What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အက်ႌမွာ စွန်းထင်းနေတဲ့ ချွေးကွက်တွေကို ဘယ်လို ဖယ်ရှားမလဲ

အပြင်သွားဖို့လုပ်တဲ့အချိန်မှာ သင်ကြိုက်နှစ်သက်တဲ့ အဖြူရောင် ရှပ်အင်္ကျီ ဒါမှမဟုတ် dress ကို ဝတ်ဆင်ဖို့လုပ်တဲ့ အခါ အင်္ကျီဂျိုင်းနားမှာ ချွေးကွက်အစွန်းအထင်းတွေကို မြင်လိုက်ရတာဟာ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့အရာပါပဲ။ ဒီလို ချွေးကွက်အစွန်းအထင်းတွေကို ဖယ်ရှားပစ်ဖို့ကလဲ အရေးကြီးလှပါတယ်။

အဲ့လို ဖယ်ရှားပစ်မှလည်း သင့်ရဲ့ အင်္ကျီလေးဟာ ဖြူစင်တောက်ပပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိစေမှာပါ။ ချွေးကွက်အစွန်းတွေကို ဘယ်လို နည်းလမ်းကောင်းတွေနဲ့ ဖယ်ရှားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ရှာလကာရည်အဖြူ

1
ရှာလကာရည်အဖြူ ၁ခွက်ကို ရေ၄ခွက်နဲ့ ရောပေးပါ။ ရောထားတဲ့ အရည်တွေကို စွန်းထင်းနေတဲ့နေရာသို့ အနည်းငယ်လောင်းထည့်ပေးတာ ဒါမှမဟုတ် ဖြန်းပေးရင်လည်းရပါတယ်။ ပြီးသွားရင်တော့ လက်ဖြင့်တိုက်ချွတ်ပါ သို့မဟုတ် brush နဲ့တိုက်ပါ။ အဲ့လိုတိုက်ချွတ်ပေးပြီးရင် အင်္ကျီကို ရေထဲမှာ ၁နာရီလောက်စိမ်ထားပါ။ စိမ်ထားပြီးသွားတဲ့အခါမှာ ဆပ်ပြာမှုန့်ထည့်ပြီး အဝတ်လျှော်စက် သို့မဟုတ် လက်ဖြင့်လျှော်ဖွတ်ပေးလိုက်ရင်တော့ စွန်းထင်းနေတဲ့အကွက်တွေ ဖြူဖွေးသန့်စင်သွားပါလိမ့်မယ်။

၂။မုန့်ဖုတ်ဆော်ဒါ

2
မုန့်ဖုတ်ဆော်ဒါကို ရေနှင့် သမအောင် မွှေပါ။ မွှေပေးပြီးရင် အစွန်းအကွက်နေရာကို သမအောင်မွှေထားတဲ့ မုန့်ဖုတ်ဆော်ဒါနှင့်အတူ သွားပွတ်တံ အဟောင်းဖြင့် ပွတ်တိုက်ပေးပါ။ တစ်ချို့အစွန်းအကွက်တွေက ချွတ်ရခက်တာကြောင့် အနည်းဆုံး ၂နာရီလောက်စိမ်ထားမှဖြစ်မှာပါ။ အဲ့လိုစိမ်ထားပြီးတဲ့ နောက်မှာတော့ အင်္ကျီကို အဝတ်လျှော်စက် ဒါမှမဟုတ် လက်နဲ့လျှော်ဖွတ်ပေးပါ။ ဒါဆိုရင်တော့ အစွန်းအကွက်တွေ ကင်းစင်သွားပြီပေါ့။

၃။ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်

3
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဆိုတာ ဆံပင်အရောင်ချွတ်တဲ့အခါမှာ သုံးတဲ့ အရည်တစ်မျိုးပါ။ ခွက်တစ်ခွက်ထဲမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် နှင့် ဆပ်ပြာမှုန့်ကို ခွက်ရဲ့တစ်ဝက်စာ ဆတူထည့်ပြီး သမအောင် ရောမွှေပေးပါ။ ပြီးရင် အစွန်းနေရာသို့ လက်နဲ့ သုတ်လိမ်းပေးပြီး ၁နာရီလောက်စိမ်ထားပါ။ စိမ်ပြီးသွားရင်တော့ အဝတ်လျှော်စက် သို့မဟုတ် လက်ဖြင့် စင်ကြယ်အောင်ဆေးကြောပါ။

၎။သံပုရာသီး

4
သံပုရာသီးအရည်ကိုညစ်ပြီး အစွန်းအကွက်နေရာပေါ်သို့ လောင်းပေးပြီးရင် ဆားအနည်းငယ် ထည့်ပြီး သေချာ ပွတ်တိုက်ပေးပါ။ ပွတ်တိုက်ပေးပြီးပြီဆိုရင်တော့ အဝတ်လျှော်စက် ဒါမှမဟုတ် လက်နဲ့ ပြောင်အောင်ဆေးကြောပေးပါ။ ဒီလိုဆို သင့်အင်္ကျီလေး ဖြူဖွေးသွားပြီပေါ့။

၅။ဆား

5
သင့်ရဲ့အင်္ကျီဂျိုင်းမှာ ချွေးကွက်တွေ ချွတ်ရခက်နေမယ်ဆိုလျှင် ဆားဟာ အကောင်းဆုံး ဖယ်ရှားပေးမယ့် အရာပါပဲ။ ရေပုံးထဲမှာ ဆားကို လိုအပ်တဲ့ ပမာဏလောက်ထည့်ပြီး စွန်းထင်းနေတဲ့ အင်္ကျီနှင့်အတူ အရည်ပျော်သွားအောင် ပွတ်တိုက်ပေးပါ။ ပြီးရင် အင်္ကျီကို ရေထဲမှာ ၁နာရီလောက်စိမ်ထားပါ။ ဒါတွေလုပ်ပြီးသွားရင် အဝတ်လျှော်စက်နဲ့ပဲဖြစ်ဖြစ်၊ လက်နဲ့ပဲဖြစ်ဖြစ် သင်ကြိုက်နှစ်သက်ရာနဲ့ စင်ကြယ်အောင် လျှော်ဖွတ်ပေးနိုင်ပါတယ်နော်။

၆။အက်စ်ပရင်ဆေးပြား

6
အက်စ်ပရင်ဆေးပြားကို အမှုန့်ဖြစ်အောင် ကြိတ်ပေးပြီး ရေအနည်းငယ်ထည့်ပြီးတော့ ပျစ်သွားအောင်မွှေပေးပါ။ ပြီးရင်တော့ သွားပွတ်တံအဟောင်းနှင့် စွန်းထင်းနေတဲ့နေရာသို့ သေသေချာချော ပွတ်တိုက်ပါ။ ဒီလိုပွတ်တိုက်ပေးပြီးရင် ရေပုံးထဲမှာ ရေတစ်ဝက်လောက်ထည့်ပြီး အင်္ကျီကို စိမ်ထားလိုက်ပါ။ နောက်ဆုံးမှာတော့ အဝတ်လျှော်စက် သို့မဟုတ် လက်နဲ့ ပြောင်သွားအောင်လျှော်ဖွတ် ဆေးကြာလိုက်မယ်ဆိုရင် အင်္ကျီဖြူလေးတစ်ထည် ရပြီပေါ့နော်။

၇။Baby Wipes

7
wet wipe ကို စွန်းထင်းနေတဲ့အင်္ကျီပေါ်မှာ အစွန်းတွေ ပျောက်သွားသည့်အထိ ပွတ်တိုက်ပေးပါ။ ပြီးသွားရင် အဝတ်လျှော်စက် ဒါမှမဟုတ် လက်ဖြင့်လျှော်ဖွတ်နိုင်ပါပြီ။

 

TDA

Read 5276 times
Rate this item
(1 Vote)
Tagged under