What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Jean ဝတ်ဆင်တဲ့အခါ ဖက်ရှင်ကျပြီး ကြည့်ကောင်းနေစေဖို့အတွက်..

ဂျင်း ဆိုတာကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်မျိုးဖြစ်သလို ဘယ်တော့မှလည်း ခေတ်နောက် မကျန်ခဲ့တဲ့ ဖက်ရှင်မျိုးပါ။ ဒါပေမယ့် ဂျင်း ဝတ်တဲ့အခါ ပိုကြည့်ကောင်းနေစေဖို့၊ ပိုဖက်ရှင်ကျဖို့အတွက် သိထားသင့်တာတွေကို ဝေမျှပေးလိုက်ရပါတယ်.။

 

မတူညီတဲ့ ကာလာမျိုးနဲ့ တွဲဖက်ဝတ်ဆင်ပါ

Fashion Jackson Plaid Blazer Mother Ripped Denim Jeans Black Pumps Gucci  Black Handbag Fashion Jackso… | Blazer outfits casual, Fashion jackson,  Plaid blazer outfit

အထူးသဖြင့် ဂျင်းကို ဂျင်းနဲ့ တွဲဝတ်တဲ့အခါမျိုးမှာ အရောင်တစ်ထပ်တည်း တူနေတာမျိုးကို ရှောင်သင့်ပါတယ်။ ဒါက လိုက်ဖက်တယ်လို့ထင်ရပေမယ့် တကယ်တမ်းမှာတော့ လိုက်ဖက်မှုမရှိလှပါဘူး။ အများအားဖြင့်တော့ အင်္ကျီကို ဂျင်းဘောင်းဘီ အရောင်ထက် နည်းနည်း နုတဲ့ အရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။ ဒီလိုပုံစံမျိုးက သင့်ကို ပိုကြည့်ကောင်းပြီး ဖက်ရှင်ကျစေပါတယ်။

 

ဂျင်း accessories

 

ဂျင်း accessories တွေကို တခြား ဖက်ရှင်တွေနဲ့ တွဲဝတ်ဆင်တာက ဘာမှမဖြစ်ပေမယ့် အင်္ကျီ ရော၊ ဘောင်းဘီကိုပါ ဂျင်းတွေပဲ ဝတ်ဆင်ထားတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်ထားတဲ့အခါမျိုးမှာ ဂျင်း accessories တွေက သင့်ကို ကြည့်မကောင်းဖြစ်စေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ အကုန်လုံး ဂျင်းတွေချည်းပဲ ဆိုရင်တော့ ဒီဖက်ရှင်မျိုးက နည်းနည်း ကိုးရိုးကားရား နိုင်စေပါတယ်။

 

Cuffed jeans

Cuffed Slim Jeans Outfit Ideas 2020 | FashionTasty.com

ခေတ်နောက်ပြန်ဆွဲတဲ့ ဖက်ရှင်တွေထဲမှာ cuffed jeans တွေဖြစ်တဲ့ ဘောင်းဘီအောက်နားလေးကို ခေါက်ပြီး ဝတ်ဆင်တတ်တဲ့ ဖက်ရှင်တွေက ပြန်လည် တစ်ခေတ်ဆန်းလာပါတယ်။ ဒီဘောင်းဘီတွေကို ကိုယ်ကြိုက်နှစ်သက်တဲ့ အင်္ကျီ ပုံစံမျိုးနဲ့ တွဲဝတ်ဆင်နိုင်ပြီးတော့ ဖိနပ်ကတော့ အထူးသဖြင့် ထောက်မြင့်ချွန်ချွန်လေးတွေနဲ့ ပိုလိုက်ဖက်မှုရှိပါတယ်။

 

ကာလာ အရင့် ဂျင်းတွေ

KISS (See Jane Wear) - See (Anna) Jane. | Business casual outfits, Stylish  business casual, Fashion

ကာလာအမှောင်ဘက်ကို သွားတဲ့ ဂျင်းတွေဟာ ခန္ဓာကိုယ်ကို ပိန်သွယ်သယောင် မြင်ရစေပါတယ်။ တကယ်လို့ ခါးသေးပြီး ပိန်တယ်လို့ ထင်စေချင်ရင်တော့ ဂျင်းအရင့်ရောင် ဘောင်းဘီကို အပေါ်က အရောင်လွင်လွင်လေး အင်္ကျီ ဒါမှမဟုတ် အရောင်တူညီတဲ့ အင်္ကျီမျိုးနဲ့ တွဲဝတ်ဆင်ခြင်းက သင့်ကို အရပ်ပိုရှည်ပြီး ပိန်တယ်လို့ မြင်ရစေမှာ ဖြစ်ပါတယ်။

 

Myanmar Textile & Garment Guide

Source:AM

Read 851 times
Rate this item
(0 votes)