What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Pattern Grading Guide

Unicode
ဒီဇိုင်းနာက ထုတ်ပေးထားတဲ့ အဝတ်အစားဒီဇိုင်းကို ပက်တန်တစ်ခု ထုတ်လိုက်တယ်။

ပြီးတော့မှ အရွယ်အစား ကြီးတာတွေ သေးတာတွေအတွက် ပက်တန် ဂရိတ်ဒင်း လုပ်ကြတယ်။

Zawgyi ဖြင့် ဖော်ပြထားတာကို ဖတ်ရှုန်လင့်ခ်

http://www.textiledirectory.com.mm/articles/item/649-pattern-grading-gudie.html
Pattern Grading Gudie(zawgyi)

ပက်တန်ဂရိတ်ဒင်းရဲ့ အခြေခံသဘောတရားကို သဘောပေါက်ထားရင် ဂရိတ်ဒင်း လုပ်ကိုင်ပုံအဆင့်ဆင့်ဟာ လွယ်ကူသွားမယ်။ အခု ပိုလွယ်သွားအောင် လွယ်ကူမယ့် နည်းလမ်းတွေကို တင်ပြပေးမယ်။ အိမ်မှာ ဝါသနာအလျောက် ချုပ်တဲ့သူဖြစ်ဖြစ်၊ အဝတ်အစားတွေကို ဝင်ငွေရဖို့ တစ်နိုင်တစ်ပိုင် ချုပ်တဲ့သူပဲဖြစ်ဖြစ် သုံးစွဲလို့ရတယ်။ တကယ်လို့ ဒီဇိုင်နာတစ်ဦး ဖြစ်ဖို့ ရည်ရွယ်တယ်ဆိုရင်လည်း သိထားရင်မမှားဘူး။ အဝတ်အစားတွေကို S M L XL XXL စသဖြင့် ဆိုက်အမျိုးမျိုး ချုပ်ထားတာမှာ အရွယ် အစားကွာပေမဲ့ ဆင်ဆင်တူနေအောင် ဘယ်လို ကြီးအောင် သေးအောင် ပက်တန်ထုတ်ကြသလဲဆိုတဲ့မေးခွန်းရဲ့ အဖြေကို သိချင်ရင်လည်း အခု တင်ပြမယ့် ပက်တန်ဂရိတ်ဒင်းမှာ ပြောပြပေးထားတယ်။

ဂရိတ်လုပ်တာရဲ့ ရည်ရွယ်ချက်က အဝတ်အစားဒီဇိုင်းတစ်ခုကို ပက်တန်အရွယ်အစား အချိုးကိုက် ကြီးပေးဖို့နဲ့ သေးပေးဖို့ ဖြစ်ပါတယ်။ အဲဒီလို အရွယ်အစားပြောင်းသွားပေမဲ့ နဂိုဒီဇိုင်းရဲ့ ပုံပန်းသဏ္ဌာန်ကိုသာမက ဟန်ပန်ကိုပါ ဆက်လက်ထိန်းသိမ်းထားပါတယ်။ ကိုယ်ပေါ်မှာ ဝတ်လိုက်ရင် ကိုယ်ခန္ဓာရဲ့ အချိုးအဆစ်တွေနဲ့ အံကိုက်ဖြစ်အောင် ဒီဇိုင်းထုတ်ပေးထားကိုလည်း မပျက်ယွင်းစေရပါဘူး။ ဥပမာ ခါးနေရာမှာ သိမ်ပေးထားရင် အရွယ်ကြီးကြီး သေးသေး ခါးနေရာမှာ သိမ်နေရပါတယ်။ အရွယ်မတူတာကလွဲရင် မူရင်းဒီဇိုင်းအတိုင်း ဆက်ရှိနေရပါမယ်။

ဂရိတ်ဒင်း လုပ်တာ နည်းလမ်း သုံးသွယ်ကို အသုံးများကြတယ်။ အဲဒီအကြောင်းကို ပြောပြပြီးရင် လွယ်ကူရိုးရှင်းတဲ့ ဖြတ်ဖြန့် ဂရိတ်ဒင်းနည်း cut-and-spread grading method ကို တစ်ဆင့်ချင်း ပြောပြပေးမယ်။ တိုင်းတာပုံတွေ၊ ပုံသေနည်းဖော်မြူလာတွေကိုလည်း ပြောပြပေးမယ်။ အခြေခံကို သဘောပေါက်ပြီးသွားရင် လက်တွေ့လုပ်လို့ရပြီ။ အတွေ့အကြုံတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ပေးပါလိမ့်မယ်။


အခြေခံသဘောတရား
ပက်တန်ဂရိတ်ဒင်းက အဝတ်အစားတွေကို အမြောက်အမြား တစ်ပြေးညီ ချုပ်လုပ်ပြီး စီးပွားဖြစ် လုပ်ကိုင်ကြတာမှာ သုံးစွဲကြတဲ့နည်းလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဝတ်အစား တစ်ထည်မှာ ပေါင်းစပ်ပါဝင်နေတဲ့ အပိုင်းတွေကို ကျကျနန ဝတ်ဆင်လို့ရတဲ့ အဝတ်အစားတစ်ထည် ဖြစ်လာစေဖို့ အသေး၊ အလတ်၊ အကြီး၊ အလွန်ကြီး၊ အလွန့်အလွန်ကြီး ဆိုပြီး စံသတ်မှတ်ထားတဲ့ အရွယ်အစားတွေ ချုပ်လုပ်ကြတဲ့အခါ မူရင်းပက်တန်ကို စံအရွယ်အစားတွေ ဖြစ်စေဖို့ ပက်တန်ဂရိတ်ဒင်း လုပ်ကြတဲ့နည်းစနစ်တွေ သုံးစွဲကြတယ်။
ယခုအခါ နိုင်ငံတကာ အထည်ချုပ်လောကမှာ ပက်တန်ကုမ္ပဏီတွေနဲ့ အဝတ်အစား ထုတ်လုပ်သူတွေဟာ အလယ်အလတ် အရွယ်အစားကို မူရင်းပက်တန်အဖြစ် ဒီဇိုင်းယူကြပါတယ်။ နံပါတ်အားဖြင့် ပြောရရင် နံပါတ် ၁၂ အရွယ်အစား ဖြစ်ပါတယ်။ အဲဒီပက်တန်ကို ပိုကြီးတဲ့အရွယ်တွေနဲ့ ပိုသေးတဲ့အရွယ်ကို ထုတ်လုပ်ကြပါတယ်။ တစ်ခုတည်းသော ကပ်တန်ဖြင့် အရွယ်အစား သုံးမျိုး ထုတ်ထားပုံကို ဖော်ပြထားပါတယ်။


101 pattern grading 04 lg


နဂိုပက်တန် နံပါတ် ၁၂ အရွယ်အစား ဖြစ်ပါတယ်။

 

 

101 pattern grading 05 lg

ဂရိတ်ဒင်းလုပ်ပြီး နံပတ် ၁၆ အရွယ်အစား ကြီးထားတာ ဖြစ်ပါတယ်။

 

 

101 pattern grading 06 lg

ဂရိတ်ဒင်းလုပ်ပြီး နံပါတ် ၆ အရွယ်အစား သေးထားတာ ဖြစ်ပါတယ်

ဂရိတ်ဒင်းမှာ အသုံးများတဲ့ နည်းလမ်းသုံးခု ရှိပါတယ်။

● ကွန်ပျူတာ သုံးခြင်း
● ပက်တင်ရွှေ့ခြင်း Pattern shifting
● ဖြတ်ဖြန့်ခြင်း cut-and-spread


ဘယ်နည်းက နည်းနာအရ ပိုသာတယ်လို့တော့ ပြောလို့ မရဘူး။ သုံးမျိုးစလုံးက မှန်ကန်တဲ့ ဂရိတ်တစ်ခု ထုတ်ပေးနိုင်စကြေတာမှာ အတူတူပါပဲ။
ကွန်ပျူတာ သုံးပြီး ဂရိတ်ဒင်းလုပ်ဖို့ ဆော့ဖ်ဝဲလ်တွေ ရှိပါတယ်။ CAD ကို တွဲစပ်ပြီး သုံးနိုင်ဖို့ လုပ်ပေးထားတဲ့ ဆော့ဖ်ဝဲလ်တွေ ဖြစ်ပါတယ်။ စခရင်ပေါ်မှာ ပက်တန်ထုတ်ပြီးမှ ပရင့်ထုတ်ယူကြပါတယ်။


ပက်တင်ရွှေ့ခြင်း Pattern shifting
101 pattern grading 03 lg


ဒီနည်းက ပက်တန်တစ်ခုစာလုံးရဲ့ အတိုင်းအတာ ပက်တန်ရွှေ့ပြီး ကစားပေးတာ ဖြစ်ပါတယ်။ ပက်တန်ကို အထက်အောက်နဲ့ ဝဲယာ ရွှေ့ပေးပြီး ပက်တန်အသစ်အတွက် ကောက်ကြောင်း အမှတ်အသားပြုပါတယ်။ အဲဒီအတွက် သုံးတဲ့ပေတံ သီးသန့်ရှိပါတယ်။

ဖြတ်ဖြန့်ခြင်း cut-and-spread

101 pattern grading 02 lg

ဒီနည်းက အလွယ်ဆုံးနည်း ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းနှစ်ခုရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ ဦးစွာပထမ ပက်တန်ကို ညှပ်ပြီး အပိုင်းပိုင်းတွေကို ဖြန့်ခင်းတယ်။ ပြီးရင် သတ်မှတ်ထားတဲ့အတိုင်း ကြားအလပ်နေရာကို ချဲ့ပြီး ပိုကြီးတဲ့ ပက်တန် ရအောင် လုပ်တယ်။ ကြားအလပ်နေရာမှာ အပိုင်းတစ်ခုအပေါ် တစ်ခု ထပ်မိသည်အထိ စုပေးပြီး ပိုသေးတဲ့ ပက်တန် ရအောင် လုပ်ယူတယ်။
ကတ်ကြေး၊ ကောက်ကြောင်းအရ မှတ်သားဖို့ ခဲတံ၊ တိပ်၊ ပေတံတို့ပဲ လိုအပ်တယ်။ ပေတံမှာ စကေးက လက်မကို သုံးမယ်ဆိုရင် ၁/၆၄ အထိ အစိတ် ပါရမယ်။

ဂရိတ်ဒင်း(Grading) နဲ့ ပြင်ဆင်ခြင်း(alteration)

အဲဒီနှစ်ခုစလုံးက ပက်တန်ကို ပြုပြင်ကြတယ်။ ဘာကွာခြားသလဲ။
ဂရိတ်ဒင်းက ဆိုခဲ့ပြီးတဲ့အတိုင်း အရွယ်အစားကို သေးအောင် ကြီးအောင် လုပ်ဖို့ သုံးတယ်။ လူအများစုအတွက် အရွယ်အစားတွေအကြား ပျမ်းမျှကွာခြားချက်ကို အခြေခံထားတယ်။ ပြင်ဆင်ခြင်း အော်လ်တာရေးရှင်း(alteration)က တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအရ ကိုက်ညီအောင် ပြင်ဆင်ပေးတာ ဖြစ်ပါတယ်။
ဒီတော့ ဂရိတ်ဒင်းကို တစ်ယောက်ချင်းအတွက် အရွယ်အစား ဆိုက်ပြင်တာလုပ်ဖို့အတွက် သုံးရင် အဆင်ပြေချင်မှ ပြေလိမ့်မယ်။ ပုံပန်းသဏ္ဌာန်ကို ပိုကြီးအောင် ပိုသေးအောင် လုပ်ပေးဖို့သာ သုံးသင့်ပါတယ်။ ဂရိတ်ဒင်းက ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲပေးတာ မဟုတ်ဘူး။ ကိုယ်ခန္ဓာ အရွယ်အစား မတူကြတာကို အချိုးအစားအရ ကွာခြားမှုကို အခြေခံပြီး ဂရိတ်ဒင်း လုပ်ကြတာ ဖြစ်ပါတယ်။

 

101 pattern grading 07 main

ပက်တန်နဲ့ ကိုယ်ခန္ဓာ
အဝတ်အစားတစ်မျိုးကို အမြောက်အမြား ချုပ်လုပ်ပြီး ထုတ်လုပ်တဲ့အခါ စက္ကူပက်တန်ရဲပ အတိုင်းအတာထက် ချုပ်ပြီးချိန်မှာ ရှိနေမယ့် အဝတ်အစားရဲ့ တကယ့်လက်တွေ့ အတိုင်းအတာကို စဉ်းစားပါတယ်။ အဲဒီလို စဉ်းစားတာမှာ အဓိကအားဖြင့် အချက်နှစ်ချက် ရှိနေပါတယ်။ တစ်ချက်က ဒီဇိုင်းရဲ့ အသေးစိတ်တွေ အကုန်လုံးကို ခဏမေ့ထားလိုက်ထား လိုက်တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ အရေးပါတဲ့ အတိုင်းအတာ သုံးခုက ရင်၊ ခါး နဲ့ တင်တို့ ဖြစ်ပါတယ်။ ရင်သားတွေအတွက် အလှအပကို ဖော်ကျူးပေးဖို့ ဒီဇိုင်းမှာ ရင်သားနေရာတွေမှာ ဒေါက်တွေ ထည့်ပေးထားတယ်ဆိုပါစို့။ အဲဒီဧရိယာမှာ ဒေါက်ထည့်မယ်၊ ဒေါက် ခါးနေရာဆီကို ဆင်းသွားတယ်ဆိုတာ ခဏမေ့ထားလိုက်ပြီး အပြန့်အတိုင်း ခါးအတိုင်းအတာကို စဉ်းစားပါတယ်။ အလားတူပင် စုထပ်ပေးမယ့်နေရာတွေ၊ ထပ်တွန့်နေရာတွေကိုလည်း ခဏမေ့ထားလိုက်ပြီး အတိုင်းအတာကို တိုင်းတာသတ်မှတ်ပါတယ်။ နောက်တစ်ချက်က ချုပ်ပြီးလို့ ဝတ်တဲ့အခါ ဘယ်လိုနေမလဲဆိုတာကို စဉ်းစားတာမို့ အပိုင်းအစရဲ့ ဖြတ်လိုင်းတစ်ခုကနေ ဖြတ်လိုင်းတစ်ခုကို မတိုင်းတာပါဘူး။ ချုပ်ပြီးတဲ့အခါ အတွင်းဘက်မှာ ရှိနေမယ့် အတိုင်းအတာကို စဉ်းစားရတာမို့ ချုပ်လိုင်းတစ်ခုကနေ ချုပ်လိုင်းတစ်ခုကို တိုင်းတာပါတယ်။ ချုပ်သားကြောင့် လျော့သွားတာကို ထည့်စဉ်းစားကြပါတယ်။
ပက်တန်ကို ကြီးတာ သေးတာမှာ တစ်ပြေးညီ ကြီးပါတယ်။ သေးပါတယ်။ ဆိုလိုတာက ဒီဇိုင်းကို ပက်တန်ထုတ်ထားတာ ရင်၊ ခါးနဲ့ တင် အတိုင်းအတာတွေက ၃၅-၂၇-၃၇။ ကိုယ်ခန္ဓာရဲ့ အတိုင်းအတာထက် သေးနေလို့ ၂ လက်မ ပိုကြီးအောင် ဂရိတ်ဒင်းလုပ်တဲ့အခါ တစ်ပြေးညီ ၂ လက်မစီ တိုးပေးလိုက်ကြပါတယ်။ ဒီတော့ ၃၇-၂၉- ၃၉ ဖြစ်သွားပါတယ်။ တစ်ဦးချင်းအရ စဉ်းစားတာမျိုးနဲ့ မတူနိုင်ပါဘူး။ ဥပမာအားဖြင့် ပက်တန်ကို ရင်သားနေရာမှာ ၂ လက်မ ဂရိတ်ဒင်းလုပ်တယ်။ တင်ပါးနေရာမှာ ၄ လက်မ ဂရိတ်ဒင်း လုပ်တယ်။ အဲဒီလိုမျိုး မရှိပါဘူး။

Read 2205 times
Rate this item
(1 Vote)