What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချစ်စရာကောင်းတဲ့ ဂျင်းစကပ်လေးတွေကို ဘယ်လို အထာကျအောင် ဝတ်မလဲ

မိန်းကလေးတွေအနေနဲ့ ဂျင်းစကပ် တစ်ထည်လောက်တော့ ရာသီတိုင်းမှာ မရှိမဖြစ် ဆောငိထားသင့်ပါတယ်။ ဝတ်ရတာလည်း ပေါ့ပေါ့ပါးပါး ရှိပြီးတော့ စတိုင်ကျပြီး ဘယ်လို အင်္ကျီမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။

Denim ဂျင်းစကပ်တွေကို ဘယ်လို outfit တွေနဲ့ တွဲဖက်ရမလဲဆိုတာ ပြောပြပေးပါမယ်။

၁။ တီရှပ်ပြောင်နဲ့ button down စကပ်

1
မိန်းကလေးအများစုက button down စကပ်ကို အနှစ်သက်ဆုံးလို့ ထင်ပါတယ်။ တီရှပ်ပြောင် အဖြူလေးနဲ့ ဝတ်ဆင်လိုက်ပါ။ ပေါ့ပေါ့ပါးပါးရှိပြီး ချစ်စရာကောင်းနေပါလိမ့်မယ်။

၂။ အနက်ရောင် Denim စကပ်

2
အနက်ရောင် denim က ဘယ်လို အင်္ကျီမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ ဘွတ်ဖိနပ်လေးနဲ့ ဆို ပိုပြီး ပြီးပြည့်စုံသွားမှာပါ။

၃။ အဖြူရောင် ဂျင်းစကပ်နဲ့ crop top

3
အဖြူရောင် denim ဘောင်းဘီ၊ စကပ်တို့ဟာ အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်တယ်။ crop top ဒါမှမဟုတ် off shoulder နဲ့ သင်ရဲ့ အလှကို ဖော်ထုတ်လိုက်ပါ။

၎။ ဗွီဒီဇိုင်း denim စကပ် နဲ့ ဘလေဇာ

4
v ပုံစံ denim က အမြင်ဆန်းပြီး ဖက်ရှင်ကျစေပါတယ်။ Vပုံစံ T-shirt သို့မဟုတ် ပြောင်လက်လက် crop top ကို အပေါ်ကနေ blazer ဝတ်ဆင်လိုက်ပါ။ nude colour heel နဲ့ cross body bag သာ ထပ်ပေါင်းထည့်လိုက်ရင်တော့ ပြီးပြည့်စုံတဲ့ ဖက်ရှင်ဖြစ်သွားပြီနော်။

၅။ Denim စကပ်အရှည်

5
denim skirt ရှည်ကို အနီရောင် ကိုယ်ကျပ် sweather နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ စမတ်ကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေမှာ အသေချာပဲနော်။

၆။ Denim စကပ်ကို overcoat နဲ့ combat boot

6
ခပ်ပွပွ overcoat နဲ့ denim စကပ်က အလိုက်ဖက်ဆုံးပါပဲ။ combat boot လေးနဲ့ တွဲဖက်လိုက်ရင် အထာကျကျနဲ့ မိုက်နေပြီပေါ့။

၇။ဒူးအရှည် denim စကပ်အကား

7
ဒီ denim စကပ်က ချစ်စရာလည်းကောင်းပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ ပုံစံလေးပါ။ ဒေါက်လေး စီးဖို့မမေ့နဲ့နော်။

၈။ denim ဂျင်းအပြဲဒီဇိုင်း

8
ခပ်ဟော့ဟော့ ဝတ်ချင်တဲ့ ကောင်မလေးတွေအတွက် denim ဂျင်းအပြဲ ကို ရွေးချယ်လိုက်ပါ။ ကြိုးတစ်ချောင်းအင်္ကျီနဲ့တွဲဖက်လိုက်ရင် လန်းသွားပြီပေါ့။

၉။ denim စကပ် နဲ့ ဂျင်းကုတ်

9
ဂျင်းစကပ်နဲ့ ဂျင်းကုတ် ကတော့ အလိုက်ဖက်ဆုံး outfit ပါပဲ။ သင့်ကို စတိုင်ကျပြီး မိုက်နေမှာ အမှန်ပဲနော်။

၁ဝ။ ခပ်ပွပွအင်္ကျီနဲ့ denim စကပ်

11
ခပ်ပွပွအင်္ကျီတွေကို ဂျင်းစကပ်နဲ့ တွဲဖက်လိုက်ရင် ဖက်ရှင်ကျနေမှာပေါ့။ converse shoe လေးသာ စီးလိုက်ရင် ချစ်စရာကောင်းနေပြီပေါ့နော်။

 

Author:TDA

Read 1879 times
Rate this item
(1 Vote)