What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်္ဂလာဝတ်စုံ ကောင်းလေး ရဖို့ ဒီအချက်တွေကို ရှောင်ကြဉ်ရမယ်နော်

မင်္ဂလာဝတ်စုံ ကောင်းလေး ရဖို့ ဒီအချက်တွေကို ရှောင်ကြဉ်ရမယ်နော် google
ဖက်ရှင်ရေစီးကြောင်းဆိုတာကတော့ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေတတ်တာမျိုးပါ။ ဒီလိုအချိန်မှာ လူကြိုက်များတဲ့ ဝတ်စုံကို ရွေးချယ်လိုက်တာမျိုးကို ရှောင်ပါ။

မင်္ဂလာဝတ်စုံလေးတွေကို ရွေးချယ်တော့မယ်ဆိုရင်တော့ ဘယ်လိုပုံစံမျိုးကို ရွေးချယ်လိုက်ရမလဲ ဆိုတာကို သေချာရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

သတို့သမီးလေးနဲ့ အလိုက်ဖက်ဆုံးဝတ်စုံကို ရွေးချယ်နိုင်ဖို့အတွက်ကတော့ လိုက်နာရမယ့်အချက်လေးတွေ ရှိသလို ရှောင်ရှားရမယ့်အချက်လေးတွေလည်း ရှိပါတယ်။ အောက်တွင် ရှောင်ရမယ့်အချက်ကို ဖော်ပြပေးလိုက်ပါတယ်။

လူကြိုက်များတာကို ရှောင်ကြဉ်ခြင်း

ဖက်ရှင် ရေစီးကြောင်းဆိုတာကတော့ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေတတ်တာမျိုးပါ။ ဒီလိုအချိန်မှာ လူကြိုက်များတဲ့ ဝတ်စုံကို ရွေးချယ်လိုက်တာမျိုးကို ရှောင်ပါ။ အပေါ်က ပြောပြထားသလိုပါပဲ။

လူကြိုက်များပြီး သိပ်လှတဲ့ဝတ်စုံဆိုတာနဲ့ သတို့သမီးလေးတို့နဲ့ လိုက်ဖက်လိမ့်မယ်လို့ မတွေးလိုက်ပါနဲ့နော်။ လူကြိုက်များတိုင်း လိုက်ဖက်ညီမှာ မဟုတ်ပါဘူး။ လူကြိုက်များလို့ လိုက်ရွေးလိုက်တာမျိုးကို ရှောင်ပါ။

လူကြိုက်များတဲ့ဝတ်စုံဆိုရင်လည်း ကိုယ်နဲ့ လိုက်မလိုက် သေချာ ပြန်ဝတ်ဆင်ကြည့်ပါနော်။ ပြီးမှ လိုက်ဖက်တယ်ဆိုမှ ရွေးချယ်လိုက်ပါနော်။

Read: ဝဝပြည့်ပြည့် ကောင်မလေးတွေကို ပိန်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဖက်ရှင်

လှတာထက် လိုက်ဖက်တာကို ရွေးချယ်ခြင်း

ဒီအချက်ကတော့ ခဏတိုင်း မှားတတ်တဲ့အချက်လို့ ဆိုရမှာပါ။ လှတဲ့အရာတိုင်းက လိုက်ဖက်ညီမယ်လို့ တွေးတတ်ကြပါတယ်။ လှတဲ့အရာတိုင်းက မလိုက်ဖက်ပါဘူးနော်။ ဒီအတိုင်းပါပဲ။

လိုက်ဖက်တဲ့အရာတိုင်းကလည်း လှတာ မဟုတ်ပါဘူးနော်။ မင်္ဂလာဝတ်စုံလေးတွေကလည်း ဒီလိုပါပဲ။ တချို့ ဝတ်စုံကတော့ ဝတ်စုံချည်းဆိုရင် သိပ်လှပေမယ့် တချို့ သတို့သမီးလေးတွေနဲ့ကျ မလိုက်ဖက်တော့တာမျိုးပါ။

ဒါပေမယ့် တချို့ ဝတ်စုံတွေကတော့ ဝတ်စုံချည်းဆိုရင် သိပ်မထူးခြားသလိုလိုနဲ့ တကယ်တန်း ဝတ်လိုက်မယ်ဆိုရင်တော့ လိုက်ဖက်ညီနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

အဲ့တာကြောင့် ဝတ်စုံကို ရွေးချယ်တဲ့အချိန်မှာ လှတဲ့ဝတ်စုံကို ရွေးချယ်တာမျိုးကို ရှောင်ပြီး လိုက်ဖက်ညီတာကို ရွေးချယ်လိုက်ပါနော်။

Source: Myanmar Wedding Guide

Myanmar Textile and Garment Directory

Read 2099 times
Rate this item
(0 votes)