What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ဖလား ဘယ်သူနိုင်သလဲ

ဘောလုံးကွင်းထဲမှာ ကမ္ဘာ့ဖလားပွဲ စမကန်ခင်မှာ အားကစားသမားတွေ၊ နည်းပြတွေ၊ မန်နေဂျာတွေအတွက် အားကစား ၀တ်စုံတွေအတွက် ပြိုင်ပွဲက စနှင့်နေပါပြီ။ အဓိက ပြိုင်ဘက်နှစ်ဦးကတော့ အမေရိကန်မှ Nike နဲ့ ဂျာမနီမှ adidas တို့ ဖြစ်ပါတယ်။

ပွဲမစခင်မှာကတည်းက ရေပန်းအစားဆုံး ဖြစ်သွားတာကတော့ နိုင်ဂျီးရီးယား ဘောလုံးအသင်းရဲ့ အားကစား ၀တ်စုံဖြစ်ပါတယ်။ အဖြူနဲ့ အစိမ်းကို တရိပ်ရိပ် ပြေးနေတဲ့ အမြင်မှားအောင် ဒီဇိုင်းထုတ်ထားတာကို လူတွေ သဘောကျကြတယ်။
ထုတ်လုပ်သူက Nike ဖြစ်ပါတယ်။

Nike က အဲဒီဝတ်စုံနဲ့အတူ ဖက်ရှင်စုစည်းမှု collection တစ်စုံကို ထုတ်လုပ်ရောင်းချပါတယ်။ ထရက်ဂျက်ကက်၊ ဦးထုပ်၊ ဘောင်းဘီတိုအပွ၊ ဘောင်းဘီရှည်၊ ဆိုင်ကယ်စီးဦးထုပ် စတာတွေကို အဲဒီ ထူးခြားကွဲပြားနေတဲ့ ဒီဇိုင်းဖြင့် ထုတ်လုပ်ပါတယ်။
၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်ရောင်းချခဲ့ရာ မိနစ်ပိုင်းအတွင်း ရောင်းလို့ ကုန်သွားတဲ့အထိ ၀ယ်ယူအားပေးကြတယ်။ မိနစ်ပိုင်းဆိုတာ ၃ မိနစ်တောင် မကြာလိုက်တဲ့ မိနစ်ပိုင်းကလေး ဖြစ်ပါတယ်။

nigeria design


အဲဒီ ဖက်ရှင်စုစည်းမှုကို တာဝန်ယူရတဲ့ Design Director Pete Hoppins က အင်တာဗျူးတစ်ခုမှာ ယခု ဒီဇိုင်းကို ခါတော်မီ ထုတ်လုပ်ရောင်းချတာ ဖြစ်ပေမဲ့ နှစ်နှစ်တိုင်တိုင် ကြိုတင်အချိန်ယူပြီး လုပ်ကိုင်ခဲ့ကြတယ်လို့ ပြောပြသွားပါတယ်။

“ကျနော်တို့မှာ အချိန်ဇယား ရှိတယ် အစီအစဉ် ရှိတယ်။ ဂျာစီတွေက ခုရေ တစ်သိန်း ထုတ်ထုတ်၊ တစ်သန်း ထုတ်ထုတ် ထုတ်လုပ်ရတဲ့အချိန် ရှိတယ်။ ရေကြောင်းကနေ သယ်ယူရတဲ့ အချိန် ရှိတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ ပြက္ခဒိန်မှာ ပွဲမတိုင်ခင် ၂ နှစ် ကြိုတင်ရေးဆွဲထားတယ်။ အခုဆိုရင် ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် Euro Championship အတွက် ဒီဇိုင်းကိစ္စကို ကျနော်တို့ လုပ်နေကြပြီ။ အခု အပြီးသတ်အပိုင်းကို ရောက်နေပြီ။ စလုံးရေစတဲ့အပိုင်းဆိုရင် သုံးနှစ်လောက် ကြိုတင်လုပ်ရတယ်။ အခု ကမ္ဘာ့ဘောလုံးပွဲအတွက်ဆိုရင်လည်း လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အစပြုခဲ့တာ ဖြစ်ပါတယ်”

 

textile09

နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းတွေအတွက် ဒီဇိုင်းထုတ်တဲ့အခါ ၀တ်ဆင်မယ့် နိုင်ငံမှ ဘောလုံးကလပ်အသင်းများကို မေးမြန်းစုံစမ်းပါတယ်လို့ သူက ပြောပြပါတယ်။
“သူတို့ ဘာတွေ ပါစေချင်တယ်။ ဘာတွေကိုတော့ မမြင်ချင်ဘူးဆိုတာ ကျွန်တော်တို့ ရယူတယ်။ ဥပမာ ဘရာဇီးဆိုရင် အ၀ါရောင် ပါကို ပါရမယ်။ အဲဒါ တစ်ပြားမှ မလျှော့ဘူး။ အ၀ါရောင်ဂျာစီ ဖြစ်ရမယ်။ ပြင်သစ်ဆိုရင် ခေတ်ဆန်တာ စတိုင်လ်ကျတာကို ပိုသဘောကျတယ်”

ဒီတော့ ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ Nike က နိုင်ဂျီးရီးယားဘောလုံးအသင်းအတွက် ဖန်တီးပေးလိုက်တဲ့ ဖက်ရှင်ဒီဇိုင်းဖြင့် ပြိုင်ဘက် adidas ကို အနိုင်ယူထားပါတယ်။

 

 

Read 971 times
Rate this item
(0 votes)