ဒီနေ့မှာတော့ Textile ပရိသတ်ကြီးအတွက် ကိုယ်တိုင်ဝတ်ကြည့်စရာမလိုပဲ အဆင်ပြေစေမယ့် ဘောင်းဘီဝယ်နည်းကို မျှဝေပေးမှာ ဖြစ်ပါတယ်။
(၁) ခါးဆိုဒ်တော်၊ မတော်တိုင်းနည်း
နည်းကတော့ နှစ်နည်း ရှိပါတယ်။ ကိုယ့်လက်ကို လက်သီးဆုပ်ပြီးတော့ တံတောင်ဝင်တဲ့အထိ ထည့်၍ အပေါ်ပင့်ကြည့်ပါ။ ဘောင်းဘီ ပြုတ်မကျပဲ လက်နဲ့ ကွက်တိ ဖြစ်နေပါက ခါးနဲ့လည်း ကွက်တိပါပဲ။
Read: ကဗျာဖက်ရှင်
(၂) ခါးဆိုဒ်တော်၊ မတော်တိုင်းနည်း
ဒုတိယနည်းကတော့ ခါးဆိုဒ်တော်မတော်အတွက် ကိုယ့်ရဲ့ လည်ပင်းနှင့်ပတ်ပြီး တိုင်းကြည့်ပါ။ အနည်းငယ်မျှသာ လိုရပါမယ်။ ချောင်ချောင်လေး လိုချင်ပါက လည်ပင်းနှင့် ကွက်တိကို ယူပါ။
(၃) ခြေကျင်းဝတ်နေရာနဲ့ ခြေသလုံးနေရာ တော်မတော် တိုင်းနည်း
ခြေကျင်းဝတ်နေရာနဲ့ ခြေသလုံးနေရာ တော်မတော် သိချင်ရင်တော့ လက်သီးဆုပ်ပြီး လက်ကို ဘောင်းဘီထဲ ထိုးထည့်လိုက်ပါ။ လက်သီးနဲ့ ဘောင်းဘီအပေါက် ကွက်တိဖြစ်နေရင် ခြေသလုံးနဲ့လဲ အတိအကျတော်မှာပါ။ ဒီနည်းကို သုံးပြီး တစ်ဖက်နဲ့တစ်ဖက် ညီမညီကိုလည်း စမ်းသပ်ကြည့်လို့ ရပါတယ်။
(၄) ခြေထောက်အရှည် ကွက်တိ ဖြစ်၊မဖြစ် တိုင်းနည်း
အရှည်ကို သိချင်ရင် အောက်ခြေနှစ်ခုကို လက်နှစ်ဖက်နဲ့ တင်းတင်း ဆွဲဆန့်ကြည့်ပါ။ ဘောင်းဘီဂွဟာ ကိုယ့်လည်ပင်းနဲ့ ကွက်တိကျနေရင်တော့ ခြေထောက်နဲ့လဲ ကွက်တိပါပဲ။
အားလုံး ပြီးရင်တော့ ကိုယ်တိုင်းနဲ့ အံဝင်ခွင်ကျတဲ ဘောင်းဘီတစ်ထည်ကို ဝတ်မကြည့်ပဲနဲ့ ရရှိနိုင်ပါပြီ။