What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသားတွေအတွက် ရိုးရှင်းပေပြီး ကြည့်လို့ကောင်းစေဖို့ ဘယ်လိုဝတ်မလဲ

အမျိုးသားတွေကတော့ ဖက်ရှင်ဆိုရင် အရမ်းရှုပ်ရှုပ်ကြီး ဝတ်စရာမလိုပါဘူး။

ရိုးရိုးရှင်းရှင်းလေးနဲ့ မှ ပိုပြီး ကြည့်လို့မိုက်တာပါ။ အမျိုးသမီးတွေလည်း အမျိုးသားတွေ ရိုးရိုးရှင်းရှင်းဝတ်ထားရင်ပဲ သဘောကျကြပါတယ်နော်။ရိုးရိုးလေးပေမယ့် ကြည့်ရတာ ရိုးမသွားစေဖို့ ဘယ်လိုဝတ်ရမလဲဆိုတာ မျှဝေပေးပါမယ်။

-ရှပ်အင်္ကျီ ကို မတူညီအောင်ဝတ်ပါ

အမျိုးသားတွေက ရှပ်အင်္ကျီ လက်ရှည်ဝတ်ကြပါတယ်။ အဲဒီလိုဝတ်တဲ့အခါ မတူညီအောင် ဝတ်ပေးပါ။ အထဲက ရှပ်အင်္ကျီ လက်တိုတစ်ထည်နဲ့ အပေါ်က ရှပ်အင်္ကျီ အရှည်တစ်ထည် ထပ်ပြီး ဝတ်နိုင်သလို ရှပ်အင်္ကျီ အရှည်ကိုပဲ ရိုးရိုးလေး ဝတ်လို့ရပါတယ်။

0213 020213 01

-မတူညီတဲ့ ရှပ်အင်္ကျီတွေ ဝယ်ပါ

ရှပ်အင်္ကျီ ဆိုပေမယ့် ဒီဇိုင်းမတူတာတွေ စုဝယ်ထားပါ။ ဒီဇိုင်းတူတာတွေပဲ အမြဲတမ်း ဝတ်နေရင် အမြင်ရိုးပါတယ်။

0213 030213 05

-ဂျင်းဘောင်းဘီကိုလည်း အရောင်မတူတာတွေ ဝယ်ပါ

ဂျင်းဘောင်းဘီကလည်း အမျိုးသားတွေ အမြဲတမ်း ဝတ်လေ့ရှိတဲ့ ဘောင်းဘီဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကို အမြဲတမ်း အရောင်တူဝတ်နေမယ့်အစား အရောင်မတူတာလေးတွေ ရွေးဝတ်ပါ။

0213 070213 08

-Jacket အင်္ကျီနဲ့ ကုတ်တွေဝတ်ပါ

သင့်ကို ပိုပြီး စမတ်ကျစေဖို့ Jacket အင်္ကျီတွေ ကုတ်တွေဝတ်ပါ။ ခေါင်းစွပ်အနွေးထည်တွေလည်း ဝတ်လို့ရပါတယ်။

0213 090213 11

source:my style myanmar

 

Read 1118 times
Rate this item
(0 votes)