What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သေးသွယ်တဲ့ ခါးလေးပိုင်ဆိုင်တယ်လို့ ထင်ရစေဖို့ ဘယ်လို အဝတ်အစားမျိုးကို ရွေးချယ်မလဲ

ဖက်ရှင်ချစ်သူ မိန်းကလေးတော်တော်များများရဲ့ အိမ်မက်က ခါးသေးသေးလေး ပိုင်ဆိုင်ရဖို့ပဲ ဖြစ်ကြမယ်ထင်ပါတယ်။ ခါးလေးသေးသွယ်နေတာကို လိုချင်ကြပြီး ခါးတုတ်တုတ်ကြီး ဖြစ်နေတာမျိုးကိုတော့ ဘယ်မိန်းကလေးကမှ သဘောကျမှာမဟုတ်ပါဘူး။

သေးသွယ်တဲ့ခါးလေး ပိုင်ဆိုင်တယ်လို့ ထင်ရဖို့အတွက် ဘယ်လိုအဝတ်အစားတွေဝတ်ပြီး ဖန်တီးလို့ ရသလဲဆိုတာ ကြည့်ရအောင်။

၁။ ခါးသေးတဲ့အသွင် ထင်ရစေဖို့အတွက် မပါမဖြစ်ကတော့ ဒေါက်မြင့်ဖိနပ် High Heels တွေပါ။ ဖိနပ်အပါးတွေစီးခြင်းဟာ သင့်ကို ခါးတုတ်တဲ့အသွင် ဖြစ်သွားစေပါတယ်။

1

 

၂။ သင့်ရဲ့ခါးလေးကို သေးသွယ်တယ်ထင်ရစေဖို့အတွက် အရောင်ရွေးချယ်တဲ့အခါမှာ အရောင်ရင့်ရင့်နဲ့ အရောင်မှိုင်းမှိုင်းတွေက အကောင်းဆုံးပါ။ လွင့်တဲ့အရောင်တွေနဲ့ ဖျော့တဲ့အရောင်တွေက သင့်ရဲ့ခါးကို နဂိုရှိတဲ့ အရွယ်အစားထက် ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ အရောင်ဖျော့ဝတ်ချင်တယ်ဆိုရင်တော့ အောက်ပိုင်းကို အဖျော့ဝတ်ပြီး အပေါ်အင်္ကျီကို အဲ့ဒီအဖျော့ထက် ပိုရင့်တဲ့ အရောင်မျိုးဝတ်ဆင်ပါ။

2

 

၃။ အနက်ရောင်အဝတ်အစား ဝတ်ဆင်ခြင်းက ခါးသေးတဲ့အသွင်ဖြစ်စေပြီး အဖြူရောင်ကတော့ လက်ရှိ ခါးအရွယ်အစားထက်တောင် ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ အဖြူကြိုက်တဲ့သူဆိုရင်တော့ အဖြူခံမှာ အနက်ရောင်ပါတဲ့ အဆင်မျိုးကို ရွေးချယ်ပါ။

3

 

၎။ ဒေါင်လိုက်စင်းပါတဲ့ အဝတ်အစားမျိုး ဝတ်ဆင်ခြင်းက သင့်ရဲ့ခါးကို သေးတယ်လို့ ထင်ရစေပါတယ်။ ကန့်လန့်စင်းတွေအဆင်တွေနဲ့ အစက်အပြောက်သေးသေး အဆင်မျိုးတွေကိုတော့ လုံးဝရှောင်ပါ။

4

 

၅။ ခပ်ပွပွဖြစ်တဲ့ Oversized အဝတ်အစားတွေဟာ သင့်ရဲ့ခါးကို သေးသွယ်စေမှာ မဟုတ်ပါဘူး။ ဆွယ်တာ၊ တီရှပ်တွေကို ရွေးချယ်နိုင်ပြီး အောက်ပိုင်းကိုတော့ High-Waist လို့ခေါ်တဲ့ ခါးမြင့်ဘောင်းဘီ ဒါမှမဟုတ် စကပ်တွေက သင့်ကို ခါးသေးတဲ့အသွင် ရရှိစေမှာဖြစ်ပါတယ်။ V-Cut တွေနဲ့ Wrap Dress တွေကတော့ ခါးသွယ်တဲ့ မိန်းကလေးအသွင် ဖြစ်စေနိုင်ဖို့အတွက် အကောင်းဆုံးပါပဲ။

56
ဒါတွေကတော့ ခဏတာ ခါးသေးတဲ့အသွင်ကိုရစေမယ့် ဖက်ရှင် Trick လေးတွေပဲဖြစ်ပါတယ်။ သေးသွယ်တဲ့ခါးလှလှလေးကို ထာဝရပိုင်ဆိုင်ချင်ရင်တော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး သင့်တင့်တဲ့အစားအသောက်တွေနဲ့ ထိန်းဖို့ လိုအပ်ပါတယ်။

 

Source:my style

Read 2900 times
Rate this item
(1 Vote)