What's new

×

Warning

JUser: :_load: Unable to load user with ID: 845


4 Point System (Guide for pre-production processes)

ပီပီ pre-production လုပ္ငန္းစဥ္အဆင့္တြင္ ေယဘုယ်အားျဖင့္ ေအာက္ပါအဆင့္မ်ား ပါ၀င္သည္။


· Pattern making ပက္တန္ ျပဳလုပ္ျခင္း
· Garment sampling ခ်ဳပ္ထည္ နမူနာ လုပ္ကုိင္ျခင္း
· Fabric development အထည္သား ရွာေဖြ၀ယ္ယူျခင္း
· Fabrics and trims approvals အထည္သားႏွင့္ အဆင္တန္ဆာမ်ား
အတြက္ အတည္ျပဳျခင္း
· Fabric and trims sourcing အထည္သားႏွင့္ အဆင္တန္ဆာမ်ား ရယူ
မည့္ရင္းျမစ္မ်ား(ေပးသြင္းမည့္သူမ်ား) ကုိ သတ္မွတ္ျခင္း
· PP meeting ပီပီ စည္းေ၀းတုိင္ပင္ ညိႇႏိႈင္းဆုံးျဖတ္ျခင္း


· Fabric and trims sourcing အထည္သားႏွင့္ အဆင္တန္ဆာမ်ား ရယူ
မည့္ရင္းျမစ္မ်ား(ေပးသြင္းမည့္သူမ်ား) ကုိ သတ္မွတ္ျခင္း အဆင့္တြင္ လုပ္ကုိင္ၾကတဲ့ 4 Point System ကို တင္ျပလုိပါတယ္။

အထည္ခ်ဳပ္မယ့္ အထည္သားကုိ ေပးသြင္းမည့္သူထံမွ ၀ယ္ယူတာပဲျဖစ္ျဖစ္၊ ေဈးကြက္ထဲမွာ ၀ယ္ယူတာပဲျဖစ္ျဖစ္ အျပစ္အနာအဆာ ပါလာတတတ္တာမုိ႔ အထည္ခ်ဳပ္လုပ္ငန္းအေနျဖင့္ စစ္ေဆးတဲ့ လုပ္ငန္းစဥ္ကုိ မရွိမျဖစ္ ထားရွိၾကပါတယ္။ ေပးသြင္းတဲ့ အထည္သားေတြကုိ အကုန္လုံး စစ္ေဆးတာမ်ဳိး ရွိသလုိ က်ပန္းနမူနာ ရယူၿပီး စစ္ေဆးတာေတြလည္း ရွိပါတယ္။ ရရွိလာတဲ့ အထည္သားရဲက အရည္အေသြးကုိ ၾကည့္ၿပီး အကုန္လုံး စစ္သင့္မစစ္သင့္ကုိ စဥ္းစားဆုံးျဖတ္ၾကပါတယ္။ က်ပန္း နမူနာ ယူစစ္ရင္ လုံေလာက္ၿပီလားဆုိတာ ဆန္းစစ္ပါတယ္။
သုံးေလ့သုံးထ ရွိတဲ့နည္းတစ္နည္း 4 Point System ျဖစ္ပါတယ္။ အထည္သားရဲ႕ အရည္အေသြး အဆင့္အတန္းကုိ အထည္ခ်ဳပ္စက္႐ုံေတြ စစ္ေဆးတဲ့အခါ သုံးစြဲၾကတဲ့ နည္းတစ္ခု ျဖစ္ပါတယ္။
တခ်ဳိ႕စစ္ေဆးမႈေတြမွာေတာ့ ေရေလွ်ာ္ၿပီး ေျခာက္တဲ့အခါ အသား ဘယ္ေလာက္ ႐ုန္းၿပီး က်ဳံ႕သြားသလဲ။ အေရာင္ကၽြတ္သလား။ gm/2 လုိ႔ သိၾကတဲ့ GSM (grams per square metre) တစ္စတုရန္းမီတာ အထည္သားဧရိယာရဲ႕ အထည္သားအေလးခ်ိန္ကုိလည္း စစ္ေဆးေလ့ ရွိပါတယ္။ တကယ္လုိ္႔ ေရေလွ်ာ္ရင္ က်ဳံ႕၀င္တာက လက္ခံႏုိင္တဲ့အတုိင္းအတာထက္ ပုိမ်ားေနရင္ အထည္သားကုိ ေရအရင္ေလွ်ာ္ၿပီး က်ဳံ႕ေအာင္ လုပ္တယ္။ ၿပီးမွ ျဖတ္ေတာက္တာကုိ လုပ္ေဆာင္ၾကပါတယ္။ ႀကိဳက်ဳံ႕ခုိင္းလုိက္တာ ျဖစ္ပါတယ္။ ေနာက္တစ္နည္းကေတာ့ ပက္တန္ pattern မွာ က်ဳံ႕၀င္မယ့္ပမာဏကုိ ထည့္သြင္းတြက္ခ်က္ၿပီး ပက္တန္ထုတ္တာ ျဖစ္ပါတယ္။ ျပႆနာတစ္ခုက အဲဒီလုိ ပြေပးထားရင္ လက္လီအေရာင္းမွာ ရွင္းျပေပးတတ္ဖုိ႔ လုိတဲ့အျဖစ္မ်ဳိး ႀကံဳရတတ္တယ္။ ေရေလွ်ာ္လုိက္ရင္ က်ဳံ႕သြားမယ္. အခု၀တ္ၾကည့္ေတာ့ နည္းနည္းပြေန အုိက္က်ေနေပမဲ့ ေရေလွ်ာ္ၿပီးရင္ အေတာ္ ျဖစ္သြားမယ္လုိ႔ ရွင္းျပရတာ ေျပာရတာသာလြယ္တယ္။ လက္ေတြ႕မွာ မ်က္ႏွာပန္း မလွဘူး။
4 Point system ဟာ အ၀တ္အထည္ လုပ္ငန္းနယ္ပယ္မွာ အထည္သား အရည္အေသြး စစ္ေဆးဖုိ႔ အသုံးမ်ားတယ္။ ဒီစနစ္ကုိ သုံးဖုိ႔ ေအာက္ပါအျခင္းအရာေတြကုိ သင္တန္းတက္ထားဖုိ႔ လုိပါလိမ့္မယ္။
၁။ စစ္ေဆးမယ့္နည္းလမ္း၊ အသင့္ျပင္ဆင္ျခင္း
၂။ အျပစ္အနာႏွင့္ အျပစ္အနာအလ်ားအရ ဘယ္အဆင့္ေက်ာ္ရင္ အေရးယူမလဲ ဆုိတာနဲ႔ ပတ္သက္လုိ႔ စံသတ္မွတ္ခ်က္မ်ား ခ်မွတ္ျခင္းနဲ႔ အျပစ္အတြက္ အမွတ္မ်ား သတ္မွတ္ျခင္း
၃။ အထည္အလိပ္ တစ္လိပ္တြင္ ေတြ႕ရွိသည့္ အျပစ္အနာ အမွတ္မ်ား စုစုေပါင္းကုိ အျပစ္အနာအားလုံးအတြက္ တြက္ခ်က္သည့္ နည္းလမ္း
၄။ စစ္ေဆးမႈ မွတ္တမ္း ျပဳစုျခင္း
၅။ အျပစ္အနာ အမ်ဳိးမ်ဳိးတုိ႔ကုိ ဗဟုသုတ ရွိထားျခင္း။

ေတြ႕ရွိသည့္ အျပစ္အနာမ်ားကုိ ျပစ္ဒဏ္အမွတ္ေပးသတ္မွတ္ခ်က္မ်ားအရ အမွတ္မ်ားေပးၿပီးေသာအခါ စုစုေပါင္းျပစ္ဒဏ္အမွတ္ကုိ အထည္သား စတုရန္းကုိက္၁၀၀ ဧရိယာအရ တြက္ခ်က္သည္။ သုိ႔ျဖစ္ရာ စစ္ေဆးသည့္ အထည္လိပ္၏ ဧရိယာကုိ ရရွိရန္ အထည္လိပ္၏ အလ်ားႏွင့္ အနံတုိ႔ကုိ ေျမာက္သည္။ ဥပမာ အလ်ား ကုိက္၁၀၀ ႏွင့္ အနံ ၃ကုိက္ ရွိသည့္ အထည္လိပ္ဆုိပါက ကုိက္ ၃၀၀ စတုရန္း ရရွိမည္ျဖစ္သည္။ အထည္အလိပ္ေလာကတြင္ အလ်ားကုိ ကုိက္ျဖင့္ ေျပာဆုိၿပီး အနံကုိ လက္မျဖင့္ ေျပာဆုိတတ္ေပရ လက္မကုိ ၃၆ ျဖင့္စားၿပီး ကုိက္ဖြဲ႕ရေပသည္။
ရရွိလာသည့္ ဧရိယာျဖင့္ ျပစ္ဒဏ္အမွတ္စုစုေပါင္းကို စားလွ်င္ တစ္စတုရန္းကုိက္အတြက္ အေျဖရမည္။ ၎ကုိ ၁၀၀ ျဖင့္ ေျမႇာက္ျခင္းျဖင့္ ၁၀၀ စတုရန္းကုိက္အတြက္ တန္ဖုိးကုိ ရမည္ ျဖစ္သည္။ ေယဘုယ်အားျဖင့္ ၎တန္ဖုိးသည္ ၄၀ ႏွင့္ေအာက္ဆုိပါက လက္ခံေပးႏုိင္သည္ဟု သေဘာတူၾကသည္။
စစ္ေဆးမႈ မွတ္တမ္း ျပဳစုျခင္းမွာ ေတြ႕ရွိသည့္ အျပစ္အနာမ်ားကုိ အနာအမ်ဳိးအစား၊ အရြယ္အစားတုိ႔ျဖင့္ မွတ္တမ္းျပဳစုျခင္းကုိ စစ္ေဆးသည့္ အထည္လိပ္ တစ္လိပ္ခ်င္းအတြက္ လုပ္ေဆာင္ၾကသည္။

Garment sample ခ်ဳပ္ထည္ နမူနာ
Garment sample ချုပ်ထည် နမူနာ

ခ်ဳပ္ထည္ေတြ ထုတ္လုပ္တဲ့ စနစ္အမ်ဳိးမ်ဳိး
ချုပ်ထည်တွေ ထုတ်လုပ်တဲ့ စနစ်အမျိုးမျိုး


Pattern making ပက္တန္ျပဳလုပ္ျခင္း
Pattern making ပက်တန်ပြုလုပ်ခြင်း

အထည္သား ရွာေဖြ၀ယ္ယူျခင္း Fabric development
အထည်သား ရှာဖွေဝယ်ယူခြင်း Fabric development

uni

ပီပီ pre-production လုပ်ငန်းစဉ်အဆင့်တွင် ယေဘုယျအားဖြင့် အောက်ပါအဆင့်များ ပါဝင်သည်။
· Pattern making ပက်တန် ပြုလုပ်ခြင်း
· Garment sampling ချုပ်ထည် နမူနာ လုပ်ကိုင်ခြင်း
· Fabric development အထည်သား ရှာဖွေဝယ်ယူခြင်း
· Fabrics and trims approvals အထည်သားနှင့် အဆင်တန်ဆာများ
အတွက် အတည်ပြုခြင်း
· Fabric and trims sourcing အထည်သားနှင့် အဆင်တန်ဆာများ ရယူ
မည့်ရင်းမြစ်များ(ပေးသွင်းမည့်သူများ) ကို သတ်မှတ်ခြင်း
· PP meeting ပီပီ စည်းေဝးတိုင်ပင် ညှိနှိုင်းဆုံးဖြတ်ခြင်း


· Fabric and trims sourcing အထည်သားနှင့် အဆင်တန်ဆာများ ရယူ
မည့်ရင်းမြစ်များ(ပေးသွင်းမည့်သူများ) ကို သတ်မှတ်ခြင်း အဆင့်တွင် လုပ်ကိုင်ကြတဲ့ 4 Point System ကို တင်ပြလိုပါတယ်။

အထည်ချုပ်မယ့် အထည်သားကို ပေးသွင်းမည့်သူထံမှ ဝယ်ယူတာပဲဖြစ်ဖြစ်၊ ဈေးကွက်ထဲမှာ ဝယ်ယူတာပဲဖြစ်ဖြစ် အပြစ်အနာအဆာ ပါလာတတတ်တာမို့ အထည်ချုပ်လုပ်ငန်းအနဖြေင့် စစ်ဆေးတဲ့ လုပ်ငန်းစဉ်ကို မရှိမဖြစ် ထားရှိကြပါတယ်။ ပေးသွင်းတဲ့ အထည်သားတွေကို အကုန်လုံး စစ်ဆေးတာမျိုး ရှိသလို ကျပန်းနမူနာ ရယူပြီး စစ်ဆေးတာတွေလည်း ရှိပါတယ်။ ရရှိလာတဲ့ အထည်သားရဲက အရည်အသွေးကို ကြည့်ပြီး အကုန်လုံး စစ်သင့်မစစ်သင့်ကို စဉ်းစားဆုံးဖြတ်ကြပါတယ်။ ကျပန်း နမူနာ ယူစစ်ရင် လုံလောက်ပြီလားဆိုတာ ဆန်းစစ်ပါတယ်။
သုံးလေ့သုံးထ ရှိတဲ့နည်းတစ်နည်း 4 Point System ဖြစ်ပါတယ်။ အထည်သားရဲ့ အရည်အသွေး အဆင့်အတန်းကို အထည်ချုပ်စက်ရုံတွေ စစ်ဆေးတဲ့အခါ သုံးစွဲကြတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။
တချို့စစ်ဆေးမှုတွေမှာတော့ ရေလျှော်ပြီး ခြောက်တဲ့အခါ အသား ဘယ်လောက် ရုန်းပြီး ကျုံ့သွားသလဲ။ အရောင်ကျွတ်သလား။ gm/2 လို့ သိကြတဲ့ GSM (grams per square metre) တစ်စတုရန်းမီတာ အထည်သားဧရိယာရဲ့ အထည်သားအလေးချိန်ကိုလည်း စစ်ဆေးလေ့ ရှိပါတယ်။ တကယ်လို့် ရေလျှော်ရင် ကျုံ့ဝင်တာက လက်ခံနိုင်တဲ့အတိုင်းအတာထက် ပိုများနေရင် အထည်သားကို ရေအရင်လျှော်ပြီး ကျုံ့အောင် လုပ်တယ်။ ပြီးမှ ဖြတ်တောက်တာကို လုပ်ဆောင်ကြပါတယ်။ ကြိုကျုံ့ခိုင်းလိုက်တာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ပက်တန် pattern မှာ ကျုံ့ဝင်မယ့်ပမာဏကို ထည့်သွင်းတွက်ချက်ပြီး ပက်တန်ထုတ်တာ ဖြစ်ပါတယ်။ ပြဿနာတစ်ခုက အဲဒီလို ပွပေးထားရင် လက်လီအရောင်းမှာ ရှင်းပြပေးတတ်ဖို့ လိုတဲ့အဖြစ်မျိုး ကြုံရတတ်တယ်။ ရေလျှော်လိုက်ရင် ကျုံ့သွားမယ်. အခုဝတ်ကြည့်တော့ နည်းနည်းပွနေ အိုက်ကျနေပေမဲ့ ရေလျှော်ပြီးရင် အတော် ဖြစ်သွားမယ်လို့ ရှင်းပြရတာ ပြောရတာသာလွယ်တယ်။ လက်တွေ့မှာ မျက်နှာပန်း မလှဘူး။
4 Point system ဟာ အဝတ်အထည် လုပ်ငန်းနယ်ပယ်မှာ အထည်သား အရည်အသွေး စစ်ဆေးဖို့ အသုံးများတယ်။ ဒီစနစ်ကို သုံးဖို့ အောက်ပါအခြင်းအရာတွေကို သင်တန်းတက်ထားဖို့ လိုပါလိမ့်မယ်။
၁။ စစ်ဆေးမယ့်နည်းလမ်း၊ အသင့်ပြင်ဆင်ခြင်း
၂။ အပြစ်အနာနှင့် အပြစ်အနာအလျားအရ ဘယ်အဆင့်ကျော်ရင် အရေးယူမလဲ ဆိုတာနဲ့ ပတ်သက်လို့ စံသတ်မှတ်ချက်များ ချမှတ်ခြင်းနဲ့ အပြစ်အတွက် အမှတ်များ သတ်မှတ်ခြင်း
၃။ အထည်အလိပ် တစ်လိပ်တွင် တွေ့ရှိသည့် အပြစ်အနာ အမှတ်များ စုစုပေါင်းကို အပြစ်အနာအားလုံးအတွက် တွက်ချက်သည့် နည်းလမ်း
၄။ စစ်ဆေးမှု မှတ်တမ်း ပြုစုခြင်း
၅။ အပြစ်အနာ အမျိုးမျိုးတို့ကို ဗဟုသုတ ရှိထားခြင်း။

တွေ့ရှိသည့် အပြစ်အနာများကို ပြစ်ဒဏ်အမှတ်ပေးသတ်မှတ်ချက်များအရ အမှတ်များပေးပြီးသောအခါ စုစုပေါင်းပြစ်ဒဏ်အမှတ်ကို အထည်သား စတုရန်းကိုက်၁၀၀ ဧရိယာအရ တွက်ချက်သည်။ သို့ဖြစ်ရာ စစ်ဆေးသည့် အထည်လိပ်၏ ဧရိယာကို ရရှိရန် အထည်လိပ်၏ အလျားနှင့် အနံတို့ကို မြောက်သည်။ ဥပမာ အလျား ကိုက်၁၀၀ နှင့် အနံ ၃ကိုက် ရှိသည့် အထည်လိပ်ဆိုပါက ကိုက် ၃၀၀ စတုရန်း ရရှိမည်ဖြစ်သည်။ အထည်အလိပ်လောကတွင် အလျားကို ကိုက်ဖြင့် ပြောဆိုပြီး အနံကို လက်မဖြင့် ပြောဆိုတတ်ပေရ လက်မကို ၃၆ ဖြင့်စားပြီး ကိုက်ဖွဲ့ရပေသည်။
ရရှိလာသည့် ဧရိယာဖြင့် ပြစ်ဒဏ်အမှတ်စုစုပေါင်းကို စားလျှင် တစ်စတုရန်းကိုက်အတွက် အဖြေရမည်။၎င်းကို ၁၀၀ ဖြင့် မြှောက်ခြင်းဖြင့် ၁၀၀ စတုရန်းကိုက်အတွက် တန်ဖိုးကို ရမည် ဖြစ်သည်။ ယေဘုယျအားဖြင့်၎င်းတန်ဖိုးသည် ၄၀ နှင့်အောက်ဆိုပါက လက်ခံပေးနိုင်သည်ဟု သဘောတူကြသည်။
စစ်ဆေးမှု မှတ်တမ်း ပြုစုခြင်းမှာ တွေ့ရှိသည့် အပြစ်အနာများကို အနာအမျိုးအစား၊ အရွယ်အစားတို့ဖြင့် မှတ်တမ်းပြုစုခြင်းကို စစ်ဆေးသည့် အထည်လိပ် တစ်လိပ်ချင်းအတွက် လုပ်ဆောင်ကြသည်။

Garment sample ချုပ်ထည် နမူနာ


ချုပ်ထည်တွေ ထုတ်လုပ်တဲ့ စနစ်အမျိုးမျိုး

Pattern making ပက်တန်ပြုလုပ်ခြင်း


အထည်သား ရှာဖွေဝယ်ယူခြင်း Fabric development

 

Read 1114 times
Rate this item
(0 votes)