What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖိနပ်သစ်စီးတဲ့အခါ ခြေထောက်နာကျင်ခြင်းဒဏ်မှ ကင်းဝေးစေမယ့် နည်းလမ်းကောင်းများ

ဒေါက်ဖိနပ်အမြင့်စီးတဲ့အခါပဲဖြစ်ဖြစ်၊ ဖိနပ်အသစ်ထုတ်စီးရတဲ့အခါပဲဖြစ်ဖြစ် ခြေထောက်ပေါက်တာ ခြေထောက်နာတာကို လူတိုင်းကြုံတွေ့ကြရမှာပါ။ ဒါ့အပြင် ရှေ့ပိတ်နောက်ပိတ် ဖိနပ်အလုံတွေဝတ်ရတဲ့အခါ ချွေးထွတ်တတ်ပါတယ်။

ချွေးထွက်တော့ ဖိနပ်အနံ့နံတာပေါ့။ ဒါဆိုရင် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေကို အသုံးပြုကြမလဲဆိုတာကို အတူတူဖတ်ကြည့်လိုက်ရအောင်နော်။

ဒေါက်ဖိနပ်စီးတဲ့အခါ လမ်းလျှောက်ရတာ အဆင်ပြေဖို့ ခြေထောက်မနာဖို့အတွက် ခြေခလယ်နဲ့ ခြေညှိုးလေးကို တိတ်လေးနဲ့ ပူးကပ်လိုက်ပါ။

lip balm min

 

ခြေထောက်ပေါက်တဲ့နေရာကို Lip Balm လေးနဲ့ ပွတ်ပေးလိုက်ပါ။ နှုတ်ခမ်းလိမ်းတဲ့ Lip Balm နဲ့ ခြေထောက်လိမ်းတဲ့ Lip Balm ကိုတော့ သီးသန့်ခွဲထားပေးပါနော်။

Dry Shampoo min

 

အချို့ဖိနပ်တွေက စီးလိုက်ရင် ခြေထောက်ချွေးထွက်ပြီး ခြေထောက်ချောသွားတတ်ပါတယ် အဲ့ဒါဆိုရင် Dry Shampoo အသုံးပြုပေးလိုက်ပါ။

shampoo min

ဖိနပ်အနံ့ဆိုး ဖယ်ရှားပေးဖို့အတွက်

ခြေထောက်ချွေးထွက်တဲ့အခါ ဖိနပ်က ချွေးနဲ့စိုသွားပြီး ဘက်တီးရီးယားတွေ ပျော်မွေ့ရာနေရာဖြစ်လာတာပေါ့။ ဖိနပ်အနံ့ဆိုး ပျောက်ကင်းဖို့အတွက် နည်းလမ်းလေးတွေကတော့

ရေနဲ့ရှာလကာရည်ကို အချိုးတူရောလိုက်ပြီး ဖိနပ်အတွင်းထဲ ဖြန်းပေးလိုက်ပါ။ ကော်ဖီအကြမ်းမှုန့်နဲ့ မုန့်ဖုတ်ဆိုဒါကို အိတ်တစ်ခုထဲ ရောထားပြီးတော့ ဖိနပ်ထဲမှာ တစ်ညထားထားလိုက်ပါ။ အသုံးမပြုတော့တဲ့ လက်ဖက်ခြောက်ရေနွေးအိတ်ကို ဖိနပ်ထဲမှာ တစ်ညထား ထားပေးလိုက်ပါ။

vinegar min

သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဖက်ရှင်အသုံးအဆောင်များ

 

ဒေါက်အချွန်တွေကို မရွေးဘဲ ငြိမ်တဲ့ဒေါက်တွေပဲ ရွေးချယ်ဝယ်ယူပါ

heel min

ဖိနပ်ဝယ်မယ်ဆိုရင် ညနေပိုင်းပဲ သွားဝယ်ပါ

တစ်နေ့ခင်းလုံး သွားလာနေရတာကြောင့် မနက်ပိုင်းထက်စာရင် ညနေပိုင်းမှာတော့ ခြေထောက်အရွယ်အစားက အနည်းငယ်ကြီးသွားပါတယ်။ မနက်ပိုင်းမှာ ဖိနပ်ဝယ်မယ်ဆိုရင် ခြေထောက်အရွယ်အစားချဲ့ကားနေတဲ့အချိန်မှာ စီးဖို့ သက်သောင့်သက်သာမဖြစ်တော့ဘဲ ကြပ်ထုပ်နေပါလိမ့်မယ်။

 

Source:my news

Read 1332 times
Rate this item
(1 Vote)