What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒေါက်မြင့်ဖိနပ်စီးရာမှမလိုလားအပ်တဲ့နာကျင်မှုတွေကို ကာကွယ်ကြရအောင်

ဒေါက်မြင့်ဖိနပ်စီးရာမှမလိုလားအပ်တဲ့နာကျင်မှုတွေကို ကာကွယ်ကြရအောင် google

                ဒေါက်မြင့်ဖိနပ်ဆိုတာ ပျိုမေလေးတွေရဲ့ အနှစ်သက်ဆုံး အသုံးအဆောင်ပစ္စည်းများထဲက တစ်ခုပဲဖြစ်ပါတယ်။ မိန်းကလေး ၁ဝ ယောက်မှာ ၇ယောက်လောက်က ဒေါက်မြင့်ဖိနပ်စီးရတာကိုနှစ်ခြိုက်သဘောကျကြပါတယ်။

        မိန်းကလေးအများစုကို လေ့လာစမ်းစစ်ချက်တွေအရ ဒေါက်မြင့်ဖိနပ်စီးလိုက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေတယ်လို့ ဆိုထားကြပါတယ်။ ဒေါက်မြင့်ဖိနပ်က အမျိုးသမီးလေးတွေအတွက် အသည်းစွဲဖြစ်ပေမဲ့လည်း စီးလေ့စီးထမရှိဘဲ အချိန်ကြာကြာစီးလိုက်မိရင် မလိုလားအပ်တဲ့ နာကျင်မှုတွေဖြစ်လာနိုင်ပါတယ်။

         ဒေါက်မြင့်ဖိနပ်စီးတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


    (၁) ဒေါက်မြင့်ဖိနပ်မစီးမီမှာ ခြေထောက်ကို ရေဓာတ်ဖြည့်ဆည်းပေးနိင်တဲ့ လိုးရှင်း(lotion) ဒါမှမဟုတ် ဂျိုင်းလိမ်းဆီ (roll-on) တစ်မျိုးမျိုးကို အသုံးပြုပေးမယ်ဆိုရင် ပွတ်တိုက်မှုကြောင့် ခြေထောက်နာကျင်ခြင်းများကို ကာကွယ်ပေးနိင်ပါတယ်။

    (၂)ကလေးငယ်တွေအသုံးပြုတဲ့ ကိုယ်လိမ်းပေါင်ဒါကို ဖိနပ်မစီးမီ အတွင်းကို ဖြူးပေးမယ်ဆိုရင် ချွေးနံ နံခြင်းကနေ ကာကွယ်ပေးနိင်ပါတယ်။

    (၃)ဒေါက်မြင့်ဖိနပ်တွေ မစီးတာကြာလို့ နည်းနည်းကျပ်နေတယ်ဆိုရင် ရေခဲသေတ္တာထဲကို မိနစ် ၃၀ လောက် ခဏထည့်ထားပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နည်းနည်းပြန်ကျယ်လာပြီး စီးတဲ့အခါ ချောချောမောမောနဲ့ စီးနိင်မှာဖြစ်ပါတယ်။

    (၄)ဒေါက်မြင့်ဖိနပ်တွေရဲ့ ခြေထောက်အောက်ခံဖော့ပြားက သက်သောင့်သက်သာ ပျော့ပျောင်းမှုမရှိဘဲ မာနေမယ်ဆိုရင် သင့်ရဲ့ခြေဖနောင့်ကို နာကျင်စေနိုင်ပါတယ်။ စီးတာကြာလို့ ဒေါက်မြင့်ဖိနပ်ရဲ့ ခြေထောက်အာက်ခံဖော့ပြားက မပျော့ပျောင်းတော့ဘဲ မာလာတယ်ဆိုရင်တော့ ခြေဖနှောင့်အောက်ခြေမှာ Double တိပ်ကို ကပ်ပြီး စီးနိင်ပါတယ်။

    (၅)တကယ်လို့ ဒေါက်မြင့်ဖိနပ်စီးနေရင်း ခြေထောက်အရမ်းနာလာရင် လမ်းလျှောက်နေတာကနေ ခဏထိုင်နားလိုက်ပါ။ ဒါပေမဲ့ စီးထားတဲ့ ဖိနပ်ကို မချွတ်လိုက်ပါနဲ့။ တကယ်လို့ ချွတ်လိုက်မယ်ဆိုရင် ခဏတာ သက်သာသွားနိင်ပေမဲ့ သင့်ရဲ့ ခြေထောက်တွေ ရောင်ရမ်းလာမှာဖြစ်ပြီး နဂိုနာကျင်မှုထက် ပိုပြီးနာကျင်ရပါလိမ့်မယ်။

    (၆)မတော်တဆ ဒေါက်မြင့်ဖိနပ်စီးရင်း ခြေထောက်နာကျင်လာတယ်၊ ဖိနပ်ရဲ့အတွင်းသားနဲ့ခြေချောင်းလေးများ ပွတ်တိုက်မှုတွေဖြစ်ပြီး ခြေချောင်းကလေးတွေ ပွန်းလာတဲ့အခါ နာကျင်လာပြီး သွားလာရ ခက်ခဲလာတတ်ကြပါတယ်။ ဒီလိုရုတ်တရက်ဖြစ်လာတဲ့ ပြဿနာလေးတွေကို အလွယ်တကူဖြေရှင်းဖို့အတွက်ကတော့ ပိုက်ဆံအိတ်ထဲမှာ အနာကပ်ပလတ်စတာလေးကို ဒေါက်မြင့်ဖိနပ်စီးတဲ့အခါတိုင်း မမေ့မလျော့ ဆောင်ထားသင့်ပါတယ်။

Source:Yoyar Lay

Read 1270 times
Rate this item
(0 votes)
Tagged under