What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားတွေ ကြာရှည်ခံပြီး မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ..

အဝတ်အစားတွေကို မှန်ကန်တဲ့ နည်းစနစ်ဖြင့် ထိန်းသိမ်းနိုင်မှသာ သင့်အဝတ်အစားတွေရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့အားလုံးက ကိုယ့်ရဲ့အဝတ်အစားတွေကို တနည်း မဟုတ် တနည်းနည်းဖြင့် ပျက်စီးအောင် လုပ်နေမိတတ်ပါတယ်။


အဲဒါကြောင့် အဝတ်အစားတွေ ကြာရှည်ခံပြီး မပျက်စီးစေဖို့အတွက် ဒီနည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်..။

 

(၁) အညစ်ပတ်ဆုံးအဝတ်တွေကို သီးသန့် လျှော်ပါ..

 

Nebraska-Lincoln တက္ကသိုလ်ရဲ့အဆိုအရ သိပ်မညစ်ပတ်တဲ့ အဝတ်အစားတွေကို ပေရေညစ်ပတ်နေတဲ့ အဝတ်အစားတွေနဲ့ ခွဲလျှော်ခြင်းက အဝတ်အစားအရည်အသွေးကို တာရှည်ခံစေတယ်လို့ ဆိုပါတယ်။ ပေရေညစ်ပတ်နေတဲ့ အဝတ်အစားနဲ့ ရိုးရိုးလျှော်ရုံအဝတ်အစားနဲ့ အတူ ထည့်လျှော်ရင်တော့ အဝတ်အစားတွေ အရောင်စွန်းထင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။

 

(၂) ရေအပူနဲ့ မလျှော်ပါနဲ့

Delicate wash settings release more microfibres | Materials & Production  News | News

T-Shirt နဲ့ Jeans တွေကို ရေပူနဲ့ လျှော်မယ်ဆိုရင် မြန်မြန်ပျက်စီးလွယ်ပါတယ်။ နောက်ပြီး ဝါနဲ့ သိုးမွေးသားလို သဘာဝချည်ထည်တွေဟာလည်း အပူနဲ့ ထိတွေ့မှု များရင် မြန်မြန် ဆိုဒ်ကြီးလွယ်ပြီး စုတ်ပြဲနိုင်စေပါတယ်နော်..။

 

(၃) ဘောင်းဘီတွေ မလျှော်ခင်မှာ ဇစ် ပိတ်ထားပါ

2,706 Pants Zipper Photos - Free & Royalty-Free Stock Photos from Dreamstime

အထူးသဖြင့် ဘောင်းဘီတွေမှာ ဇစ်မပိတ်မိဘဲ အဝတ်လျှော်စက်ထဲ ထည့်လိုက်ရင် တခြားအဝတ်အစားတွေနဲ့ ငြိပြီး စုတ်ပြဲစေနိုင်သလို အဝတ်လျှော်စက်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဘောင်းဘီဇစ်တွေကို အဝတ်လျှော်စက်ထဲ မထည့်ခင် ဇစ်ဆွဲပိတ်ထားဖို့ သတိရလိုက်ပါ။

 

(၄) ဆွယ်တာတွေကို ချိတ်နဲ့ မချိတ်ထားပါနဲ့

Sweater ထည်တွေကို ချိတ်နဲ့ ချိတ်တာထက် ခေါက်ထားတာ အကောင်းဆုံးပါပဲ။ ဆွယ်တာတွေကို အင်္ကျီချိတ်နဲ့ ချိတ်ထားမယ်ဆိုရင် အဆမတန် ရှည်လျားပြီး ပုံပျက်သွားနိုင်ပါတယ်။

 

(၅) အဝတ်အစားမှာပါတဲ့ အညွှန်းအတိုင်း လိုက်နာပါ..

Different Types of Care Instructions for Clothing or Apparel

 

အဝတ်အစားတွေ သက်တမ်းကြာကြာခံဖို့နဲ့ အဝတ်အစား Label မှာ ပါတဲ့ အရုပ်စာ အညွှန်းအတိုင်း လိုက်နာဖို့ လိုပါတယ်။ Label မှာ တချို့အဝတ်အစားတွေ မီးပူမထိုးဖို့ ၊ တချို့ကို လက်နဲ့ပဲ လျှော်ဖို့ ညွှန်းထားတာ ပါရှိပါတယ်။ သူ ညွှန်ကြားထားသလို လိုက်နာမယ်ဆိုရင် အဝတ်အစားတွေ ပုံစံလည်း အသစ်အတိုင်း ရေရှည်ခံမှာ ဖြစ်ပါတယ်နော်..။
.

Myanmar Textile & Garment Guide

Source: kwee.co

Read 994 times
Rate this item
(0 votes)