What's new

×

Warning

JUser: :_load: Unable to load user with ID: 845

ခေတ်မမီတော့ဘူးထင်တဲ့အင်္ကျီတွေကိုပုံစံပြောင်းပြီး လန်းကြရအောင်

ခေတ်မမီတော့ဘူးထင်တဲ့အင်္ကျီတွေကိုပုံစံပြောင်းပြီး လန်းကြရအောင် google

       မိန်းကလေးတိုင်းရဲ့ဗီရိုထဲမှာ မဝတ်ဖြစ်တဲ့အဝတ်အစားတွေ ရှိနေတတ်ပါတယ်။ကိုယ့်ရဲ့အင်္ကျီဟောင်းတွေဟာ ခေတ်မမီတော့ဘူးလို့ ထင်နေပါသလား။ မဝတ်ဖြစ်တဲ့ အဝတ်အစားတွေကို ပုံစံပြောင်းပြီး ဝတ်ကြည့်ကြရအောင်။

အဲ့ထဲကမှ တချို့ကို ပုံစံပြောင်းပြီး ဝတ်မယ်ဆိုရင်တော့ သူမတူတဲ့ ဖက်ရှင်တွေနဲ့ လန်းနေရောပေါ့။

၁။တီရှပ်ကနေ ခပ်မိုက်မိုက် ပုံစံပြောင်းကြည့်ရအောင်။

        တီရှပ်အပေါ်ပိုင်းကို ဖြတ်ပြီး ပိုနေတဲ့ အစလေးတွေကို အတွန့်လေးတွေ လုပ်ပြီးတွဲချုပ်လိုက်ပါ။အောက်လျောကျမှာဆိုးလို့ မျှော့စီးလေးပါတပ်လိုက်ပေါ့။ ကဲ ဘယ်လောက်လှတဲ့ ဒီဇိုင်းလေးဖြစ်သွားပြီလဲ။

1

6

၂။မိန်းမဝတ်တီရှပ်နောက်တစ်မျိုးပုံစံပြောင်းကြည့်ရအောင်။

        သူကတော့ ချုပ်စရာမလိုပါဘူး။ပုံထဲက ပြထားတဲ့အတိုင်းလေး လုပ်လိုက်ရုံပဲ၊အရမ်းလွယ်ပြီး ဖက်ရှင်တွေကျနေပြီ၊ရင်ပြတ် မဝတ်ချင်ရင်အပေါ်ကနေ ဂျင်းကုတ်အတိုလေး ထပ်ဝတ်လိုက်ရုံပဲ။

2

၃။crop top လှလှလေးကို စွပ်ကျယ်အဟောင်းကနေ လုပ်လို့ရပါတယ်။

        နည်းလမ်းလေးတွေ အတိုင်းလုပ်ကြည့်လိုက်ပါ။

3

၎။ရှပ်အင်္ကျီတွေကို ချစ်စရာအင်္ကျီလေးတွေအဖြစ် ပြုပြင်ဝတ်ဆင်နိုင်ပါတယ်။

4

၅။တီရှပ်ကြီးကြီးတစ်ထည်ကို ဂါဝန်အဖြစ်ပြောင်းလို့ရပါသေးတယ်။

5

မဝတ်ဖြစ်တဲ့အဝတ်တွေအတွက် အသစ်တွေ ထပ်ဝယ်မယ့်အစား ရှိပြီးသား အဝတ်တွေကို ပုံစံပြောင်းလိုက်ခြင်းဖြင့် သူများနဲ့မတူတဲ့ ဒီဇိုင်းနဲ့ လန်းကြရအောင်။

ခေတ်မမီတော့ဘူးထင်တဲ့အင်္ကျီတွေကို ပုံစံပြောင်းပြီး လန်းကြရအောင်

Read 1343 times
Rate this item
(1 Vote)