What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခရီးဆောင်အိတ်ထဲမှာ စတိုင်ကျကျ ဘယ်လို ထုတ်ပိုးသိမ်းဆည်းကြမလဲ?

ခရီးဆောင်အိတ်ထဲမှာ စတိုင်ကျကျ ဘယ်လို ထုတ်ပိုးသိမ်းဆည်းကြမလဲ? google

အားလပ်ရက်မှာ ခရီးထွက်မယ်ဆိုရင် အဝတ်အစား အသုံးအဆောင်တွေကို ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။

အဲ့လို ကြိုတင်ပြင်ဆင်ဖို့ဆိုတာကလဲ စတိုင်ကျဖို့ လိုအပ်ပါသေးတယ်။ စတိုင်ရှိမှ စတားဖြစ်မှာ မလား? အဲ့တော့ ဘာပဲလုပ်လုပ် စတိုင်ကျဖို့ လိုအပ်ပါတယ်။ ကဲ... စမတ်ကျကျ ခရီးဆောင်အိတ်ထဲကို အဝတ်အစားတွေ ထည့်ကြည့်ကြရအောင်။

(၁) အကြိုက်ဆုံး အဝတ်အစားတွေကို အိပ်ရာပေါ်မှာ တင်ထားပါ။
ဒီအတိုင်း အဆင်ပြေတဲ့ အဝတ်အစားကို ကောက်ထည့်မသွားလိုက်ပါနဲ့။ ခရီးသွားတဲ့အခါမှ ဝတ်ဖို့ အဆင်မပြေတာမျိုး၊ မကြိုက်တာမျိုး ဖြစ်တတ်လို့ပါ။  ယူသွားပြီး စိတ်ကြိုက်မဖြစ်ရင်တော့ အဝတ်အိတ် သယ်ရလို့ လေးမှာပဲ အဖတ်တင်မှာပါ။ ဒါကြောင့် အကြိုက်ဆုံး အဝတ်အစားတွေကို ရွေးပြီး စုထားပါ။ မှန်ရှေ့မှာ အင်္ကျီ တစ်စုံပြီး တစ်စုံ ဝတ်ကြည့်ပါ။ ကိုယ်နဲ့ အလိုက်ဖက်ဆုံး၊ အဆင်ပြေဆုံး၊ အကြိုက်ဆုံး ဆိုတဲ့ အဝတ်အစားကိုပဲ ရွေးချယ်ပါ။

(၂) ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အဝတ်အစားကိုပဲ ယူသွားပါ။
သွားမယ့်နေရာက အေးမယ့်နေရာမျိုးဆိုရင်တော့ စကပ်တိုတိုလေးတွေကို ယူမသွားဖို့ အကြံပေးပါရစေ။ စတိုင်ကျဖို့ အတွက်ဆို ဒီအချက် အရေးအကြီးဆုံးပါ။

(၃) တွဲဖက်ဝတ်ဆင်လို့ ရတဲ့ အဝတ်အစားမျိုးကို ယူသွားပါ။
ဘာနဲ့မှ တွဲဖက်ဝတ်ဆင်လို့ မရတဲ အဝတ်အစားကိုရွေးချယ်ဖို့ ဆုံးဖြတ်တာက အဆင်မပြေနိုင်ပါဘူး။ ဘောင်းဘီတစ်ထည်ကို ယူသွားဖို့ ရွေးချယ်ပြီးပြီဆိုရင် သူနဲ့ လိုက်ဖက်မယ့် အင်္ကျီ နှစ်ထည်၊ သုံးထည်လောက် ယူသွားရပါမယ်နော်။ ဒါမှပဲ အဝတ်အစားတွေ အများကြီး ဖြစ်နေမျိုး မဖြစ်မှာမို့ပါ။

(၄) ဘာပစ္စည်းတွေ ကျန်ခဲ့သလဲ ဆိုတာ ပြန်ကြည့်ပါ။
ခရီးသွားပါမယ်ဆိုမှ အကုန် ပြည့်ပြည့်စုံစုံ မပါရင် အဆင်မပြေပါဘူး။ ဒါကြောင့် ခရီးမထွက်ခင် အချိန်လေး နည်းနည်း ယူပြီး မေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေ ရှိ၊ မရှိ ကြည့်ပါနော်။

(၅) အသုံးအဆောင် ပစ္စည်းတွေကို သပ်သပ်ထည့်ပါ။
အဝတ်အစား မဟုတ်တဲ့ ပစ္စည်းတွေ စာအုပ်တွေ၊ အိတ်တွေ အစရှိတဲ့ ပစ္စည်းတွေကို သပ်သပ် ထည့်ပါ။

(၆) အဝတ်အစားတွေကို နှစ်ပိုင်း ခွဲခြားပြီး ထည့်ပါ။
ခရီးဆောင်အိတ်ထဲမှာ နှစ်ပိုင်း ခွဲခြားပြီး ထည့်ပါ။ ပြောချင်တာက ဆွယ်တာ အက်ႌေတြ၊ ကုတ္အက်ႌေတြ၊ ဂါဝန်တွေကို အုပ်စုတစ်ခုသပ်သပ် ထည့်ပါ။ ဘောင်းဘီတွေ၊ စကပ်တွေကိုတော့ နောက်တစ်ပိုင်းထဲမှာ ထည့်ပါ။ ရှာရလွယ်စေဖို့အတွက် ဖြစ်ပါတယ်။

(၇) သေးနိုင်သလောက် သေးသေး ခေါက်ထည့်ပါ။
ကြည့်ရလည်း အဆင်ပြေ၊ နေရာလည်းဆန့်၊ စမတ်ကျကျ ပစ္စည်းတွေ ထည့်ဖို့အတွက် အဝတ်စားတွေကို သေးသေးလေး ဖြစ်အောင် ခေါက်ပါ။ ဒါ့အပြင် အဝတ်အစားကို ခရီးဆောင်အိတ်ထဲမှာ အပိုင်းနှစ်ပိုင်းခွဲပြီး နေရာသေချာချပါ။

(၈) အတွင်းခံတွေကို အိတ်သပ်သပ်ဖြင့် ထည့်ပါ။
အတွင်းခံအဝတ်အစားတွေ၊ ညအိပ်ဝတ်စုံတွေကို သပ်သပ် စုထားပါ။ ခရီးဆောင်အိတ်ထဲက သီးခြားအိတ်သေးလေး တစ်ခုထဲကို စနစ်တကျ ခေါက်ထည့်ပါ။

(၉) အသုံးအဆောင်ပစ္စည်းတွေကိုတော့ အိတ်အပေါ်ဆုံးမှာ ထည့်ပါ။
အိတ်တွေ၊ မျက်မှန်တွေ၊ စာအုပ်တွေ အစရှိသဖြင့် ပစ္စည်းတွေကိုတော့ အလွယ်တကူ ယူလို့ ရအောင် အပေါ်ဆုံးမှာ ထားပါ။

ကဲ.. Textile ပရိသတ်ကြီး ခရီးထွက်ဖို့အတွက် စမတ်ကျကျ ပြင်ဆင်တတ်ပြီလို့ ထင်ပါတယ်နော်။ ပျော်ရွှင်ဖွယ်ကောင်းသော ခရီးလေးတွေကို ပိုင်ဆိုင်နိုင်ပါစေနော်။

Read>> စတိုင်ကျတဲ့ ကောင်မလေး တစ်ယောက် ဖြစ်ဖို့

Author-Su Yee Htet

Myanmar Textile and Garment Directory

Read 1530 times
Rate this item
(0 votes)
Tagged under