What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမှတ်တရ ဗယ်လင်တိုင်းအတွက် ဘယ်လိုဖက်ရှင် ရွေးမလဲ

ဗယ်လင်တိုင်းဒေးရယ်လို့ ရင်ခုန်ခံစား ကြမယ့်သူတွေ

အဲဒီနေ့မှာ ချစ်တဲ့သူကို ပေးမယ့် လက်ဆောင်အပြင် သူနဲ့ ဘယ် နေရာတွေ အတူသွားပြီး ဘယ်လို ဖက် ရှင်မျိုးနဲ့ ရှိကြမလဲဆိုတာကိုပါ တွေးနေ လောက်ပြီနော်။ အဲဒီတော့ အိုင်ဒီယာ လေးတွေ လိုနေပြီပေါ့။

1.ဆင်တူတွေပဲ ဝတ်တာလည်း ရပါတယ်။ အလုပ်လည်း သိပ်မရှုပ်ဘဲ ချစ်ကြတဲ့ ပုံရိပ်ကလေးလည်း ပေါ်လွင်တာပေါ့။ ဒါ ပေမယ့် ရိုးပါတယ် မဟုတ်လား။ အဲဒီ တော့ အရောင်လေးတွေလောက်ပဲ လိုက်လိုက်ဖက်ဖက်ဖြစ်အောင် တွဲဝတ် ကြည့်ပါလား။ အနီရောင်နဲ့ ပန်းရောင်တွေပေါ့။

2.ဒါမှမဟုတ် ဆန့်ကျင်ဘက်ဖြစ်ပေမယ့် ဖက်ရှင်ကျတဲ့ အရောင်အတွဲမျိုးကို လည်း တစ်ယောက် တစ်ရောင်စီ ဝတ် ကြည့်လို့ ရပါသေးတယ်။ ပန်းရောင်နဲ့ မီးခိုး၊ အဝါနဲ့ အစိမ်းတွေလို အားရှိပြီး ဖက်ရှင်ဆန်တဲ့ အရောင်မျိုးတွေက ပိုပြီး အထာကျစေမှာပါ။

0083674 aurthi fashion valentine special couple t shirt red green afv 061

3.ဆွဲဆောင်အားပြင်း ပြင်း အရောင်မျိုးတွေကို တွဲတာမျိုး (ဥ ပမာ-ပန်းဆီရောင်ကို မိန်းကလေးက ဝတ်တဲ့အခါ အမျိုးသားက အနက်ရောင်) ကိုလည်း စိတ်ကူးရှိသလို ဝတ်ကြည့်လို့ ရပါတယ်။

4.ချစ်ခြင်းသင်္ကေတတွေ အားကောင်းစေ မယ့် ဖက်ရှင်မျိုးကိုလည်း ဦးစားပေးဖို့ လိုတာပေါ့။ ဒီတော့ မိန်းကလေးတွေက ချစ်စ ရာကောင်းမယ့် ပုံစံမျိုးလေးတွေကို ရွေး ပါ။ နုနုနယ်နယ် ဂါဝန်လေးတွေ၊ လေဒီ ရှူးစ်လို မိန်းကလေးပီသစေတာလေး တွေကို စဉ်းစားလို့ ရပါတယ်။ ဒါပေမယ့် မသက်မသာနဲ့ ချုပ်နှောင်ထားတာမျိုးကို တော့ ရှောင်ပါ။

20 Cute Valentines Day Shirts For Girls Women 2017 Vday Fashion 21

5.ကိုယ်နဲ့ သူနဲ့ လိုက်လိုက်ဖက်ဖက် ရှိစေ တဲ့၊ ချစ်သူတွေမှန်း သိသာစေတဲ့၊ တစ် ယောက်တည်းထက် နှစ်ယောက်တွဲ မြင် ရတဲ့အခါ ပိုအဆင်ပြေစေမယ့် ဖက်ရှင် မျိုးကို ဦးစားပေးပါ။

6.နေ့လယ်ဘက်ကို နှစ်ယောက်အတူ ရှိနေ မှာမျိုးဆိုရင်တော့ ပေါ့ပါးပြီး ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေကို အရင် စဉ်းစားပါ။ elegant ဖြစ်ပြီး သက်သောင့်သက်သာ ဖြစ်နေတာမျိုးက ကိုယ့်ကိုမြင်ရတဲ့သူ ရော ကိုယ်တိုင်ပါ ခံစားမှု အားကောင်း စေပါတယ်။

16487657 1576652222362167 963638991680949837 o

7.ညနေဘက်မှာမှ ဒင်နာလေး အတူ သွားမယ်၊ တစ်နေရာရာမှာ အတူ အချိန် ကုန်မယ် ဆိုရင်တော့ ဖက်ရှင်ကို ပိုပြီး ဦးစားပေးလို့ ရပါတယ်။ ညနေဘက်တွေ က နေ့လယ်ထက်တော့ အပူသက်သာ တယ် မဟုတ်လား။

သူ့အတွက် ပြင်ဆင်ထားတဲ့ ချစ်သက် လက်ဆောင်နဲ့အတူ ကိုယ့်ရဲ့ သွင်ပြင် ပုံရိပ်ကလည်း ချစ်ခြင်းကို အဖော်ပြုပေး နိုင်စေဖို့ သပ်သပ်ရပ်ရပ်နဲ့ သူ့မျက်စိထဲ အဆင်ပြေနေအောင်လည်း ဂရုစိုက်မယ် ဆိုရင်တော့ အမြဲ အမှတ်ရနေစေမယ့် ချစ်သူများနေ့လေးကို ပိုင်ဆိုင်သွားပါ လိမ့်မယ်။

8.Valentine day မှာ များသောအားဖြင့် အများစု က အနီရောင်လေး ၀တ်ကြတယ်နော်။အဲ့လို အနီရောင် လေးတွေကို ဆင်တူ ဖက်ရှင် ကျကျ ၀တ်ရင်း V-day မှာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။

Read 1127 times
Rate this item
(0 votes)