What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အခွဲအဖြန့် Slash and spread အခြေခံနည်း

အပိုင်းပိုင်းခွဲပြီး ဖြန့်ထုတ်တဲ့နည်းဖြင့် အ၀တ်အစားရဲ့ ထုတည်ပိုကြီးမားသွားအောင် လုပ်ကြတယ်။ ကားထွက်အောင်လည်း လုပ်ကြတယ်။

လုပ်ကိုင်ရတဲ့ နည်းလမ်းက ပက်တန်ပေါ်မှာ ဖြတ်တောက်မယ့် လိုင်းတွေကို ပက်တန် ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်အထိ ရေးဆွဲတယ်။ တကယ်လို့ ဒေါက် dart ထည့်မယ်ဆိုရင် ဒေါက်ရဲ့ ထိပ်ဖျားအထိ ရေးဆွဲတယ်။ ပြီးရင် အဲဒီလိုင်းတွေကို ဟပေးလိုက်ပြီး ပက်တန်အသစ် ပြန်ဆွဲလိုက်တယ်။ အဲဒီပက်တန်အသစ်မှာ အ၀တ်အစားကို နောက်ထပ် ထုထည် ထပ်ထည့်ပေးပြီးသား ဖြစ်နေပြီး ကားထွက်အောင်လည်း လုပ်ပေးပြီးသား ဖြစ်နေပြီ။


အခွဲအဖြန့် Slash and spread ကို သုံးတဲ့အခါ ဖြတ်ပြီးချဲတဲ့နေရာတွေ အတိအကျမှာ အထည်သားက ကားထွက်မှာ ဖြစ်ပါတယ်။ ဒီတော့ အ၀တ်အစားရဲ့ တစ်ဖက်ဖက် အခြမ်းကိုပဲ အခွဲအဖြန့်လုပ်မယ်ဆိုရင် အဲဒီတစ်ဖက်မှာပဲ ပုံပြောင်းနေမှာ ဖြစ်ပါတယ်။
အဲဒီနည်းဖြင့် စကပ်ရဲ့ ရှေ့တစ်ခြမ်းကိုပဲ ပြည့်ကားသွားအောင် လုပ်တဲ့ အခြေခံနည်း တစ်မျိုးကို ပြောပြပါမယ်။

အခွဲအဖြန့် Slash and spread နည်းလမ်းတွေနဲ စကပ်အဖြောင့်ကို ကားထွက်သွားအောင် လုပ်ဖို့ ပက်တန် ပြောင်းလဲပေးကြတယ်။ အဲဒီမှာ အခြေခံအကျဆုံးနည်းကတော့ ပက်တန်ကို အပိုင်းတွေ အညီအမျှ ပိုင်းခြားပေးပြီး ချဲလိုက်တဲ့ နည်း ဖြစ်ပါတယ်။ စကပ်အောက်အနားသတ်ကနေ ခါးအထိ တူညီတဲ့ပမာဏဖြင့် စကပ်တစ်ထည်စာ ပတ်ပတ်လည် အပိုင်းတွေ ပိုင်းလိုက်တယ်။ စကပ်အောက်နား hemline ကို ပြေပြစ်အောင် မျဉ်းကွေးဆွဲပေးတယ်။
ဘက်ညီတဲ့ စကပ်အကား flare ပက်တန် ဖန်တီးပုံကို ပုံမှ ပြပေးထားပါတယ်။
နှစ်ပိုင်းပိုင်းလိုက်ပြီး နှစ်ခြမ်းဖြစ်အောင် မှတ်သားထားလိုက်တယ်။
တစ်ခြမ်းမှာ ဖြတ်မယ့်အပိုင်းတွေအတွက် လိုင်းတွေ ဆွဲတယ်။
ပြီးရင် တူညီတဲ့ ပမာဏဖြင့် ချဲပေးလိုက်တယ်။
အခုလုပ်ထားတာ တခြမ်းကိုပဲ လုပ်တာမို့ အဲဒီ ပက်တန်နဲ့ ချုပ်ရင် ရလာတဲ့စကပ်မှာ တခြမ်းဘဲ ကားထွက်နေပါမယ်။

ခါးနေရာမှ ပြန်စုပေးဖို့အတွက် ထပ်တွန့်တွေ ထည့်ချုပ်ရမှာ ဖြစ်ပါတယ်။

 

ဆက်စက်လေ့လာရန် link

အခြေခံ ဒေါက် dart ၆ မျိုး

http://www.textiledirectory.com.mm/articles/item/1335-darts-6-kinds.html

7

splash n spread

 

example full skirt

 

WMA

Read 1134 times
Rate this item
(0 votes)