What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၈ရဲ့ နွေရာသီအတွက် ဖက်ရှင် ပစ္စည်း ၅ မျိုး

ကျောင်းတွေလည်း ပိတ်ပြီ၊ သင်္ကြန် လည်း နီးပြီ၊ ရာသီဥတုကလည်း ပူလာပြီ ဆိုတော့ နွေရာသီထဲ ရောက်လာပြီဆို တာ သိသာထင်ရှားတဲ့သဘောပေါ့နော်။ ဒါကြောင့် ပူပြင်းခြောက်သွေ့လှတဲ့ မြန် မာပြည်ရာသီဥတုနဲ့အသင့်တော်ဆုံး ပိုင် ဆိုင်ထားရမယ့် ပစ္စည်းတွေအကြောင်း ပြောရမယ့် အချိန်ရောက်လာပြီပေါ့။

ရာ သီဥတုပူပေမယ့်လည်း ကျွန်မတို့လို ဖက်ရှင်ချစ်သူများကတော့ ဖက်ရှင်ကျ ချင်၊ လှချင်တဲ့သဘာဝကို အပြည့်အဝ နားလည်ပါတယ်။ ကဲ...ဒီတော့ အပို တွေ ပြောမနေတော့ဘဲ အခုလို ရာသီဥ တု ပူပူပြင်းပြင်းမှာ အထာကျနိုင်ဖို့ ဘာ တွေ လိုအပ်လဲဆိုတာ ပြောပြပေးမယ် နော်။

#Printed_Wrap_Dress
နွေရာသီရဲ့ ထုံးစံအတိုင်း ချည်သား ဂါဝန်လေးတွေ ဝတ်ကြတာက မထူး ဆန်းတော့ပါဘူး။ ဒါပေမယ့် ဂါဝန်ထဲမှာ လည်း ရွေးချယ်စရာ အမျိုးအစား အများ ကြီး ရှိပါသေးတယ်။ အခုလောလော ဆယ်အတွက်ဆိုရင်တော့ Print လှလှ လေးတွေနဲ့ ပြုလုပ်ထားတဲ့ Wrap Dress တွေကို ရွေးချယ်ဖို့အတွက် တိုက်တွန်းပါရစေနော်။ ဘယ်လို အရောင်မျိုးဖြစ်ဖြစ် ဘယ်လို အဆင်မျိုး ဖြစ်ဖြစ် Wrap Dress ဖြစ်ရင်ကို အ ဆင် ပြေနေပါပြီ။ အပူရှောင်ဖို့အတွက် က ချည်သားလေးတွေ၊ အရောင်လွင် လွင်လေးတွေကို ရွေးချယ်နိုင်ရင် အ ကောင်းဆုံးပေါ့။

#Breezy_Top

ပြီးခဲ့တဲ့ နှစ်လောက်က စပြီး နေရာ ယူလာတဲ့ လွတ်လပ်ပေါ့ပါးပြီး ဒီဇိုင်း ဆန်းတဲ့ Breezy Top လေးတွေက အခု လို နွေရာသီအချိန်အခါနဲ့ အံကိုက်ပါပဲ။ အဖြူရောင်နဲ့ Pastel ရောင်နဲ့ Top လေးတွေကို အောက်က ဘောင်းဘီတို၊ စကတ်တို စတာတွေကို တွဲဝတ်ပြီး Sneakers လေးတစ်ရန်နဲ့ တွဲဖက် လိုက်ရင်ကို နွေဦးရဲ့ မိန်းမပျိုလေး ဖြစ် သွားပြီပေါ့။

#Jumpsuit
ပွင့်ရိုက်တွေနဲJumpsuit တွေကို မဝတ်ပါနဲ့တော့လို့ မှာချင်ပါတယ်။ ရိုးရိုး ရှင်းရှင်းနဲ့ အရောင်နုလေးတွေနဲJumpsuit အတို၊ အရှည်တို့ကိုပဲ ဝတ် ဆင်ပါ။ နေ့စဉ် ရုံးတက်တဲ့အခါကနေ ညဘက် ပွဲတစ်ခုခု သွားရတော့မယ် ဆိုရင်လည်း အဝတ်အစား ပြန်လဲစရာမ လိုဘဲ အဆင်သင့်လေး ပွဲတက်နိုင်ပြီ ပေါ့။

#White_Jeans
နွေရာသီအတွက် အကိုက်ညီဆုံး အ ရောင်က အဖြူရောင်ဖြစ်တယ်ဆိုတာကို ငြင်းမယ့်သူမရှိဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အဖြူရောင်ဂျင်းန်ကို ပိုင်ဆိုင် သူက ၅၀ မှာ ၁ ယောက်လောက်ပဲ ရှိ မှာပါ။ အဲဒါကြောင့် ပိုပြီး ဝတ်ဆင်သင့် တာလို့ ကျွန်မကတော့ ပြောချင်ပါတယ်။ အပေါ်မှာ ပြောထားတဲ့ Breezy Top လေးတွေနဲ့ တွဲဝတ်ပြီး အောက်က ဖိနပ် ပါးလေးတစ်ရန်နဲ့ဆို ဘယ်လောက် တောင်မှ လွတ်လပ်ပေါ့ပါးတဲ့ နွေဖက်ရှင် လေးကို ပိုင်ဆိုင်သွားပြီလဲဆိုတာ တွေး သာ ကြည့်လိုက်ပါတော့။

#Sandals
ကဲ ဒါဆို ဖိနပ်ပါးလေးတွေအ ကြောင်း ပြောရင်း အဆုံးသတ်လိုက်ကြ တာပေါ့။ သက်သောင့် သက်သာလည်း ရှိပြီး ဒီဇိုင်းလည်း လှတဲ့ ဖိနပ်ပါးလေး တွေက သင့်ရဲ့ ပျင်းရိဖွယ်ကောင်းတဲ့ နွေ ဦး နေ့ရက်တွေကို အမြန်ဆုံးနည်းလမ်းနဲ့ ကုန်ဆုံးသွားစေမှာပါ။ အပေါ်မှာ ပြောပြ ထားတဲ့ ဖက်ရှင်ပစ္စည်းတွေ အားလုံးနဲ့ လည်း တွဲဖက်ဝတ်ဆင်လို့ရတဲ့ ဖိနပ်ပါး လေးတွေကိုလည်း နွေရာသီရဲ့ စာရင်း ထဲမှာ ချန်ထားခဲ့လို့ မဖြစ်ဘူးလေနော်။

source:now magazine

Read 1077 times
Rate this item
(0 votes)