What's new

×

Warning

JUser: :_load: Unable to load user with ID: 846


အကောင်းဆုံး အရောင်ကွဲ Fashion များ (၁)

အကောင်းဆုံး အရောင်ကွဲ Fashion များ (၁) Google

အရောင်စပ် fashion တွေဟာ အမြဲသင့်ရဲ့ Look ကို အကောင်းဆုံးအနေအထားသို့ မြှင့်တင်ပေးနိုင်သည်။ အဆိုးဆုံးအနေအထားအထိ လမ်းဆွဲချနိုင်ပါတယ်။ အောက်မှာတော့  ရေပန်းအစားဆုံး အရောင်စပ် fashion တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အစိမ်းနှင့်အ၀ါ

လန်းလန်းဆန်းဆန်း အစိမ်းရောင်နှင့် အ၀ါရောင်ဟာ မည်သည့်အသားအရေပေါ်မှာမဆို အမြဲကြည့်လို့ ကောင်းစေမှာဖြစ်ပါတယ်။ အကယ်၍ သင်ဟာ အ၀ါရောင်ဘက်သန်းတဲ့ အသားအရေပိုင်ဆိုင်ထားရင်တော့ စိမ်းဝါရောင်၊ ကာကီရောင်နှင့် အစိမ်းပုတ်ရောင်တွေဟာ အလိုက်ဖက်ဆုံးဖြစ်ပါလိမ့်မယ်။ (သို့) သင်၏အသား အရေဟာ အဖြူရောင်ဘက်သန်းတဲ့ အသားအရေဆိုရင်တော့ အ၀ါရောင်တောက်တောက်နှင့် အစိမ်းရောင် တောက်တောက်တွေပါ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။Green and Yellow Colour Combinations 1

၂။ အပြာနုရောင်နှင့်ပန်းရောင်

“Pink and Blue, Love is True” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အပြာနှင့်ပန်းရောင်ဟာ ဘယ်သောအခါ မခွဲထုတ်လို့ မရတဲ့ အရောင်တွေဆိုလည်း မမှားပါဘူး။ အပြာနှင့် ပန်းရောင်က မှန်ကန်စွာ မ၀တ်ဆင်တတ်ရင် တော့ ကြည့်လို့ကောင်းမှ မဟုတ်ပါဘူး။ မှန်ကန်စွာ ရွေးချယ်ဝတ်ဆင်ရင်တော့ သင်ဟာ လူတိုင်း၏အမြင်မှာ မျက်စိကျစရာ ဖြစ်နေမှာတော့ မလွဲပါဘူး။

Soft blue and pink Colour Combinations 2

၃။ အနီရောင်နှင့် အပြာရောင်

အနီရောင်နှင့် အပြာရောင်စပ်ကတော့ အမြဲ လူတိုင်းရဲ့ အနှစ်သက်ဆုံးစာရင်းထဲမှာ ပါဝင်နေမှာပါ။ အပြာရောင် ripped jeans လေး အနီရောင်ကုတ်အကျဟာ အလိုက်ဖက်ဆုံးဖြစ်ပြီး အမဲရောင်ထောက်မြင့်ဖိနပ်လေးနှင့် ဖြည့်စွက်လိုက်ရင်တော့ သင့်လောက်အထာကျတဲ့သူရှိမှာမဟုတ်တော့ပါဘူး။

Red and Denim Colour Combinations 3

၎။ အပြာရင့်နှင့် စိမ်းပြာရောင်

နှစ်ရောင်လုံးဟာ အရောင်တောက်တွေဖြစ်သော်ငြားလည်း ၀တ်ဆင်လိုက်တာနှင့်သင့်ကို အင်အားကြီးမား ထက်မြတ်တဲ့ ပုံပေါက်စေပါတယ်။ အပြာရင့်နှင့် စိမ်းပြာရောင်စပ်ဝတ်စုံကို ရွှေ (သို့) ငွေရောင် accessories နှင့် ဖြည့်စွက်ပါက သင့်ကို ကြည့်လို့အကောင်းဆုံးနှင့် အပေါ်လွင်ဆုံးဖြစ်စေမှာပါ။

Cobalt Blue and Turquoise Colour Combinations 4

၅။ လိမ္မော်နှင့်အပြာ

အပြာနှင့် လိမ္မော်ဟာ အကောင်းဆုံး အရောင်စပ် fashion ဆိုလည်း မမှားပါဘူး။ အပြာရောင်ဘောင်းဘီပွနှင့် လိမ္မော်ရောင် crop top အကျလေးတွေဟာ သင့်ကို လွတ်လပ်ပေါ့ပါးစေပြီး လူငယ်ဆန်စေပါတယ်။

Orange and Blue Colour Combinations 5

Read 4063 times
Rate this item
(2 votes)