What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ကိုရီးယားမလေးတွေလိုဝတ်စားကြမယ်"'

ဒီနေ့ခေတ်မှာဖက်ရှင်အကျဆုံးလို့ပြောလို့ရတာကိုရီးယားဖက်ရှင်ပါ။မိန်းကလေးတွေတင်မကယောင်္ကျားလေးတွေပါဖက်ရှင်ကျကျဝတ်စားတတ်လို့Kpopဖက်ရှင်တွေကအရမ်းခေတ်စားနေတာပေါ့။ နိုင်ငံတော်တော်များများကလည်းကိုရီးယားဖက်ရှင်အတိုင်းလိုက်ဝတ်လာကြပါပြီ။

မြန်မာပြည်ကကိုရီးယားချစ်ပရိတ်သတ်တွေကလည်းကိုရီးယားမလေးတွေလိုစတိုင်ကျကျဝတ်စားလာကြ တာကိုလည်းတွေ့နေရပါတယ်။ဘယ်လိုစတိုင်ကကိုရီးယားစတိုင်လည်းဆိုတာရယ်ကိုရီးယားမလေး တွေဘယ်လိုအဝတ်အစားတွေကိုရွေးချယ်ဝတ်စားကြလည်းဆိုတာကိုဖေါ်ပြပေးလိုက်ပါတယ်။

၁. ကိုရီးယားမလေးတွေကတင်းနစ်စကပ်(စကပ်အတိုအကား)လေးတွေကိုအရောင်မျိုးစုံဝယ်ထားပြီး ဝတ်ကြလေ့ရှိပါတယ်။အပေါ်ကနေတီရှပ်အဖြူဒါမှမဟုတ်အရောင်တူတီရှပ်လေးတွေနဲ့တွဲပြီးဝတ်လေ့ရှိ ပြီးလျှာထိုးဦးထုပ်လေးတွေနဲ့တွဲဖက်ဝတ်ဆင်လေ့ရှိပါတယ်။ဒီလိုဝတ်ထားရင်အားကစားဖိနပ်လေးတွေ နဲ့ပိုလိုက်ဖက်လို့ပေါ့ပေါ့ပါးပါးစတိုင်လေးဖြစ်စေတာပေါ့။ချစ်စရာကောင်းတဲ့အသွင်ကိုလည်းပေးစွမ်းနိုင် တာကြောင့်ဆယ်ကျော်သက်တွေနဲ့၂၀ဝန်းကျင်တွေဝတ်ရင်အသင့်တော်ဆုံးပါ။

၂. စိတ်ဝင်စားစရာကောင်းပြီးစတိုင်ကျချင်ရင်အလွှာထပ်ဝတ်လေ့ရှိကြပါတယ်။အောက်ကတီရှပ်နဲ့ ဂျင်းဘောင်းဘီအကျပ်ဝတ်ပြီးအပေါ်ကoversizeရှပ်အကျီင်္ကိုကျယ်သီးဖြုတ်ပြီးထပ်ဝတ်လိုက်ပါ။ အောက်ကအကျပ်လေးနဲ့အပေါ်ကအပွကိုတွဲဖက်ဝတ်လိုက်တာဟာbalanceဖြစ်ပြီးစိတ်ဝင်စားစရာ ကောင်းတဲ့အသွင်ကိုပေးစွမ်းနိုင်ပါတယ်။နေကာမျက်မှန်လေးတပ်လိုက်ရင်ကိုရီးယားမလေးလား လို့တောင်သူများတွေထင်သွားပါလိမ့်မယ်။

၃. ဂျင်းဘောင်းဘီအပွတွေကဖက်ရှင်မကျဘူးလို့ပြောရင်ကိုရီးယားတွေရယ်ကြပါလိမ့်မယ်။ အပေါ်က တီရှပ်အပွအောက်ကဂျင်းဘောင်းဘီအပွဝတ်တာကကိုရီးယားမလေးတွေထသွားထလာအလွယ်တကူ ရွေးချယ်ဝတ်စားကြလေ့ရှိတဲ့ဖက်ရှင်ပါ။walking shoes တွေနဲ့တွဲဖက်ဝတ်ဆင်ပြီး နှုတ်ခမ်းနီ ရဲရဲလေးဆိုးလိုက်ရင် Perfect ဖြစ်သွားပါလိမ့်မယ်။

၎. V ပုံလည်ပင်းပါအထည်တွေကကိုရီးယားမှာခေတ်အစားဆုံးပါ။ V ပုံလည်ပင်းပါတီရှပ်တွေအပြင် V ပုံလည်ပင်ပါဂါဝန်တွေတီရှပ်အရှည်တွေကလည်းကိုရီးယားမလေးတွေရဲ့အသည်းစွဲပါ။ Vလည်ပင်းနဲ့ ဂါဝန်ကိုဘေးတစောင်းလွယ်အိတ်လေးနဲ့တွဲဝတ်ပြီးဒေါက်ဖိနပ်ဒါမှမဟုတ်ထိပ်ချွန်ဖိနပ်လေးစီးလိုက်ပါ။ ကိုရီးယားအဆိုတော် IU ရဲ့စတိုင်လို့လည်းပြောလို့ရပါတယ်။

၅. ကိုရီးယားမှာနောက်ထပ်ခေတ်စားနေတဲ့ဖက်ရှင်ကတီရှပ်လက်ရှည်တွေနဲ့ရှေ့ဖုံးခါးစည်းစတိုင် ဂါဝန်တွေကိုတွဲဖက်ဝတ်လေ့ရှိတာပါ။မီးဖိုချောင်တွေမှာသုံးလေ့ရှိတဲ့ရှေ့ဖုံးခါးစည်းလိုမျိုးစတိုင် ဂါဝန်တွေကိုဖက်ရှင်စတိုးတွေမှာအလွယ်တကူဝယ်လို့ရနေပါပြီ။အောက်ကတီရှပ်အဖြူလက်ရှည် ဝတ်ပြီးအပေါ်ကရှေ့ဖုံးခါးစည်းဂါဝန်ဝတ်ပါ။

Read 1377 times
Rate this item
(0 votes)