What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြင်တွေ့နေကျ မဟုတ်တဲ့ ဖလန်နယ် အတွဲအစပ် (၁၀) မျိုး

မြင်တွေ့နေကျ မဟုတ်တဲ့ ဖလန်နယ် အတွဲအစပ် (၁၀) မျိုး google

ဖလန်နယ်ရှပ်ဆိုတာ နွေ၊မိုး၊ ဆောင်း ဘယ် အချိန်ဖြစ်ဖြစ် အသုံးဝင်ပြီး ဘယ်တော့မှ ရိုး သွားမှာ မဟုတ်တဲ့ အဝတ်အစားပါပဲ။

ထသွား ထလာ ကောက်ဝတ်သွားရုံတင်အတွက် မဟုတ်ပဲ သူ့ကိုအထာကျအောင် တွဲစပ်နိုင် ရင် တွဲစပ်နိုင်သလောက်လည်း ပွဲတိုးတဲ့ အရာ လို့ ဆိုရမှာပေါ့။ ဒီတစ်ခေါက် ဖလန်နယ်ရှပ် အကွက်တွေနဲ့ ပတ်သက်ပြီး ပြောပြ ပေးချင်တဲ့ အကြောင်းအရာက မြင်တွေ့နေကျ မဟုတ်တဲ့ ဖလန်နယ်အတွဲအစပ် (၁၀) မျိုး အကြောင်းပါပဲ။

သူ့ကို အရင်က မြင်တွေ့နေကျ skinny jean ဒါမှမဟုတ် ဘောင်းဘီတို၊ pencil skirt ဘာညာမျိုးတွေနဲ့ တွဲဝတ်ထားတာမျိုး မဟုတ် ပဲ Look အသစ်လေး ဖြစ်စေမယ့် အတွဲအစပ် လေးတွေကို မျှဝေပေးမှာပါ။

ဒါဆို ကိုယ့်မှာရှိနေပြီးသား ဖလန်နယ်ရှပ် လေးကိုပဲ ဝတ်နေကျပုံစံမဟုတ်ပဲ နောက်ထပ် စတိုင်လ်တစ်မျိုးထုတ် ဝတ်ကြည့်လိုက်ရ အောင်နော်။

(၁) Overall လေးတွေနဲ့ ဖလန်နယ်တွဲဝတ်ကြည့် ဖူးပါသလား။ တကယ်ကို ချစ်စရာကောင်းပြီး အထာကျပါတယ်နော်။ Overall က အနက်ဖြစ်ဖြစ်၊ jean အပြာဖြစ်ဖြစ် အဆင်ပြေတာမို့ အဲ့လိုမဝတ်ဖူးသေးရင် စမ်းဝတ်ကြည့်လိုက်ပါလို့။

1

 

(၂) အရင်က Skinny jeans တွေအစား Wide pant တွေ၊ Cropped Wide Pant တွေ နောက် Mom jeans လို ဘောင်းဘီမျိုးတွေနဲ့ ပြန် တွဲဝတ်ပစ်ပါ။

2

 Read: ရှပ်အဖြူ တစ်ထည်ရှိရုံနဲ့ဘယ်လို စတိုင်လ်ကျအောင် ဝတ်နိုင်မှာလဲ

(၃) ကိုယ့်ဖလန်နယ်ရှပ်က Cropped လုပ်ထားတာဆို အောက်က Crop Topနဲ့ ခုလို ဝတ်ကြညိ့လိုက်ရင် တော်တော်မိုက်မှာနော်။ ဒီပုံလေးကြည့်ပြီး အိမ်က ဖလန်နယ်ရှပ်လေးကို Crop လုပ်ချင်သွားပြီမလား။

3

 

(၄) ဆွယ်တာတွေ Cardigan လေးတွေ ထပ်ဝတ်ပြီး ခရီးသွားတဲ့အခါ ရှိုးထုတ်ကြည့်လိုက်ပါဦးနော်။

4

 

(၅) Dress pant တွေ ၊ Paper Bag pant လေးတွေ နဲ့လည်း ခုလို တွဲဝတ်ကြည့်လိုက်ပါဦး။ အမြင်ဆန်းပြီး အားလုံးငေးသွားမှာ သေချာပါ တယ်နော်။

5



(၆) ကိုယ့်အရပ်ကရှည်တယ် ဆိုရင်တော့ ပွပွ ချောင်ချောင် ချည်သားဘောင်းဘီမျိုးလေးတွေနဲ့ ထသွားထလာအတွက် ခုလို ဆင်မြန်းနိုင်ပါသေး တယ်။

6

 

(၇) ပွဲတက်ဘာညာအတွက် ဖလန်နယ်က ပွဲမတိုး ဘူးလို့ ဘယ်သူပြောလဲ။ အထာကျအောင် ခုလို တွဲစပ်နိုင်ဖို့သာ အဓိကကျတာနော်။

7

 

(၈) ကိုယိ့ဖလန်နယ်မှာ ပါတဲ့ ကာလာအတောက် တစ်ခုခုနဲ့ ခုလိုကြီး တွဲဝတ်ပစ်လိုက်ရင်လည်း မိုက်မှမိုက်ပါပဲလို့။

8

 

(၉) ရင်ဘတိကြယ်သီးတွေ မတပ်ပဲ အောက်က ရှပ်အနားကို အပေါ်ထိ ပင့်ချည်ပြီး အပေါ်ထပ် တစ်ထပ်အနေနဲ့လည်း ရှိုးထုတ်နိုင်သေး တယ်နော်။

9

 

အားလုံးပဲ အထာကျ လှပနိုင်ကြပါစေနော်။

Source: I am Fashion

Myanmar Textile and Garment Directory

Read 1415 times
Rate this item
(0 votes)
Tagged under