဗီဒိုထဲမှာ အဝတ်တွေ အများကြီး ရှိနေပေမယ့် ဘာမှဝတ်စရာမရှိ ဖြစ်နေတယ်ဆိုရင် အဖြေက သင့်ဗီဒိုထဲမှာ

အခြေခံအဝတ်အစားတွေ လုံလုံလောက်လောက် မရှိနေလို့ပါ။ ဒီဇိုင်းအဆန်းတွေ ခေတ်ပေါ် ဝတ်စုံတွေ အများကြီး ဝယ်ထားပေမယ့် အခြေခံအဝတ်အစားတွေ မရှိရင် တွဲဖက်ဝတ်ဆင်ဖို့ ခက်ပါလိမ့်မယ်။ဒါ့ကြောင့် မိန်းကလေးတွေ အပြင်သွားခါနီး အဝတ်အစားလဲရင် ကြာတတ်တာပါ။

(၁) တီရှပ်လက်ရှည်

တီရှပ်လက်ရှည် တစ်ထည်တော့ ဗီဒိုထဲမှာ ရှိနေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တီရှပ်လက်ရှည်အကျီင်္တွေက ဘာနဲ့ တွဲဝတ်ဝတ် လိုက်လို့ပါ။ အောက်ကနေ ဘောင်းဘီရှည်နဲ့ပဲဖြစ်ဖြစ် ဘောင်းဘီတိုနဲ့ပဲ ဖြစ်ဖြစ် စကပ်အတိုလေးနဲ့ပဲဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ အေးရင်ပဲဖြစ်ဖြစ် နေလောင်မှာစိုးလို့ပဲဖြစ်ဖြစ် လက်ရှည်အကျီင်္လေးတွေက နေရာတကာမှာ အသုံးဝင်လို့ ဝယ်ထားသင့်ပါတယ်။ ဘာအရောင် နဲ့တွဲဝတ်ဝတ် လိုက်ချင်တယ်ဆိုရင် အနက်ရောင် ဒါမှမဟုတ် အဖြူရောင်တီရှပ်တွေ ဝယ်ထားပါ။

Read: မင်္ဂလာဝတ်စုံ ကောင်းကောင်း ရဖို့ ဒီအချက်တွေကို ရှောင်ကြဉ်ရမယ်နော်

(၂) ရွပ္အက်ီၤ

ကိုယ်နဲ့ ကွက်တိတော်တဲ့ ရှပ်အကျီင်္တစ်ထည်လောက် မရှိမဖြစ် ဆောင်ထားပါ။ ရှပ်အင်္ကျီပြောင် ဖြစ်ရင် ပိုကောင်းပါတယ်။ရှပ်အကျီင်္ပြောင်တွေက အဆင့်အတန်းမြင့်တယ် ဆိုတဲ့ ပုံပေါ်စေပြီး တွဲဝတ်တဲ့ အဝတ်အစားပေါ် မူတည်ပြီးလည်း ပွဲလမ်းတိုင်းကို ဝတ်ဆင် သွားလို့ရပါတယ်။

(၃) A စကပ်

A စကပ်တွေကလည်း ဘာနဲ့ တွဲဝတ်ဝတ် လိုက်သလို နုပျိုလန်းဆန်းမှုကို ပေးစွမ်းနိုင်တာကြောင့် မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဝယ်မယ်ဆိုရင် ဒူးအထက်လောက် တိုတဲ့ စကပ်ကို ဝယ်ပါ။ A စကပ်အတိုတွေက ခြေတံကိုရှည်တယ်လို့ ထင်ရစေတတ်လို့ အရပ်ပုသူတွေအတွက် ပိုသင့်တော်ပါတယ်။

(၄) ဂျင်းဘောင်းဘီ အပြာ၊အနက်၊အဖြူ

ဂျင်းဝယ်မယ်ဆိုရင် ဒီအရောင်သုံးရောင်စလုံး ပါအောင်ဝယ်ထားပါ။ ဂျင်းဘောင်းဘီ ဝယ်တဲ့အခါ အပြာ အနုအရင့်တွေ ခွဲဝယ်မယ့်အစား အနက်တွေ အဖြူတွေ ရွေးဝယ်ထားပါ။ဒါဆို တစ်နေ့တစ်မျိုး မရိုးတဲ့ ဒီဇိုင်းနဲ့ အပြင်ထွက် လန်းနိုင်မှာပေါ့။ တစ်နေ့လာလည်း ဂျင်းအပြာ နောက်တစ်နေ့လာလည်း ဂျင်းအပြာဆိုရင် သူများတွေ အမြင်မှာ ရိုးနေမှာပေါ့။

(၅) သားရေဂျာကင်

ဝတ်လိုက်ရုံနဲ့လန်းတယ်ဆိုတဲ့စတိုင်ကိုပေးနိုင်တာသားရေဂျာကင်ပါ။သားရေဂျာကင်အနက်ရောင်ထစ်ထည်ကတော့ဝယ်ကိုဝယ်ထားသင့်တဲ့ဖက်ရှင်အခြေခံအဝတ်အစားပါ။night out ထွက်မယ်ဆိုရင်ပဲဖြစ်ဖြစ်ပါတီတက်မယ်ဆိုရင်ပဲဖြစ်ဖြစ်ဝတ်သွားလို့ရပါတယ်။

source:jasmine

Myanmar Textile and Garment Directory

Read 2260 times
Rate this item
(1 Vote)
Tagged under