What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသက်၂၅ကျော်ရွယ်မှာ ရှိသင့်တဲ့ ဖက်ရှင်များ

အသက်၂၅ကျော်ရွယ်မှာ ရှိသင့်တဲ့ ဖက်ရှင်များ google

အသက်(၂၅)အရွယ်ဆိုတာ ရင်ကျက်တည်ငြိမ်ပြီး အလုပ်ခွင်ထဲမှာ အောင်မြင်နေတဲ့ အမျိုးသမီးအရွယ်ပါ။ ဒီအရွယ်မှာ အဝတ်အစားဝတ်တာဟာ အရမ်း ရွေးချယ်ရတတ်ပါတယ်။

ဒီတော့ Textileကနေ အသက်(၂၅)ခုနှစ်မှာ ရှိသင့်တဲ့ ဖက်ရှင်အရာများကို ပြောပြပေးချင်ပါတယ်နော်။


(၁)ဘလေဇာကုတ်

မရှိမဖြစ်စာရင်းထဲမှာ ထိပ်ဆုံးကပါနေတာ ဘလေဇာကုတ်ပါ။ ပုံကျကျကုတ်တစ်ထည်က ယောင်းကို အင်တာဗျူးမှာရော အလုပ်ခွင်မှာပါ ယောင်းကို စမတ်ကျကျလှနေစေမှာပါ။  

 

coat

 

(၂) နာရီ

အသက်(၂၅)နှစ်ကျော်အရွယ်မှာ နာရီ ဘရန်းဒ်ကောင်းကောင်းတစ်လုံး ရှိသင့်ပါပြီ။  ဒီဇိုင်းကိုတော့ ငယ်ငယ်ကလို ဖန်စီဒီဇိုင်းမျိုးထက် ယောင်းရဲ့ image ကို မြင့်တက်စေမယ့် classic ဒီဇိုင်းတွေကို ရွေးပေးနော်။

 

hour

 


(၃) ဒေါက်မြင့်ဖိနပ်

 ကြိုးလေးနှစ်ချောင်းထဲနဲ့ ရှင်းရှင်းလေးလှနေစေမယ့် ဒေါက်မြင့်ဖိနပ်လေးတွေပါ။ ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်တာကြောင့် တစ်ရံနှစ်ရံလောက်ရှိထားတာ အကောင်းဆုံးပါပဲ။

 

heels

 

 

(၄) Midi စကတ်

ဒူးဖုံးအရှည်လောက်ရှိတဲ့ midi စကတ်တွေက ယောင်းအတွက်မရှိမဖြစ်ပါ။ မိန်းကလေးဆန်ဆန်လှစေတဲ့အပြင် ရုံးတက်ဖို့အတွက်လည်း အဆင်ပြေတာမို့ မရှိသေးရင် မြန်မြန်လေးဝယ်လိုက်ပါဦး။

 

midi

 

(၅) နားကပ်

နားကပ်ဆိုတဲ့နေရာမှာ ဆယ်ကျော်သက်အရွယ်က ဝတ်ခဲ့သလို တွဲလောင်းတွဲလောင်းတွေထက် တစ်ပွင့်တည်းစိန်နားကပ်တွေက ယောင်းအတွက်ပိုသင့်တော်ပါတယ်။

ခပ်ကြွားကြွား စိန်နားကပ်လေးပဲဖြစ်ဖြစ် ဖန်စီတစ်ပွင့်တည်းစိန်နားကပ်လေးတွေ ဝယ်ပန်လို့ရပါတယ်။

 

nakat

 


(၆) ခါးပတ်

ကွာလတီကောင်းကောင်းခါးပတ်တစ်ခုက ယောင်းကို သတိပြုမိစေပါတယ်။ အညိုရောင်သားရေခါးပတ်တစ်ခုရှိရင် ဘာနဲ့မဆို တွဲဝတ်လို့လှတာကြောင့် ခါးပတ်ကောင်းကောင်းလှလှတစ်ခုတော့ ရှိပါစေ။

 

belt

 


(၇) အိတ်

အိတ်တွေလှလို့ ကြိုက်လို့ ဝယ်လိုက်ပြီး ထုတ်မကိုင်ဖြစ်တဲ့အိတ်တွေ ဘယ်နှအိတ်ရှိနေပြီလဲဆိုတာရော စဉ်းစားမိရဲ့လား ? တကယ်တော့ နေ့စဉ်ကိုင်လို့ရတဲ့ မသေးမကြီးအနေတော် အိတ်တစ်အိတ်ရှိရင် ယောင်းအတွက်အဆင်ပြေပါတယ်။

နေ့စဉ်ကိုင်မှာဆိုတော့ အရောင်ဖျော့တဲ့အိတ်တွေနဲ့ ကွာလတီမကောင်းတာတော့ မဝယ်နဲ့ပေါ့နော်။

 

bag

 

(၈) အနီရောင်နှုတ်ခမ်းနီ

ဘယ်တော့ရိုးမသွားတဲ့ classic နှုတ်ခမ်းနီကို ပြပါဆိုရင် အနီရောင်တောက်တောက် နှုတ်ခမ်းနီကို လက်ညှိုးထိုးပြရမှာပါ။ အနီရောင်ရဲ့သဘောတရားကိုက ရဲရင့်တဲ့သဘောဆောင်တာကြောင့် ယောင်းကို စမတ်ကျထက်မြက်တဲ့အသွင်ဖြစ်စေမှာပါ။

 

lipstick2

 

Source : for her myanmar

Myanmar Textile and Garment Directory

အဝတ်အစားဆိုင်တွေကို သိချင်တယ်ဆိုရင်တော့ ဒါလေးကိုနှိပ်လိုက်ပါနော်

Read 2668 times
Rate this item
(0 votes)
Tagged under