What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Update ဖြစ်နေစေဖို့ ဝတ်ကြည့်သင့်တဲ့ ဖက်ရှင်များ

လူတစ်ယောက်မှာ အဝတ်အစားကလည်း အရေးကြီးပါတယ်။ အခုလိုမျိုး တိုးတက်လာတဲ့ခေတ်ကြီးထဲမှာဆိုရင်လည်း ပြောင်းလဲလာတဲ့ဖက်ရှင်တွေရဲ့နောက်ကို အမှီလိုက်နိုင်မှ ကိုယ်လည်းသူများတွေလို လှနေမှာပေါ့။

ဖက်ရှင်ဆိုတာ အမြဲတမ်းပုံသေဖြစ်မနေဘူးဆိုတာတော့ သင်သိထားပြီးသားဖြစ်မှာပေါ့။ ဒီတော့ ဘယ်လိုအရာမျိုးလေးတွေက ခေတ်စားလာပြီး သင်လိုက်ဝတ်လို့ရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

- ဒူးခေါင်းလောက်ရှိတဲ့ စကပ်တိုလေးတွေ

floral midi skirt min

အခုနောက်ပိုင်းမှာ ဒူးခေါင်းလောက်အရှည်ရှိတဲ့ စကပ်ကားကားလေးတွေကလည်း ခေတ်စားလာပါတယ်။ ဒီလိုစကပ်လေးတွေက မိန်းကလေးတစ်ယောက်ကို ချစ်စရာကောင်းပြီး သပ်သပ်ရပ်ရပ်လေးနဲ့ လှပနေစေပါတယ်။

- ဂျင်းအင်္ကျီ

jean shirt min

ဂျင်းအင်္ကျီလေးတွေကလည်း မိန်းကလေးတစ်ယောက်ကို စတိုင်ကျကျနဲ့လှပနေစေမယ့် အရာတစ်ခုလည်းဖြစ်ပါတယ်။ ဂျင်းအနွေးထည်တွေလိုမျိုး မဟုတ်ပဲ ဂျင်းအင်္ကျီပုံစံမျိုးလေးတွေပေါ့။

- Leather ဘောင်းဘီ

leather pant min

Leather ဘောင်းဘီတွေက ပုံမှန်ဝတ်လေ့ဝတ်ထတော့မရှိပေမယ့် Nightout ထွက်တဲ့အချိန်မျိုးတွေမှာ ဝတ်မယ်ဆိုရင်တော့ အမိုက်စားနဲ့လန်းနေစေမှာပေါ့။

ခမ်းနားထည်ဝါတဲ့ အသွင်အပြင် ရရှိအောင် ဘယ်လို လုပ်မလဲ

- ဘောင်းဘီအဖြူရောင်

white pant min

ဘောင်းဘီအဖြူရောင်လေးတွေကိုလည်း သင့်ဆီမှာဆောင်ထားသင့်ပါတယ်။ အဖြူရောင်လေးဆိုတော့ အပေါ်ကနေဘာအရောင်နဲ့ပဲဖြစ်ဖြစ် ဝတ်လို့အဆင်ပြေပြီး ဝတ်လိုက်တိုင်းမှာလည်း သင့်ကိုသပ်သပ်ရပ်ရပ်လေးနဲ့ ဆွဲဆောင်မှုရှိရှိ လှပနေစေမှာပဲဖြစ်ပါတယ်။

 

Source:we media

Read 1661 times
Rate this item
(1 Vote)