What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သက်တောင့်သက်သာရှိပြီး စတိုင်ကျစေတဲ့ ဖိနပ်ဒီဇိုင်းများ

ဖိနပ်ဆိုတာသွားလာရတဲ့အခါမှာ မပါမဖြစ်ကိုလိုအပ်တဲ့အရာတစ်ခုပေါ့။ ဖိနပ်ရွေးချယ်တဲ့အခါမှာလည်း ကိုယ်နဲ့သက်တောင့်သက်သာမဖြစ်နေရင် စီးရတာခက်ခဲနေမယ်ဆိုရင်တော့ စိတ်မသက်မသာဖြစ်စေပြီး သွားရမယ့်ခရီးလမ်းကလည်း အဆင်မပြေမှုတွေပဲ ကြုံတွေ့ရတော့မှာပေါ့။ ဖိနပ်ဒီဇိုင်းတွေ မျိုးစုံပေါ်လာတယ်ဆိုပေမယ့်လည်း ကိုယ်နဲ့သက်တောင့်သက်သာရှိစေမယ့် ဖိနပ်မျိုးကပိုပြီးတော့ သင့်တော်တာပေါ့။ ဒါကြောင့် ဖက်ရှင်လည်းကျစေပြီး စီးရတာလည်းသက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ်ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဖိနပ်လေးကတော့ အမွှေးပွပုံစံမျိုးနဲ့ ဒီဇိုင်းဖန်တီးထားပြီး ပါးတဲ့ဖိနပ်မျိုးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိစေပြီး နူးညံ့တဲ့အမွှေးနုလေးတွေကြောင့်လည်း စိတ်ကျေနပ်စရာကောင်းစေပါတယ်။

feather shoes min

 

ရှူးဖိနပ်ပုံစံမျိုးကိုမှ ကြိုးသိုင်းပုံစံမျိုးလုပ်ထားတာကြောင့် အမြင်လည်းဆန်းပြီး ဘောင်းဘီအတိုလိုအဝတ်အစားမျိုးနဲ့ ဝတ်မယ်ဆိုရင်တော့ ဖိနပ်နဲ့သူရဲ့ကြိုးဒီဇိုင်းကို ပေါ်လွင်ပြီး ပိုကြည့်ကောင်းစေပါတယ်။

string shoes min

 

ဒီလိုမျိုး ကြိုးသိုင်းဖိနပ်လေးတွေကလည်း ခြေချောင်းလှလှလေးတွေနဲ့ ကောင်မလေးတွေကို ပိုပြီးလှပအောင် ပံ့ပိုးပေးနိုင်မယ့် ဖိနပ်လေးလည်းဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးစီးလို့ရပြီး ဒီဇိုင်းလေးကလည်း ဘယ်တော့မှရိုးမသွားလောက်မယ့် အရာမျိုးဆိုတော့ စီးကြည့်သင့်တယ်နော်။

string slipper min

တီရှပ်အစင်းကြောင်းတွေကို ဖက်ရှင်ကျကျ ဝတ်ဆင်ရအောင်

 

ဒီဖိနပ်လေးကတော့ ကြိုးတွေအရမ်းရှုပ်ရှပ်ခတ်ပြီး ပါနေတဲ့ပုံစံမျိုးမဟုတ်ပဲ ရှင်းရှင်းလေးနဲ့ဆိုတော့ စီးရတာလည်းလွတ်လွတ်လပ်လပ်ရှိပြီး ပျိုမေတို့သဘောတွေ့စေမယ့် ဖိနပ်မျိုးလေးပါနော်။

sandal min

အခုဖော်ပြပေးထားတဲ့ဖိနပ်လေးတွေကတော့ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာစီးချင်တဲ့သူတွေနဲ့ သင့်တော်ပြီး ဒီဇိုင်းလေးလဲဆန်းတာကြောင့် ပျိုမေတို့လည်း ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်နော်။

 

Source:my news

Read 1884 times
Rate this item
(1 Vote)