What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စမတ်ဖုန်းတွေမှာ ကိုယ်ပိုင် payment featureကိုထည့်သွင်းလိုက်တဲ့ Uniqlo

ဂျပန်နိုင်ငံ အခြေစိုက် casualwear ကုမ္ပဏီတစ်ခုဖြစ်တဲ့ Uniqlo ကတော့ သူ့ရဲ့store ဆိုင်တွေမှာ စမတ်ဖုန်းကနေတစ်ဆင့် ငွေပေးချေနိုင်တဲ့ payment function တစ်ခုကိုထည့်သွင်းလိုက်ပါတယ်။

အဲ့လိုထည့်သွင်းလိုက်ခြင်းအားဖြင့် ကုမ္ပဏီရဲ့ ထုတ်လုပ်မှုအပိုင်းနဲ့ ရောင်းချမှုအပိုင်းတို့မှာ တိုးတက်စေဖို့ရည်ရွယ်ထားပါတယ်။ ဒါ့အပြင်ပစ္စည်းကို ဝယ်ယူအားပေးတဲ့ သူတွေကို tracking လိုက်တဲ့နေရာမှာလည်း ပိုပြီးအားကောင်းလာမှာဖြစ်ပါတယ်။အရင်တုန်းကတော့ Uniqloရဲ့ storeတွေမှာ third-party servicesတွေရဲ့ အကူအညီနဲ့ electronic payment နည်းပညာကိုအသုံးပြုခဲ့ပါတယ်။ အဆိုပါ payment system က Uniqlo store တွေအတွက် လက်လီရောင်းဝယ်ရေးတွေမှာ မြန်ဆန်အောင် လုပ်ပေးပါတယ်။

ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး mobile payment app တစ်ခုဖြစ်တဲ့ SoftBank Groupရဲ့ PayPay app ဟာဆိုရင် အသုံးပြုသူ ၃၅သန်းကျော်ရှိပါတယ်။ အခုထွက်လာတဲ့ Uniqlo ရဲ့ payment app ဟာလည်း download ပြုလုပ်သူ သန်း၃၀အထိရှိလာပြီး၊ ဂျပန်နိုင်ငံရဲ့ လျင်မြန်စွာငွေပေးချေနိုင်သော အကြီးမားဆုံး လက်လီရောင်းဝယ်ရေးတစ်ခု ဖြစ်လာဖို့ နီးစပ်နေပါတယ်။Uniqlo pay serviceဟာ Sumitomo Mitsui Banking Corpလို့ခေါ်တဲ့ ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာbankတစ်ခုနဲ့ ချိတ်ထားတာဖြစ်ပါတယ်။ ဘဏ်အကောင့် သို့မဟုတ် ခရက်ဒစ်ကတ်တစ်ခုခုကို Uniqlo app နဲ့ချိတ်ထားရမှာဖြစ်ပြီး ငွေပေးချေတော့မယ်ဆိုရင်တော့ casherဆီက QR code ကိုဖတ်ပြီး ရိုးရှင်းစွာပဲ ငွေပေးချေနိုင်ပါတယ်။

ဂျပန်မှာရှိတဲ့ Uniqlo storeတွေအားလုံးနီးပါးမှာ Uniqlo pay service ကအလုပ်လုပ်နေပြီဖြစ်ပါတယ်။ နောက်နည်းနည်းကြာလာရင်တော့ အခြားသော online purchase တွေကိုပါ လုပ်နိုင်မှာဖြစ်ပြီး တစ်ခုရှိတာက သူက လက်လီရောင်းချခြင်းမရှိတဲ့ site တွေမှာတော့အသုံးပြုလို့ မရပါဘူး။Uniqlo store တွေမှာ စမတ်ဖုန်းနဲ့ ငွေပေးချေတော့မယ်ဆိုရင် Uniqlo app ကိုမဖွင့်ထားမိခြင်းကြောင့် app မှာ register လုပ်ထားတဲ့ gender နဲ့ ageတို့လိုdata တွေကို မသိနိုင်ပါဘူး။ ဒါဆိုရင်တော့ pay service ကိုအသုံးပြုနိုင်မှာမဟုတ်ပါဘူး။Uniqlo ရဲ့ ရည်ရွယ်ချက်ကတော့ app ကို အသုံးပြုသူများမှသာ အသုံးပြုသူတွေရဲ့ အချက်အလက်ကိုများများစုဆောင်းနိုင်မှာဖြစ်ပြီး ပစ္စည်းဝယ်ယူသူတွေအတွက် ငွေရှင်းဖို့ စောင့်နေရတဲ့ အချိန်ကိုလည်း လျှော့ပေးနိုင်အောင် ရည်ရွယ်ထားပါတယ်။

Two-factor authentication ကိုလည်း Uniqlo appမှာရတာဖြစ်လို့ security နဲ့ privacy ပိုင်းစိတ်ချရတယ်လို့ ပြောလို့ရပါတယ်။ app နဲ့ ချိတ်ရမယ့် ဘဏ်အကောင့်တွေကတော့ SMBC, Mitsubishi UFJ Financial Group နဲ့ Resona Holdings တို့လို ဂျပန်အခြေစိုက်ဘဏ်တွေက အကောင့်တွေနဲ့ပဲ ချိတ်ဆက်အသုံးပြုလို့ရမှာဖြစ်ပါတယ်။

Ref: asia.nikkei.com

Read 834 times
Rate this item
(0 votes)