What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Ruffled blouse/Dress (အတွန့်အဖတ် ဖက်ရှင်)

Ruffled blouse/Dress (အတွန့်အဖတ် ဖက်ရှင်) google

ခုခေတ်စားနေတဲ့ Ruffled blouse/Dress (အတွန့်အဖတ် ဖက်ရှင်) အကြောင်းလေး ရေးပေးချင်ပါတယ်။ ခုနောက်ပိုင်း online shopတွေမှာ ဘန်ကောက်ရဲ့ လက်ရှိ

ခေတ်အစားဆုံး ဖက်ရှင်တွေထဲက တစ်ခုလို့ဆိုပြီး တင်လာကြတဲ့ ဒီ Ruffle ဒီဇိုင်းတွေကို တော်တော်လေး တွေ့လာရပါတယ်။ ဒါကြောင့် blouse၊ dress နဲ့ skirtတွေကို ဘယ်လိုအမိုက်စားဖြစ်အောင် တွဲစပ်ဝတ်ရမလဲဆိုတာ ပျိုမေတွေ ခေါင်းမစားရအောင် ရေးသားပေးလိုက်ပါတယ်။

(1) သူ့ကိုသိပ်ဦးနှောက်ခြောက်ခံပြီး စဉ်းစားစရာမလိုတဲ့ ပထမဆုံးအချက် အလွယ်နည်းကတော့ Ruffled blouse အကျီမျိုးဆို အောက်ကနေ skinny jean မျိုး/ripped jean မျိုးနဲ့တွဲနိုင်သလို ဂျင်းဘောင်းဘီအတိုနဲ့လည်း တွဲနိုင်ပါတယ်။

Jean

 

(2) စကတ်နဲ့တွဲဝတ်မယ်ဆို အပေါ်မှာ အပွင့်အဖတ်တွေ များတာကြောင့် အောက်ကနေ သိပ်မရှုပ်တဲ့ tight skirt/pencil skirt အကျပ်မျိုးလေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။ အသားကတော့ jean ဖြစ်ဖြစ် leather ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့အသားနဲ့သာ တွဲပါ။

skirt

Related Article: မြင်တွေ့နေကျ မဟုတ်တဲ့ ဖလန်နယ် အတွဲအစပ် (၁၀) မျိုး

(3) ကိုယ်က dinner/party ပွဲမျိုး ထူးထူးခြားခြားလေး ပြင်ဆင်သွားချင်တယ်ဆိုရင်တော့ အပေါ်ရော အောက်ရော ruffle ဒီဇိုင်းမျိုးတွေကို ခပ်ရှုပ်ရှုပ်လေး ဆင်မြန်းနိုင်ပါတယ်။ ဒါပေမယ့် အဆင်နှစ်ခုကတော့ လိုက်ဖက်နေရပါမယ်။

party

 

(4) Ruffled blouse ကခပ်ပွပွဆို ဘောင်းဘီ/စကတ် စတာတွေထဲ ထည့်ဝတ်တာမျိုး လုပ်ကြည့်ပါ။ အထာကျမှာ သေချာပါတယ်။

large

 

(5) အဆင်တန်ဆာကို ဖြစ်နိုင်ရင် အများကြီး မဝတ်ပါနဲ့။ ရှုပ်ယှက်ခတ်နေရင် ကြည့်မကောင်းလို့ပါ။ ဆွဲကြိုးဆို ပါးပါးလေး အမျှင်လေးတွေပဲ ဆွဲပါ။ ဆွဲကြိုးအဆွဲပဲ နားကပ် နားဆွဲခပ်ကြီးကြီး ဝတ်တာလည်း ကောင်းပါတယ်။

noaccessories

 

(6) ဒီ ဖက်ရှင်နဲ့ပတ်သက်ပြီး တစ်ခုပြောချင်တာကတော့ သိပ်ဝတဲ့ ပြည့်တဲ့သူတွေနဲ့တော့ အရမ်းကြီးမလိုက်ပါဘူးရှင်။ သူက အဖတ်အတွန့်တွေ များလွန်းတာကြောင့် ဝတဲ့သူဆို ပိုဝသလို ဖြစ်စေနိုင်လို့ပါပဲ။

thin

 

Source: I am Fashion

Myanmar Textile and Garment Directory

Read 1391 times
Rate this item
(1 Vote)
Tagged under