What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မမ ဝဝလှလှ လေးတွေအတွက် အမိုက်ဆုံးအလန်းဆုံး အဝတ်အစားစတိုင်လ်များ

မမဝဝလေးတွေဟာ တကယ်ကို ချစ်စရာကောင်းကြပါတယ်။ ဝတယ်ဆိုပြီး ဖြစ်သလိုကြီးတော့ မနေလိုက်ပါနဲ့နော်။

အရမ်းနှမြောစရာကောင်းလို့ပါ။ ခုဖော်ပြပေးမယ့် အဝတ်အစားဒီဇိုင်းတွေအတိုင်း ဝတ်ကြည့်လိုက်ရင် ဝလို့လှလို့ဆိုတဲ့ စကားက သင့်အတွက်ဖြစ်နေမှာပါနော်။

(၁) ဂါဝန်တို

ဂါဝန်အတို ရင်အောက်ပိုင်း မသိမသာလေး ကားသွားတဲ့ ပုံစံလေးတွေဟာ ဗိုက်ပူတာကို ဖုံးပေးနိုင်ပါတယ်။ အရမ်းမကားဖို့တော့ သတိပြုပါနော်။ ဗြောင်မဟုတ်ရင် အပွင့်ကြီးကြီး တွေကို ရွေးချယ်ပါ။

ps1

(၂) ဝမ်းဆက်

အပေါ်အောက်အရောင်ဆင်တူကိုမှ ခါးလေးကို ကားပေးထားတဲ့ ပုံစံလေးပါ။ ခါးလေးက ကားပြီးသားဖြစ်လို့ စကပ်ကိုတော့ အောက်ရှူးလေးပဲ ဝတ်ပါနော်။

ps2

(၃) လက်ရှည်ဂါဝန်တို

ဒီပုံစံလေးကလည်း တကယ့်ကို လှပပြီး ဖက်ရှင်ကျပါတယ်။ ဒီဖက်ရှင်မှာ ဖိနပ်က အဓိကဖြစ်တာကြောင့် ဒီဖိနပ်ပုံစံမျိုး တစ်ရံတော့ မဖြစ်မနေရှိထားသင့်ပါတယ်နော်။ ဒီလိုဖိနပ်ဟာ အဝတ်အစားတော်တော်များများနဲ့ လိုက်ဖက်တာကြောင့် ဝယ်ထားသင့်ပါတယ်နော်။

ps3

(၄) ဂျင်းနဲ့ဆွယ်တာ

ဒီပုံစံလေးဟာ အရမ်းကို ဖက်ရှင်ကျပြီး ဆွဲဆောင်မှုအရမ်းရှိပါတယ်။ ဘောင်းဘီက ဒီလို ခြေမျက်စိအပေါ်နားလေးကိုမှ အကျပ်လေးရွေးဝတ်ပေးပါနော်။

ps4

(၅) လက်ရှည်နဲ့ဂျင်း

ဒါလေးလည်း တကယ့်ကို အထာကျတဲ့ ဖက်ရှင်လေးပါ။

ps5

(၆) အစင်း Jump suit အရှည်

ဝတဲ့သူတွေဟာ ဒေါင်လိုက်အစင်းတွေကို အပေါ်အောက် ဝမ်းဆက်တွဲဝတ်လိုက်ရင် ပိန်သယောင်ထင်ရပြီး အရပ်လည်း ပိုရှည်တယ်လို့ ထင်ရစေပါတယ်။ ဒီပုံစံလေးဟာ ဝတ်ရတာလည်းပေါ့ပါးသလို မြင်သူတကာ ငေးကြည့်ရလောက်တဲ့ ဖက်ရှင်လည်း ဖြစ်ပါတယ်။

ps8

(၇) ဝမ်းဆက်

ဒါလေးက အပေါ်ဗြောင်ကိုမှ အောက်က အဆင်လေးနဲ့ လိုက်ဖက်ညီစွာ ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ဒီပုံစံလေးဟာ တော်တော်လေးကို စမတ်ကျတဲ့အပြင် ခါးလေးတောင် သိမ်သွားသလို ဖြစ်စေပါတယ်။

ps7

(၈) free style

ဒီပုံစံလေးကတော့ အရမ်းကို ချစ်စရာကောင်းပြီး၊ အရမ်းကို လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ပါ။ ဒီလိုပုံစံလေး ဝတ်လိုက်ရင် မမဝဝလေးတွေ နဂိုထက်တောင် ပိုပြီး ချစ်စရာကောင်းနေမှာပါ။

ps9

source:for her myanmar

 

 
Read 2076 times
Rate this item
(0 votes)