What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လုံးကြီးပေါက်လှများအတွက် ဂျင်းဘောင်းဘီဝတ်ဆင်နည်း

မဂ္ဂဇင်းတွေထဲက ပိန်ပိန်သွယ်သွယ် မော်ဒယ်လ်လေးတွေ ဂျင်းဘောင်းဘီ

ဝတ်ထားတာကို ကြည့်ရတဲ့အခါ သူတို့ရဲ့ ယုံကြည်မှုရှိရှိ လှပနေတဲ့ သွင်ပြင်ကို မြင်ရတာကြောင့် သူတို့လိုခန္ဓာကိုယ်အချိုးအစားမျိုး ပိုင်ဆိုင်ထားမှသာ ဂျင်းဝတ်ရင် ယုံကြည်မှု ရှိနိုင်မယ်လို့ လုံးကြီးပေါက်လှ မိန်းကလေးအများစု တွေးထင်တတ်ကြပါလိမ့်မယ်။ ဒီအယူအဆဟာ မှားယွင်းပါ တယ်။ အ၀တ်အထည်တွေရဲ့ ဆိုဒ်ဟာ အရေးမပါပါဘူး။ သင်ဘယ်လိုဝတ်လည်းဆိုတဲ့ ဖက်ရှင်အချက်အလက်တွေက သာ စကားပြောတာ ဖြစ်ပါတယ်။ ဒါကြောင့် လုံးကြီးပေါက်လှ ကောင်မလေးတွေ ဂျင်းဘောင်းဘီဝတ်ရင် ဘယ်လိုယုံကြည်မှုရှိရှိနဲ့ လှပအောင် ၀တ်ဆင်နိုင်မလည်းဆိုတဲ့ လမ်းညွှန်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

မှန်ကန်တဲ့ ဆိုဒ်ကို ရွေးချယ်ပါ။

  • ကိုယ်နဲ့မတော်တဲ့၊ အဆင်မပြေတဲ့ ဆိုဒ်ကို ရွေးချယ်ခြင်းဟာ နဂိုရှိရင်းစွဲ ကြည့်ကောင်းနေတဲ့ အခြေအနေကို ပျက်စီး အောင် ပြုလုပ်နိုင်တဲ့ အဆိုးရွားဆုံးအမှားတစ်ခု ဖြစ်ပါတယ်။ ဒီအချက်ဟာ ဂျင်းဘောင်းဘီတွေနဲ့ ပတ်သက်လာရင် ပိုလို့တောင် မှန်ပါသေးတယ်။ ဒါကြောင့် မိမိဆိုဒ်ထက် သေးနေတဲ့ ဂျင်းကိုရွေးပြီး နောက်မှ အတင်းကာရော မရရအောင် ဖျစ်ညှစ်ဝတ်ဆင်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ သင့်ဘောင်းဘီရဲ့ဆိုဒ်ကို ဘယ်သူမှ လာဖြဲမကြည့်နိုင်ပါဘူး။ ကျပ်လွန်း တဲ့ ဂျင်းတွေဟာ ကောက်ညှင်းထုပ် ထုပ်ထားသလို လူကိုမြင်ရစေပြီး ဗိုက်ခေါက်တွေပါ အတစ်လိုက် ထွက်စေနိုင်လို့ အဝေ့အ၀ိုက်တွေနဲ့ အသားများတဲ့ လုံးကြီးပေါက်လှလေးတွေအတွက် ဘယ်လိုမှ အဆင်မပြေပါဘူးနော်။

  • ပုံမှန်ခါး သို့မဟုတ် ခါးမြင့် ဂျင်းတွေကို ရွေးချယ်ပါ။

  • ကံကောင်းစွာနဲ့ပဲ အခုအချိန်မှာ ချက်အောက်ရောက်တဲ့ ခါးနိမ့်တွေ သိပ်ခေတ်မစားတော့ပါဘူး။ ပုံမှန်ခါး သို့မဟုတ် ခါးမြင့်နဲ့ စကတ်တွေ ဂျင်းတွေ ခေတ်စားနေတာကြောင့် ပျိုမေတို့ရဲ့ ခါးနေရာလေးကိုလည်း ပေါ်လွင်စေပြီး ဗိုက်ခေါက် တွေကိုလည်း မသိသာစေမယ့် ခါးမြင့်ဂျင်းမျိုးကိုသာ ဖက်ရှင်ကျကျ ၀တ်ဆင်လိုက်ပါ။

  • အရောင်က အရေးကြီးပါတယ်။

  • အရောင်ချွတ်ထားတဲ့ဒီဇိုင်းတွေ၊ အခြားအရောင်တွေ ဘာမှမပါဝင်တဲ့ ဂန္ထ၀င်ဆန်ဆန် အပြာရင့်ရောင် ဂျင်းဗြောင်ဟာ ပိုပြီး သွယ်လျစေတဲ့အသွင်ကို ဆောင်စေပါတယ်။ ဒီဂျင်းအမျိုးအစားဟာ ဘယ်လိုအင်္ကျီမျိုးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပြီး မိန်းကလေး တိုင်းရဲ့ အ၀တ်ဗီရိုထဲမှာ ရှိထားသင့်တဲ့အပြင် စတိုင်လ်ကျပြီး ကျက်သရေရှိစေတဲ့အတွက် မဖြစ်မနေ ရွေးချယ်ဖို့ လိုအပ် ပါတယ်။

  • အလွှာလိုက် ၀တ်ဆင်ပါ။

  • သင့်ရဲ့ တင်ပါးအလယ်လောက်ကို ရောက်နေမယ့် ဂျာကင်၊ ဆွယ်တာ၊ ရှပ်၊ အပေါ်ထပ် စတာတွေကို ကိုယ်ပိုင်ဖန်တီးမှု ဥာဏ်နဲ့ ဆက်စပ်ဝတ်ဆင်ပါ။ ဒီနည်းဟာ သင့်ရဲ့ဖက်ရှင်ကို ပြည့်စုံပြီး ဟန်ချက်ညီသွားအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ accessories တွေ၊ မတူညီတဲ့ အသားတွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ကိုလည်း မကြောက်ရွံ့ပါနဲ့။ ရင်ကွဲအင်္ကျီလေးတွေ၊ အပေါ်ထပ်ခြုံလွှာလေးတွေ စတာတွေဟာ စတိုင်လ်လည်းကျစေပြီး သင့်သွင်ပြင်ကိုလည်း ပိုမိုကြည့်ကောင်းစေနိုင်ပါ တယ်။

  • ခါး ပေါ်လွင်အောင် ၀တ်ဆင်ပါ။

  • သဲနာရီပုံအချိုးအစားဟာ မိန်းမအဆန်ဆုံးဖြစ်ပြီး ဆွဲဆောင်မှုအရှိဆုံးဆိုတဲ့ သတ်မှတ်ချက်ကို ငြင်းဆန်လို့ မရပါဘူး။ ဒါကြောင့် သင့်ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်မယ့် ခါးကို ပေါ်လွင်အောင် ၀တ်ဆင်သင့်ပါတယ်။ classic ဖြစ်တာကို ကြိုက်နှစ်သက်တဲ့ ပျိုမေတွေအတွက်ကတော့ ခါးပတ်ပတ်ခြင်းဟာ အကောင်းဆုံးသော အဖြေပဲ ဖြစ်ပါတယ်။ တကယ်လို့ အားကစားစတိုင်လ်မျိုး ၀တ်ရတာ နှစ်သက်သူဆိုရင်တော့ ရှပ်အပေါ်က ဆွယ်တာကို ခါးမှာ ချည်လိုက်တာက တက်ကြွတဲ့ မိန်းမငယ်အသွင်ကို ဖြစ်စေပြီး ဆွဲဆောင်မှုရှိရှိ လှပစေ ပါလိမ့်မယ်။

  • source:aunty may
Read 1689 times
Rate this item
(0 votes)