What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆိုဖီဂျင်း ဘာလို့ လူကြိုက်များသလဲ

အမျိုးသမီးဝတ်ဂျင်း Brand တစ်ခုဖြစ်တဲ့ Sophie ဟာ သြစတေးလျနိုင်ငံရှိ Target ရဲ့ brand တစ်ခုပါ။ အခုလပိုင်းအတွင်းမှာ ဆိုဖီဂျင်းကို ၀တ်တာ အဆင်ပြေတဲ့အကြောင်း၊ ကျေးဇူးတင်ကြောင်း၊ ဘယ်လိုကောင်းကြောင်းတွေကို ဖက်ရှင် ဆိုရှယ်မီဒီယာဖြစ်တဲ့ Instagram မှာ post တွေ တင်ကြတယ်။ လူကြိုက်များအောင် ဘာတွေ ဘယ်လိုလုပ်ပေးထားသလဲ။

ဆိုဖီဂျင်းရဲ့ နောက်ကွယ်မှ ဒီဇိုင်းနာကတော့ Target Australia ရဲ့ Head of Design – Womenswear ဖြစ်သူ Karen Brickell ဖြစ်ပါတယ်။ အခုလို အဆင်ပြေ အဆင်ချောတဲ့ အမျိုးသမီးဝတ် ဂျင်းအ၀တ်အစားတွေကို စတိုင်လ်အမျိုးမျိုး၊ အတိုအရှည်အမျိုးမျိုးတို့ဖြင့် ထုတ်လုပ်ပေးတာအတွက် ကျေးဇူးတင်ကြောင်း သူ့ကို လာပြောကြတဲ့ အမျိုးသမီးတွေ ရှိတယ်လို့ သူက ပြောပြတယ်။
အခုလို ကောင်းသတင်းမွှေးတာကြောင့် ဆိုင်တွေမှာ ဆိုဖီဂျင်းတွေ ရောင်အားတက်တယ်ဆိုတာတော့ ပြောပြဖို့ လိုမယ် မထင်ဘူး။

big style

ပထမတစ်ချက် သတိပြုမိတာက ဈေးနှုန်း။ သြဇီဒေါ်လာ ၃၀ ကနေ ၃၅ အထိ အစားစား ရှိတယ်။ ဒီတော့ အမေရိကန်ဒေါ်လာ ၂၆ သာသာကို ပိုမများဘူး။
ဆိုဖီဂျင်းကို သဘောကျကြလို့ Instagram မှာ ရေးတင်ကြတာတွေ ဖတ်ကြည့်တော့ ဆိုဖီဂျင်းရဲ့ ထူးခြားချက်တစ်ခုက အရည်အသွေး မြင့်တဲ့ ဂျင်းအထည်သားတွေမှာ ပါဝင်တဲ့ ဆန့်ထုတ်ပေးနိုင်စွမ်း ရှိတာ ဖြစ်ပါတယ်။ ဆန့်ုထုတ်ပေးတာ လွန်ကျွံသွားရင် ကိုယ်ခန္ဓာရဲ့ အလှကို တိတိပပ ဖော်ပြမပေးနိုင်တဲ့အပြင် ပုံပျက်ပန်းပျက် ဖြစ်ကုန်တယ်။ ဆိုဖီဂျင်းက လိုသလောက်ကိုသာ ဆန့်ထုတ်ပေးတာမို့ ချောင်မနေသလို တင်းတင်းကျပ်ကျပ် ထုပ်ထားသလိုလည်း မဖြစ်ဘူး။ ခြေထောက်နှစ်ချောင်း ကျပ်ထုပ်စည်းခံထားရသလို ဖြစ်မနေဘူး။

good style
နောက်တစ်ချက် အမျိုးသမီးတွေ သဘောကျကြတာက ဘောင်းဘီရှည်ရဲ့ ခါးအနေအထားက အလော်တော်နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ အပေါ်ဘက်လည်း မြင့်မက်မနေဘူး။ ၀တ်ထားရင် အောက်ကို နည်းနည်းလျှောကျသွားလို့ ဆွဲဆွဲတင်ရတဲ့ ကရိကထလည်း မရှိဘူ။
နောက်ထပ်တစ်ချက်က ၀တ်ဆင်ထားသူရဲ့ ခြေထောက်တစ်လျှောက် ပုံပန်းသဏ္ဍာန်ကို အပိုအလု မဖြစ်ဘဲ အတိအတိုင်း ပုံဖော်ပြပေးနေတာဖြစ်တယ်။

ANKLE
နောက်ဆုံးတစ်ချက်ကတော့ ခြေကျင်းဝတ်နေရာမှာ ပွမနေ ချောင်မနေဘဲ ကျဉ်းပေးထားတာ ဖြစ်ပါတယ်။ အဲဒီအချက် ကိုယ်ကျပ် အတိအတိုင်း ၀တ်လိုသူတွေအဖို့ ချစ်စရာအချက် ဖြစ်နေပါတယ်တဲ့။

 

targetaussi

Read 1153 times
Rate this item
(0 votes)