What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ဝန်ဆောင်နေစဉ် ရွေးချယ်သင့်တဲ့ အဝတ်အစားများ

Ladies Fashion Irelandက ကိုယ်ဝန်ဆောင်စဉ် စတိုင်ကျ လှပနေဖို့အတွက် အကြံပြုထားပါတယ်။၎င်းအကြံပြုချက်က သင်သိထားတဲ့ ဖက်ရှင်စည်းမျဉ်း အားလုံးကို ချိုးဖောက်ပြီး သူများနဲ့မတူပဲ ကွဲပြားနေနိုင်ပါတယ်။

 

အဝတ်အစားအသစ်တွေ ဝယ်ဖို့မလိုအပ်ပါဘူး ရှိတာနဲ့ လှအောင် ပြင်ဆင်နိုင်ပြီး နောက်မှ လိုအပ်တဲ့ပစ္စည်းတွေကို ဖြည်းဖြည်းချင်းဝယ်ယူသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် သင်ရဲ့ ခန္ဓာကိုယ်က လစဉ်ပြောင်းလဲမှုတွေ ရှိနေမှာ ဖြစ်တဲ့အတွက်ကြောင့် အစပိုင်းမှာ ဗိုက်ဖုံးအင်္ကျီအဝတ်အစားတွေ ၀ယ်ခြင်းက အကုန်အကျများနိုင်ပါတယ်။ မလိုအပ်ပဲ ငွေကြေးသုံးစွဲမှုကိုလည်း လျော့ကျစေမှာဖြစ်ပါတယ်။

 

ဉပမာ ဘောင်းဘီတစ်ထည်နှစ်ထည်ဝယ်ယူတဲ့အခါ ရေရှည်အတွက်ပါ sizeကို စဉ်စားပြီး ဝယ်ယူသင့်ပါတယ် ပြီးတော့ အင်္ကျီအဝတ်အစားရွေးတဲ့အခါ စေ◌ျးနှုန်းသက်သာပြီး ကြာရှည်ခံတဲ့ အမျိုးအစားကို Websiteတွေနဲ့ onlineတွေမှာ ရှာဖွေဝယ်ယူနိုင်ပါတယ်။

 

ဂျင်းဘောင်းဘီကို ၀ယ်တဲ့အခါ သင့်အဝတ်အစားကို ခန္ဓာကိုယ်ပြောင်းလဲမှုအလိုက် ချိန်ညှိနိုင်တဲ့ သရေကြိုးပါတဲ့ အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ ၎င်း ဘောင်းဘီတွေကို ကိုယ်ဝန်ကာလ အစမှာ ကတည်းက ၀တ်နိုင်ပြီး ဗိုက်ထွက်လာတဲ့အခါ သရေကြိုးကိုလျော့ပြီး ဗိုက်အောက်ထား ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

 

Hollywoodမှာ မင်းသမီးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ် ရုပ်ရှင်ရိုက်ရတဲ့အခါ ဇာတ်လမ်းအရ ကိုယ်ဝန်ကို ဖျောက်ချင်တဲ့အတွက် သူတို့ဟာ ဂျက်ကတ် အင်္ကျီ(Blazer)တွေကို ထပ်ဝတ်ပြီး ရိုက်ကူးကြရပါတယ်။ ဒီနည်းက မင်းသမီးတွေ တကယ့် ဘဝ ကိုယ်ဝန်ဆောင်နေချိန်မှာ ပရိသတ်တွေ ကိုယ်ဝန်ကို သတိမထားမိအောင် ပြုလုပ်တဲ့နည်းပဲ ဖြစ်ပါတယ်။

 

ဖိနပ်ပိုင်းရွေးချယ်တဲ့အခါ ကိုယ်ဝန်ဆောင်နေချိန် ဒေါက်ဖိနပ်တွေ မစီးသင့်ပါဘူး။ အားကစားဖိနပ် သို့မဟုတ် ကျန်းမာရေးဖိနပ်တွေစီးသင့်ပါတယ်။

 

၎င်းဖိနပ်တွေက သက်တောင့်သက်သာ ဖြစ်စေမယ့်အပြင် သွားရလာရ လွယ်ကူစေမှာဖြစ်ပါတယ်။ အပြင်သွားတဲ့အခါ အဝတ်အစားနဲ့လိုက်အောင်ဝတ်တဲ့အခါမှာလည်း ဒေါက်ဖိနပ်ထက် ခြေညှပ် သို့မဟုတ် Shoeတွေ စီးသင့်ပါတယ်။

 

Fashionနဲ့ ပတ်သက်ပြီး အကြံပြုချက် အမျိုးမျိုးရှိကြ သော်လည်း သင်ကိုယ်တိုင်က ရွေးချယ်ဝတ်ဆင်ရမှာ ဖြစ်တဲ့အတွက် သင်က အရေးကြီးဆုံးပါပဲ။

 

REF:Fashion.ie

Read 1137 times
Rate this item
(0 votes)