What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒိတ်အောက်နေတဲ့ ဖက်ရှင်တွေကို ဖယ်ရှားပြီး ဘယ်လို အရာတွေကို ရွေးချယ်မလဲ

ဖက်ရှင်ဟာ မိန်းကလေးတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါပဲ။ တကယ်လို့ ခေတ်မမှီတော့တဲ့ ဖက်ရှင်တွေကို ဝတ်မယ်ဆိုရင် အသက်ကြီးတဲ့ပုံပေါက်စေပြီး စတိုင်မကျတာတို့ ဖြစ်စေပါတယ်။ အခုချိန်မှာ ဒိတ်အောက်သွားတဲ့ ဖက်ရှင်တွေကို အကောင်းဆုံးရှင်းလင်းပစ်ဖို့ အချိန်ကောင်းပါပဲနော်။

ဒိတ်အောက်နေတဲ့ အရာတွေကို ရှောင်ကြဉ်ပြီး ဘယ်လိုပုံစံတွေကို ရွေးချယ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်....

- အလွန်အမင်း ထင်းလင်းပြီး sexy ဆန်လွန်းတဲ့ ပုံစံတွေ

Overly accentuated sexuality min

midi skirt min

တင်းကျပ်လွန်းတဲ့ minidress ပုံစံ အင်္ကျီတွေဟာ ဒိတ်အောက်သွားပါပြီ။ အကယ်၍ ဒေါက်မြင့်ဖိနပ်ပါတွဲဖက်ဝတ်ဆင်ထားမယ်ဆိုရင်တော့ ပိုပြီးတော့ အပေါစားဆန်တဲ့ ပုံပေါက်စေတယ်။ ယနေ့ခေတ်ဖက်ရှင်ရေစီးကြောင်းမှာ ဝတ်ဆင်လာကြတာဆိုရင် နည်းနည်းပွပွပုံစံလေးတွေ ၊ အရှည်ဒူးလောက်ရှိတဲ့ ပုံစံတွေ ဝတ်ဆင်လာကြပြီ ဖြစ်တယ်။

- ဒေါက်မြင့်ဖိနပ် အစဉ်အမြဲဝတ်ဆင်ခြင်း

high heel min

flat shoes min

classic ဆန်တဲ့ ဒေါက်မြင့်ဖိနပ်တွေက အရေးကြီး ပွဲအခမ်းအနားတွေမှာ ရွေးချယ်ဝတ်ဆင်ဖို့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် အဲ့လို ဒိတ်အောက်နေတဲ့ ဖက်ရှင်တွေကို ထားခဲ့ဖို့ အချိန်တန်ပြီ။ အဲ့ဒီအစား လက်ရှိမှာ စတိုင်ကျနေတဲ့ ရူးဖိနပ်ပါးပါး (သို့) အလတ်စားဒေါက်မျိုးကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။

- Accessories များကို အရောင်တူ ရွေးချယ်ခြင်း

Matching colors shoes and bag min

not Matching colors shoes and bag min

ဖိနပ် နှင့် အိတ်တွေရဲ့အရောင်ကို တစ်ရောင်ထဲကိုက်ညီဖို့ မလိုအပ်ပါဘူး။ ပုံမှန်မဟုတ်တဲ့ အရောင်တွေကို ပေါင်းစပ်ခြင်းဟာ ယခုခေတ် ဖက်ရှင်ရေစီးကြောင်းရဲ့ အထွတ်အထိပ်မှာ ရှိနေပါတယ်။

- ရွှေနှင့်ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာများ

Gold jewelry min

Update ဖြစ်နေစေဖို့ ဝတ်ကြည့်သင့်တဲ့ ဖက်ရှင်များ

diamond jewelry. min

ရွှေလက်စွပ် ၊ လည်ဆွဲ ၊ နားကပ်တွေဟာ အမေ ၊ အဘွားတို့ခေတ်က ဝတ်ဆင်ခဲ့ကြပြီး ဒါဟာ ခေတ်လွန်ပြီဖြစ်တဲ့ အရာပါ။ ဒီလို ရွှေနဲ့လုပ်ထားတဲ့ အရာတွေကို ရွေးချယ်ခြင်းထက် အရည်အသွေးကောင်းမွန်တဲ့ စိန်ရတနာကို ရွေးချယ်ခြင်းက သင့်ကို ကြည့်ကောင်းစေမှာပါ။

- Low-waist အဝတ်အစားများ

Low waist clothes min

high waist min

ဂျင်းနှင့် တခြား low waist outfit တွေဟာ ယခုခေတ်မှာ ဖက်ရှင်မကျတော့ပါဘူး။ trend ဖြစ်နေတဲ့ medium (သို့) hight waist တွေက အကောင်းဆုံးရွေးချယ်မှု တစ်ခုပါ။ ခြေတံ ရှည်သဖွယ်ထင်အောင် ပြုလုပ်ပေးနိုင်ပြီး အလွန်ကြည့်ကောင်းစေပါတယ်။

- ခရစ်စတယ်

crystal jean min

metallic fashion style min

ခရစ်စတယ်နဲ့ပြုလုပ်ထားတဲ့ ဒီဇိုင်းတွေဟာ ၂ဝဝဝ ခုနှစ် လောက်က လူငယ်တွေကြား ရေပန်းစားပြီး ဆွဲဆောင်မှုရှိတဲ့ အရာပါ။ တကယ်လို့ အရောင်တောက်တောက် အင်္ကျီတွေ နှစ်သက်တယ်ဆိုရင်တော့ metallic နဲ့လုပ်ထားတဲ့ အဝတ်အထည်ကို ရွေးချယ်ပါ။

- ဆံပင်ထုံးဖွဲ့မှုပုံစံ

Hair clasps or ties min

ponytails min

ကွဲပြားခြားနားတဲ့ ဆံပင်ချည်တဲ့ ပုံစံ၊ ကလစ်တွေက ဒိတ်အောက်နေတဲ့ ဖက်ရှင်တစ်ခုဖြစ်ပြီး အပေါစားဆန်တဲ့ ပုံစံပေါက်စေတယ်။ အကယ်၍ ပိုနီတေးလို ပုံစံမျိုးစည်းရတာ ကြိုက်နှစ်သက်တယ်ဆိုရင် ခေါင်းစည်းကြိုးအစား သင့်ရဲ့ဆံပင်နဲ့ ပြန်ချည်ပြီး ဆံနွယ်စတွေနဲ့အတူ ဖုံးအုပ်ထားလိုက်ပါ။

- လက်သည်းရှည်

long nails min

short nails min

လက်သည်းရှည်ဒီဇိုင်းဟာ ဖက်ရှင်ရေစီးကြောင်းမှာ ဘယ်သူမှ စိတ်ကူးမရှိတော့တဲ့ အရာပါ။ အဲ့ဒါကိုမှ ပန်းချီဒီဇိုင်းရေးဆွဲထားတာက ပိုဆိုးစေနိုင်ပါတယ်။ အဲ့ဒီအစား ရိုးရှင်းတဲ့ ကာလာရောင်နှင့် လက်သည်းတို ဒီဇိုင်းက ပိုကြည့်ကောင်းစေပါတယ်။

- ပြီးပြည့်စုံတဲ့ ဆံပင်ပုံစံ

Perfect hairdos min

medium wave hair min

သဘာဝဆန်ပြီး ပွရောင်းရောင်းနဲ့ လှိုင်းအထပ်ထပ် ဆံပင်ပုံစံက ယနေ့ခေတ်ရဲ့ trendတစ်ခုဆိုလည်း မမှားပါဘူး။ ပြီးတော့ သင့်ကိုလည်း ပိုပြီးစတိုင်ကျစေပါတယ်။ သပ်ရပ်ဖီးလိမ်းထားတဲ့ ဆံပင်ပုံစံက ဒီနေ့ခေတ်မှာ ကျန်ခဲ့ပါပြီ။
ကဲ ဒါဆိုရင်တော့ ဒီတ်အောက်နေတဲ့ ဖက်ရှင်တွေကို အတိတ်မှာ ထားခဲ့ပြီး ဖက်ရှင်သစ်တွေကို ဖန်တီးလိုက်ကြစို့နော်။

 

Author:TDA

Read 8565 times
Rate this item
(1 Vote)